အမေရိကန် အဖွဲ့အစည်းများက CoI အကောင်အထည်ဖော်ရေး တိုက်တွန်း

E-mail Print
ကုလသမဂ္ဂတွင် မြန်မာအာဏာပိုင်များ အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့နိုင်ရန် အမေရိကန်က တွန်းအားပေးသင့်ကြောင်း အမေရိကန် အခြေစိုက် နာမည်ကြီး အဖွဲ့အစည်းကြီး ၂၂ ခုက သမ္မတ အိုဘားမားအား တိုက်တွန်းပြောဆိုလိုက်သည်။

TS-AP-Irr
“မြန်မာအာဏာပိုင်များအတွက် ကုလသမဂ္ဂ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ရေး အမေရိကန်က စည်းရုံးဆော်သြသင့်ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တောမတ် ကင်တားနားက အဆိုပြုပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံပြီး ဖြစ်ပါတယ်” ဟု အဆိုပါ အဖွဲ့အစည်းကြီး ၂၂ ခုမှ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးပြီး သမ္မတ အိုဘားမားထံ ပေးပို့သည့် စာထဲတွင် ဖော်ပြထားသည်။

အဖွဲ့အစည်းကြီး ၂၂ ခုတွင် နိုင်ငံတကာ အလုပ်သမား ညီညွတ်ရေးဆိုင်ရာ အမေရိကန် ဗဟိုဌာန (ACILS)၊ အမေရိကန် ကျောင်းဆရာများ ဖက်ဒရေးရှင်း၊ Freedom House, လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၊ မျိုးဖြုတ်သတ်ဖြတ်မှု တားဆီးရေး ကွန်ရက်/ဒါဖာ ကယ်ဆယ်ရေး ညွန့်ပေါင်းအဖွဲ့၊ အာရှ ဒီမိုကရေစီရေးရာ အင်စတီကျု၊ ကုလသမဂ္ဂရုံး-မြန်မာ့ရန်ပုံငွေအဖွဲ့၊ US Campaign for Burma စသည်တို့ ပါဝင်သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း နန်စီ ဆိုဒါဘာ့ဂ်လည်း ဇူလိုင်လ ၇ ရက်နေ့စွဲဖြင့် ပေးပို့သည့်စာတွင် ပါဝင် လက်မှတ်ရေးထိုးသည်။

“ထိရောက်သည့် ပြည်တွင်းပြည်ပ ဖိအား၊ သံတမန်ရေးရာများဖြင့် ပြောင်းလဲအောင် လုပ်နိုင်လိမ့်မည်ဆိုသည်ကို ယုံကြည်၍ မရကြောင်း အမေရိကန်အစိုးရကို မြန်မာအစိုးရက သက်သေပြပြီး ဖြစ်ပါတယ်။ အမေရိကန် အနေဖြင့် JADE ACT တွင် ပြဌာန်းထားသည့်အတိုင်း ဘဏ္ဍာရေးဆိုင်ရာ အပြည့်အဝ ပိတ်ဆို့မှုကို အကောင်အထည်ဖော်ခြင်း၊ ဖိအားပေးမှုများ အရှိန်မြှင့်ခြင်းကို လုပ်ဆောင်ရန် အချိန်ကျပြီ ဖြစ်ပါတယ်” ဟု စာတွင် ဖော်ပြထားသည်။

သမ္မတ အိုဘားမားထံ ပေးပို့သည့် ယခုစာက အမေရိကန်အစိုးရအနေဖြင့် မြန်မာအာဏာပိုင်များကို ညှိနှိုင်းဆွေးနွေးရေးမှုဝါဒဖြင့် စတင်ဆက်ဆံသည်မှာ ၂ နှစ်နီးပါး ရှိပြီဖြစ်ကြောင်းကိုလည်း သတိပေးထားသည်။

အမေရိကန် အဆင့်မြင့် အရာရှိများသည် မြန်မာနိုင်ငံသို့ အကြိမ်ပေါင်းများစွာ လည်ပတ်ခဲ့ပြီး ခေါင်းဆောင် အသီးသီးနှင့် တွေ့ဆုံကာ အပြုသဘောဆောင်သည့် ပြောင်းလဲမှုများ ပြုလုပ်ရေးအတွက် ကြိုးပမ်းခဲ့ကြပြီးဖြစ်ကြောင်း၊ သို့သော် ရလဒ်မယ်မယ်ရရ မရရှိခဲ့ကြောင်းလည်း စာထဲတွင် ဖော်ပြထားသည်။

ယင်းပေးစာထဲတွင် အရပ်သားအစိုးရလက်ထက် ကရင်၊ ရှမ်းနှင့် ကချင်ပြည်နယ်များအတွင်း အစိုးတပ်များ၏ စစ်ဆင်မှုများ၊ နယ်ခြားစောင့်တပ်ဖွဲ့ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်များက ငြင်းဆိုမှုများကိုလည်း ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်