ဒုတိယမြောက် သံတမန်တဦး အမေရိကန်တွင် ခိုလှုံခွင့် တောင်းပြန်

E-mail Print
သမ္မတ ဦးသိန်းစိန်၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အစိုးရ တက်လာပြီး ရက်ပေါင်း ၁၀၀ ကျော်အတွင်း မြန်မာသံရုံးမှ ဒုတိယမြောက် ဝါရင့် သံတမန်တဦး အမေရိကန် ပြည်ထောင်စုတွင် ခိုလှုံခွင့်တောင်းခံလိုက်သည်။

MEWDC_copy၀ါရှင်တန်မြို့ရှိ အမေရိကန်ဆိုင်ရာ မြန်မာသံရုံး ပထမ အတွင်းဝန် ဦးစိုးအောင်သည် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသည့်စာကို အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ဇူလိုင်လ ၁၃ ရက်နေ့စွဲဖြင့် ပေးပို့လိုက်ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

“မြန်မာအစိုးရရဲ့ သံတမန်နောက်တဦး အခုလို အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် တောင်းဆိုလိုက်တာဟာ အစိုးရကို အကာအကွယ်ပေးဖို့ ၀န်ထမ်းတွေကိုယ်တိုင်က အယုံအကြည်မရှိတော့တာကို ပြသတာဖြစ်တယ်” ဟု အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) ၏ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရအဖြစ် ပြောင်းခဲ့သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ရှိနေပြီး နိုင်ငံတကာ သံတမန်မျက်နှာစာတွင် သံအရာရှိများအနေဖြင့် အစိုးရကို အကာအကွယ်ပေးရေးတွင် အခက်အခဲများ ရှိလာကြောင်း၊ ဦးစိုးအောင် ခိုလှုံခွင့်တောင်းခြင်းမှာ မကြာသေးမီက ခိုလှုံခွင့်တောင်းခံခဲ့သည့် ဒု သံမှူး ဦးကျော်ဝင်း၏ နောက်ဆက်တွဲ ပြဿနာကြောင့် ဖြစ်နိုင်ကြောင်း ဒေါက်တာ သောင်းထွန်းက ဆက်ပြောသည်။

ဇူလိုင်လ ၄ ရက်နေ့က ဒု သံမှူး ဦးကျော်ဝင်း နိုင်ငံရေး ခိုလှုံခွင့်တောင်းခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအတွက် ဦးစိုးအောင်ကို နေပြည်တော်သို့ ၂၄ နာရီအတွင်း ပြန်လာရန် မြန်မာအစိုးရက ဆင့်ခေါ်ခဲ့သောကြောင့် ယခုကဲ့သို့ ခိုလှုံခွင့်တောင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း VOA မြန်မာပိုင်းသတင်းတွင် ဖော်ပြထားသည်။ 

ဝါရှင်တန်ရှိ မြန်မာသံရုံးသို့ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ စစ်သံမှူးရုံးမှ တာဝန်ရှိသူတဦးက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။ နေပြည်တော် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ကျ ၀န်ထမ်းတဦးကလည်း အလားတူ ငြင်းဆိုခဲ့သည်။

ဒု သံမှူး ဦးကျော်ဝင်း၏ နိုင်ငံရေးခိုလှုံခွင့် တောင်းခံပြီးနောက် နောက်ဆက်တွဲအဖြစ် ၀ါရှင်တန်ရှိ မြန်မာ သံအရာရှိတချို့ကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးမှုများ လုပ်နေကြောင်းလည်း စုံစမ်းသိရှိရသည်။

“ကျနော်တို့ကတော့ အခုလို မြန်မာထိပ်တန်း သံတမန်တွေ ခိုလှုံခွင့်တောင်းခံလာပြီး အစိုးရကို သစ္စာမခံတော့တာကို ကြိုဆိုပါတယ်” ဟု ဒေါက်တာ သောင်းထွန်းက ပြောသည်။

သံအရာရှိ၊ စစ်ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည်လည်း ၂၀၀၅ ခုနှစ်က အမေရိကန်တွင် ခိုလှုံခွင့်တောင်းခံခဲ့သည်။

ဦးကျော်ဝင်းက နိုင်ငံရေးခိုလှုံခွင့်နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးထံ ရေးသားခဲ့သောစာတွင် နိုင်ငံခြားရေး ၀န်ကြီးဌာနအတွင်း အရပ်ဘက်နှင့် စစ်ဘက် ၀န်ထမ်းများအကြား ခွဲခြားမှုများရှိနေသည်ဟု ဖော်ပြခဲ့သည်။

ဦးစိုးအောင်သည်လည်း အရပ်ဘက်မှလာသော ဝါရင့်သံအရာရှိတဦးဖြစ်ပြီး ၁၉၇၉ ခုနှစ်မှ စတင်ကာ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ထိုင်း၊ စင်ကာပူ၊ ဆွစ်ဇာလန်နိုင်ငံ တို့ရှိ မြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ 

ဦးစိုးအောင်သည် ၂၀၀၈ ခုနှစ်မှ ယခုနောက်ဆုံးအချိန်ထိ ၀ါရှင်တန် မြန်မာသရုံးတွင် ပထမအတွင်းဝန်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်