မြန်မာ-အိုမန် ပွဲပျက်မှု ဖီဖာ စတင်စစ်ဆေး

E-mail Print
မြန်မာ-အိုမန် ကမ္ဘာ့ဖလား ၂၀၁၄ ခြေစစ်ပွဲ ပျက်ပြားခဲ့ရခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။

ဇူလိုင်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်နေစဉ် ပရိသတ်တချို့က အရာဝတ္ထုမျိုးစုံဖြင့် ကွင်းအတွင်းသို့ ပစ်ပေါက်ကြသဖြင့် ပွဲပျက်သွားခဲ့သည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဖီဖာ၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေကြောင်း ဖီဖာ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

News_FIFA_action__1_Aug_2011
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MNL) ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက “အရေးယူတာတော့ ခံရလိမ့်မယ်။ သက်သက်ညှာညှာ စဉ်းစားပေးဖို့လည်း စာတင်ထားတယ်” ဟု ပြောသည်။

နိုင်ငံပေါင်း ၃၀ ကျော်ဖြင့် ဖွဲ့ည်းထားသည့် ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီသို့ ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ရိုက်ကူး ထားသည့် ဗီဒီယို အခွေများ၊ ကွင်းထဲသို့ ကျရောက်ခဲ့သည့် အရာဝတ္ထုပစ္စည်းများကို သက်သေအဖြစ် ပေးအပ်ခဲ့ကြောင်း ဦးစိုးမိုးက ပြောသည်။

ဖီဖာ၏ ဥပဒေအရ ကွင်းအတွင်း ကျရောက်သည့် အရာဝတ္တုတခုအတွက်  ဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၅၀၀၀ သတ်မှတ် ထားသည်။

ပစ်ပေါက်ရာတွင် ထီးအလက်ပေါင်း ၂၀ကျော်၊ ဖိနပ်ပေါင်း များစွာ၊ ခဲများနှင့် ကွန်ပါဆူးချွန်များလည်း ပါဝင်သည်ဟု ဘောလုံး သတင်းများကို သီးသန့်ဖော်ပြသည့် Soccer Myanmar အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

ထိုပစ်ပေါက်မှုတွင် ပါဝင်သည်ဟု မသင်္ကာသူများကို ပွဲအပြီးတွင် ဖမ်းဆီးထိန်းသိမ်းမှုများ ရှိခဲ့ကြောင်း ဘောလုံးပွဲ သွားရောက် ကြည့်ခဲ့သည့် ပရိသတ်တဦးက ပြောသည်။

“ဘောလုံးကွင်းကအထွက် လုံခြုံရေးတွေက ခြေထောက်ကို ကြည့်တယ်။ ပြီးတော့ ဖိနပ်မပါရင် တခါတည်း ခေါ်ထားလိုက်တယ်။ တော်တော်များများ ခေါ်အထားခံရတယ်” ဟု ၎င်းကဆိုသည်။

ဆူပူမှုနှင့် ပတ်သက်၍ ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားပြီး ပါဝင်သည့် သူများကို ညပိုင်းအချိန်တွင် ရပ်ကွက်များသို့ လိုက်လံ ဖမ်းဆီးနေကြောင်း ပြည်တွင်းထုတ် The Voice Weekly ဂျာနယ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ ပွဲစဉ်တွင် MNL က အများပြည်သူ ကြည့်ရှုနိုင်စေရန်အတွက် ရိုးရိုးတန်း လက်မှတ်များကို ၀ယ်ယူစရာမလိုဘဲ အခမဲ့ဝင်ခွင့်ပြုကြောင်း၊ ကွင်းအတွင်း လူပြည့်သွားချိန်တွင် ကွင်းပြင်ပတွင် ကျန်ရှိနေသည့် လူအများက ၀င်ရောက်နိုင်ရန် ကြိုးစားသည့်အတွက် လုံခြုံရေးတပ်ဖွဲ့များက မထိန်းသိမ်းနိုင်တော့ဘဲ ဖွင့်ပေးလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ယနေ့ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်မှစတင်ပြီး လက်မှတ်များကို စစ်ဆေးခြင်း၊ ပစ္စည်းများ ရှာဖွေခြင်း၊ ရေသန့်ဗူးများကို ကွင်းအတွင်းသို့ ယူဆောင်ခွင့် မပြုခြင်းများ ပြုလုပ်နေသည် MNL ပြောခွင့်ရ ဦးစိုးမိုးက ပြောသည်။

“လက်မှတ်၊ ဖိတ်စာ အကုန်ပါမှ ပေးဝင်မယ်။ ဘယ်သူနဲ့ သိလို့၊ ဘယ်ဝါနဲ့ သိလို့ဆိုတာမျိုး မရတော့ဘူး” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းက သုဝဏ္ဏကွင်းတွင် ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် မြန်မာ-မွန်ဂိုလီးယား ပွဲစဉ်တွင်လည်း မြန်မာဘောလုံးအသင်းကို အားပေးရန်အတွက် ပရိသတ်ကို အခမဲ့ ကြည့်ရှုခွင့်ပေးခဲ့သော်လည်း ပြဿနာ တစုံတရာ ပေါ်ပေါက်ခြင်း မရှိခဲ့ပေ။

ယခု မြန်မာ-အိုမန် ပွဲ ဆူပူမှုဖြစ်ကာ ရပ်ဆိုင်းခဲ့ရခြင်းနှင့် ပတ်သက်၍ အစိုးရသတင်းစာများတွင် ဖော်ပြခြင်းမရှိပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်