နေပြည်တော် အိမ်ခြံမြေဈေးကွက် ကျဆင်း

E-mail Print
လူမနေသည့် အိမ်များကို အိမ်ငှားမချနိုင်ပါက ချိတ်ပိတ်မည် ဆိုသော အမိန့်ကြောင့် နေပြည်တော်ရှိ အိမ်ခြံမြေ ရောင်းဝယ်မှုများ ကျဆင်း လာကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့များတွင် ဇွန်လ နောက်ဆုံးရက်များက ဗုံးပေါက်ပွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် လူမနေသည့် နေအိမ်များကို ချိတ်ပိတ်ရမည် ဆိုသော အမိန့် ထွက်ပေါ်လာခဲ့သည်။

naypyitaw-house-place
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ လူမနေသည့်အိမ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ဗုံးပေါက်ကွဲပြီး တပတ်အကြာတွင် အာဏာပိုင်များက လူမနေသည့် နေအိမ်များအား အိမ်ငှားတင်ရန်၊ အစောင့်ထားရန်၊ ထိုသို့ မပြုနိုင်ပါက ချိတ်ပိတ်မည်ဟူသော အမိန့် ထုတ်ပြန်ခဲ့သည်။

ယင်းအမိန့်ထုတ်ပြန်ပြီး တလကျော် အကြာတွင် နေပြည်တော်ရှိ အိမ်ခြံမြေ ရောင်းဝယ်မှုများ ကျဆင်းလာခြင်း ဖြစ်ကြောင်း ဒေသခံ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

မူဆယ်နှင့် လားရှိုးဘက်မှ ရတနာကုန်သည်များသည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် နေပြည်တော်၌ ကျင်းပသည့် ကျောက်မျက် ပြပွဲမှ စတင်၍ ပြပွဲကျင်းပရာ ကျောက်မျက်ပြတိုက် အနီးရှိ သပြေကုန်း၊ ရွှေကြာပင်၊ ဒက္ခိဏသီရိ အစရှိသည့် မြို့နယ်၊ ရပ်ကွက်များရှိ အိမ်ခြံမြေများကို စတင် စိတ်ဝင်စားလာကြကြောင်း ပျဉ်းမနားအခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် တဦးက ဆိုသည်။

“လားရှိုးတို့၊ မူဆယ်တို့ ဘက်ကလူတွေက နေပြည်တော်မှာ အိမ်တွေခြံတွေ လာဝယ်တာ များတယ်။ သူတို့က ၀ယ်ပြီးရင် ဒီအတိုင်း ထားခဲ့တာလေ။ ကျောက်မျက်ပွဲ နီးမှ လာကြတာ။ အစောင့်လည်းမထားဘူး။ အိမ်ငှားလည်း မတင်ကြဘူး” ဟု ၎င်းက ပြောသည်။

မူဆယ်၊ လာရှိုးဘက်မှ အိမ်ခြံမြေ ၀ယ်လက်များက ဈေးကောင်းပေးကြောင်း၊ ရွှေကြာပင် ရပ်ကွက်မှ ပေ ၆၀၊ ပေ ၄၀ မြေတကွက်ကို မည်သူမျှ မပေးနိုင်သည့် ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ အထိပေးကြကြောင်း၊ ကိုယ်တိုင်ကိုယ်ကျ လာရောက် ဝယ်ယူကြခြင်း ဖြစ်ကြောင်း နေပြည်တော် အိမ်ခြံမြေ အကျိုးဆောင်များ၏ အဆိုအရ သိရသည်။

ရွှေကြာပင် ရပ်ကွက်သည် ပျဉ်းမနား ကိုးရွာ သပြေကုန်းမှ ဒေသခံများကို အထူးစီမံကိန်း တခုကြောင့် ပြောင်းရွှေ့ နေရာချထား ပေးခဲ့သည့် နေရာဖြစ်ပြီး အစိုးရချပေးထားသည့် ဈေးနှုန်းထက် အဆများစွာ ရရှိသောကြောင့် အများစုမှာ ရောင်းချပြီး တခြားသော ဈေးသက်သာသည့် နေရာများသို့ ပြောင်းရွှေ့ နေထိုင်ကြသည်။

သို့သော် ဇူလိုင်လဆန်းမှစ၍ လူမနေသည့် နေအိမ်များအတွက် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်တွင် ထိုဒေသများ၌ အိမ်ခြံမြေ အရောင်းအဝယ် ကျဆင်း လာခြင်းဖြစ်ကြောင်း အကျိုးဆောင်များက ပြောသည်။

အိမ်ခြံမြေ အကျိုးဆောင်များ၏ အဆိုအရ ပျဉ်းမနား ပုဗ္ပသီရိမြို့နယ် ဘက်တွင် အရောင်းအ၀ယ် ပုံမှန်ဖြစ်နေကြောင်း၊ ကျောက်မျက်ပြတိုက် အနီးရှိ အိမ်ခြံမြေများမှာမူ ခဏတာ အရောင်းအ၀ယ် အေးနေဦးမည် ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်