ဒုသမ္မတ၏ ကမ်းလှမ်းချက်ကို သံသယဖြင့်ကြို

E-mail Print
အပစ်မရပ်သေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လက်တွဲ ပူးပေါင်းရန် အစိုးရ၏ ကမ်းလှမ်းချက်ကို ထိုအဖွဲ့များက သံသယဖြင့် ကြိုဆိုလိုက်ကြသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက ထိုသို့ ပြောကြားခဲ့သည်ဟု တနင်္လာနေ့ထုတ်  အစိုးရ သတင်းစာတွင် ဖော်ပြထားသော်လည်း တရားဝင် စာရေးသားပေးပို့ ခြင်း မရှိသေးကြောင်း  ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) ၏ ပြောရေး ဆိုခွင့်ရှိသူ စိုင်းလောင်စိုင် က ဧရာဝတီသို့ ပြောသည်။ 

tin-aung-myint-oo-karen
“အစိုးရက စေတနာ မှန်မှန် ကန်ကန်၊ သဘောထား ကြီးကြီးနဲ့ တိုင်းပြည်ရဲ့ အရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ ပြန်လည် သင့်မြတ်ရေး လုပ်ငန်းတွေ လုပ်မယ် ဆိုရင်တော့ ငြင်းစရာ အကြောင်း ဘာတခုမှ မရှိပါဘူး၊ ကျနော်တို့ကို တရားဝင် ကမ်းလှမ်းလာမယ် ဆိုရင်လည်း ၀မ်းမြောက်စွာနဲ့ ကြိုဆိုမှာပါ” ဟု စိုင်းလောက်စိုင်းက ဆက်ပြောသည်။

ပြီးခဲ့သည့် လအတွင်းကလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား ဒေသ စစ်ပွဲများ ရပ်စဲရေး အတွက် ကြားဝင် ညှိနှိုင်းပေးရန် အသင့်ရှိကြောင်း  ကမ်းလှမ်းခဲ့သည်။

ထို ကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း ဒုသမ္မတ၏ သတင်းစာပါ ပြောဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

“တကယ်လို့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့ ဆွေးနွေးမယ် ဆိုပြီး အစိုးရက ဖိတ်ခေါ်တယ် ဆိုရင်တော့ ဒါဟာ မှန်ကန်တဲ့ နည်းလမ်းပဲ။ ကျမတို့လည်း ဒါကို တောင်းဆိုနေတာပဲ” ဟု ကရင် အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။

နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန် ရည်ရွယ်ချက် မရှိပါက ဆွေးနွေးပွဲ ဖြစ်လာမည် မဟုတ်ကြောင်း နော်စီဖိုးရာစိန်က ဆက်ပြောသည်။

ဒုသမ္မတ၏ ပြောဆိုမှုမှာ နေရာ မှားနေကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) က ဝေဖန်လိုက်သည်။

မော်လမြိုင် ရေဘေး ဒုက္ခသည်များနှင့် တွေ့ဆုံစဉ် အားပေးစကားများကိုသာ ပြောကြားသင့်သည်ဟု KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဆိုသည်။

“အဲဒီ ဒုက္ခသည်တွေကို အခွင့်အရေး တခု အနေနဲ့ အသုံးချပြီးတော့ ဒီ ပြည်တွင်း မငြိမ်မသက်မှုတွေ၊ လက်နက်ကိုင် အင်အားစုတွေ အကြောင်းကို လိုက်ပြောနေတယ် ဆိုတာ လုံးဝ ဟပ်စပ်မှု မရှိပါဘူး။ အဲဒီလိုလဲ မပြောသင့်ပါဘူး၊ ပြောမယ်ဆိုရင် သတင်း စာရှင်းလင်းပွဲ ဖြစ်ဖြစ် လုပ်သင့်ပါတယ်” ဟု ဦးလနန်က ပြောသည်။

ဒုသမ္မတ၏ ပြောဆိုချက်သည် လက်နက်ကိုင်အဖွဲ့များထက် နိုင်ငံတကာသိရှိစေရေးကို ရည်ရွယ်ပုံရသည်ဟု သူက သုံးသပ်သည်။

“ပစ်တာ ခတ်တာတွေ ရပ်ဖို့ အားလုံးက ၀ိုင်းပြီး ဖိအားပေးတာကို သူတို့ အနေနဲ့ လုပ်နေပါတယ် ဆိုတဲ့ ဟာကို နိုင်ငံတကာကို ပြောချင်တဲ့ အပိုင်းလို့ ထင်တယ်” ဟု ဆိုသည်။

အင်္ဂါနေ့ထုတ် သတင်းစာများတွင် လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးက ထုတ်ပြန်သော အိတ်ဖွင့်ပေးစာတစောင်ကို ဖော်ပြထားသည်။ ထိုစာတွင် “ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုများ” ရပ်တန့်ရေးအတွက် သဘောထားမှန်ဖြင့် ဆွေးနွေးသင့်ကြောင်း၊ အစိုးရ၏ လုပ်ရပ်ကို ထောက်ခံကြောင်း ရေးသားထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်