ရိက္ခာရှားပါးသော်လည်း ဆန်အမြောက်အမြား ပြည်ပတင်ပို့နေ

E-mail Print
မြန်မာ နိုင်ငံတွင်း လူ ၅ သန်းခန့် စားနပ်ရိက္ခာ အခက်အခဲနှင့် ရင်ဆိုင်နေရ သော်လည်း စစ်အစိုးရက ဇန်န၀ါရီ လ မှစတင်၍ ပြည်ပသို့ ဈေးအနိမ့်ဖြင့် ဆန်အမြောက်အမြား တင်ပို့မှု ၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မကြာသေးဘူး အာဖရိက ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မော်ရေးရှား နိုင်ငံတွေကို ဆန်တန်ချိန်အတော်များများ တင်ပို့ နေတာ၊ ဈေးနှုန်းတော့ အသေအချာ မသိဘူး”ဟု ရန်ကုန်မြို့မှ ဆန်ကုန်သည် တဦးက ဧရာဝတီသို့ ပြောသည်။

ယခုကဲ့သို့ ဆန်အမြောက်အမြား တင်ပို့မှုကြောင့် ပြည်တွင်း ဆန်ဈေးကွက် ဈေးနှုန်း၊ ပြည်တွင်းစားသုံးမှု လိုအပ် ချက်၊ ပြည်ပဆန်တင်ပို့မှု အခြေအနေများကို ထိခိုက်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

“ဆန်ပြည်ပပို့မှုများလာတာနဲ့ ပြည်တွင်း စားသုံးသူဈေးကွက်မှာ ဈေးနှုန်းတက်လာပါမယ်”ဟု ရန်ကုန် ဆန်ကုန် သည် က ပြောဆိုသည်။

ရိုက်တာ သတင်းတရပ်အဆိုအရ မြန်မာနိုင်ငံမှ ပြည်ပပို့ ဆန်တန်ချိန် ၄ သိန်း ၀န်းကျင်ကို ဇန်န၀ါရီလ မှစတင်ပြီး အာဖရိက သို့ တင်ပို့ရောင်း ချနေကြောင်း သိရသည်။

၎င်းအာဖရိကသို့ ရောင်းချသည့် ဆန်များမှာ ဆန်အကျိုး ၂၅ ရာနှုန်းပါသည့် ဆန် အမျိုးအစား ဖြစ်ပြီး ဗီယက်နမ် ဆန်နှင့် အပြိုင်ရောင်းချခြင်း ဖြစ်သည်ဟု ဆိုသည်။

ဗီယက်နမ် ဆန် တတန်လျှင် မေရိကန် ဒေါ်လာ ၃၄၈ မှ ၃၅၃ အထိ ဈေးဖြင့်ရောင်းချခြင်းဖြစ်ပြီး အဆိုပါ မြန်မာ ဆန်ကို တတန်လျှင် ဒေါ်လာ ၂၇၀ မှ ၂၈၀ ဈေးဖြင့် ရောင်းချခြင်းဖြစ်သည်ဟုလည်း သတင်းတွင်ပါရှိသည်။

ပြိးခဲ့သည့် ၂၀၀၈ ခု နှစ် နာဂစ်ဆိုင်ကလုန်း မတိုက်ခတ်မီနှင့် တိုက်ခတ်ပြီးနောက်ပိုင်း ပြည်ပ ဆန်တင်ပို့မှုမှာ တန်ချိန် ၁ သိန်းခန့် ဖြစ်ကြောင်း စိုက်ပျိုးရေးဌာန အရာရှိများက ပြောဆိုသည်။

စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ဆန်စပါး တိုးတက်ထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးမြေအလုံ အလောက် ရှိကြောင်း၊ မြေသယံဇာတ ရှိသကဲ့သို့ ရေသယံဇာတလည်း ရှိကြောင်း၊ ထို့ကြောင့် ဆန်စပါးထုတ်လုပ် မှု အရ ပြည်တွင်းစားသုံးမှု ခိုင်ခိုင်မာမာဖူလုံပြီး တနှစ်လျင် ဆန်တန်ချိန် ၃ သန်း ခန့် ပြည်ပသို့ တင်ပို့ ရောင်းချနိုင် ရေးအတွက် ကြိုးစားထုတ်လုပ်သွားရန်ပြောကြားကြောင်း ၂၀၀၈ ခု ဒီဇင်ဘာလ အစောပိုင်းထုတ် အစိုးရ သတင်း စာများတွင် ဖော်ပြထားသည်။

ဤကဲ့သို့ ဗိုလ်ချုပ်ကြီး သိန်းစိန်က တနှစ်လျင် အပိုဆန်တန်ချိန် ၃ သန်းခန့် ပြည်ပပို့ရန်တိုက်တွန်း နေသော် လည်း တန်ချိန် ၂ သန်းထက် မပိုနိုင်ကြောင်း ရန်ကုန်မြို့မှ ဆန်စပါး ကျွမ်းကျင်သူ တဦးက ပြောသည်။

ဆန်စပါး ဈေးနှုန်းကျဆင်းနေသည့်အတွက် လယ်သမားများက စပါးစိုက်ပျိုးမှုကို စွန့်စားလုပ်ကိုင်ရခြင်းကြောင့် သော်လည်းကောင်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းတို့တွင် နာဂစ်ဆိုင်ကလုန်း တိုက်ခတ်မှုကြောင့် သော်လည်းကောင်း ဆန်စပါးအထွက်နှုန်းကျဆင်းရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်း မှ တာဝန်ရှိသူ တဦးကလည်း ပြောသည်။

“ပြီးခဲ့တဲ့ နှစ်က စုစုပေါင်း ဆန်တန်ချိန် ၁၈ သန်းလောက်ပဲထွက်တယ်၊ လာမယ့်နှစ်မှာလည်း ၂၀ ရာခိုင်နှုန်း လောက် ဆန်အထွက်နှုန်း ကျနိုင်တယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာနှင့် ပြည်တွင်း ဆန်းဈေးကွက်များတွင် ဈေးနှုန်းများ ကျဆင်းနေသော်လည်း ပြည်တွင်း လယ်ယာသုံး ပစ္စည်းများနှင့် ဓာတ်မြသြဇာ ဈေးနှုန်းများ တက်လျှက်ရှိကြောင်းလည်း သိရသည်။

“လယ်ယာသုံး ပစ္စည်း ဈေးနှုန်းတွေ၊ မျိုးစပါးနဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေ ဆက်တက်ဦးမယ်လို့ ပြောနိုင်ပါ တယ်” ဟု အထက်ပါ ဆန်စပါး ကုန်သည်များ အသင်း တာဝန်ရှိသူက ပြောသည်။

၂၀၀၈ ခု နှစ် မေလ ၂ ရက်နှင့် ၃ ရက်က တိုက်ခတ်သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းတွင် မြို့နယ် ၇ မြို့နယ်ရှိ လယ်ယာလုပ်ငန်း ၃၂ ရာခိုင်နှုန်း ထိခိုက်ပျက်စီးခဲ့ပြီး ရန်ကုန်တိုင်း ၃ မြို့ နယ်၌ ၃၅ ရာခိုင်နှုန်း ထိခိုက်ပျက်စီးခဲ့သောကြောင့် ဆန်စပါး အထွက်နှုန်းများ ကျဆင်းခဲ့ရခြင်းလည်းဖြစ်သည်။

တချိန်တည်းတွင်ပင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) နှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)တို့၏ ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၂ ရက်နေ့ က ပူးတွဲထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင်း လူပေါင်း ၅ သန်း ကျော် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ ပြည်နယ် ၅ ခုနှင့် တိုင်း ၂ တိုင်းတွင် စားနပ်ရိက္ခာ တန်ချိန် ၁၈၆ ၀၀၀ ခန့် လိုအပ်သည်ဟု ပါရှိသည်။

ပြီးခဲ့သည့်နှစ်အတွင်း လူဦးရေ ၁ သိန်းခန့်ရှိ ချင်းပြည်နယ်တွင် ကလေးပေါင်း ၃၀ ကျော် စားနပ်ရိက္ခာရှားပါးမှု ကြောင့် သေဆုံးခဲ့ရကြောင်း၊ ယင်းသို့ စားနပ်ရိက္ခာ ရှားပါးမှုမှာ ၂၀၀၇ ခု နှစ် ဒီဇင်ဘာလအတွင်းတွင် ၀ါးပွင့်များ ကို လာရောက် စားသုံးသောကြွက်များက သီးနှံစိုက်ခင်းများကို ၀င်ရောက်ဖျက်ဆီးခဲ့သောကြောင့်ဖြစ်ကြောင်း ချင်း လူ့အခွင့်အရေးအဖွဲ့၏ ပြောဆိုချက်အရသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်