အမေရိကန်က မြန်မာ့အရေး မြှင့်တင်ဆဲ

E-mail Print

အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ)၏ ထိပ်သီးအစည်းအဝေး ကာလ အလွတ်သဘော ဆွေးနွေးပွဲများတွင် မြန်မာပြည်အရေးကို ဦးစားပေးဆွေးနွေးခဲ့သည်ဟု

အမေရိကန်ပြည်ထောင်စု၏ အာဆီယံရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စကော့မာစီယယ်က စနေနေ့တွင် ဧရာဝတီသို့ ပြောသည်။

“ကျနော် အဓိက အာရုံစိုက်ရမှာက ကျနော်တို့နဲ့ အာဆီယံရဲ့ ဆက်ဆံရေးအကြောင်း ဆွေးနွေးဖို့ပါပဲ။ ဒါပေမယ့် စကားဝိုင်းဖွဲ့ကြတဲ့အခါမှာတော့ အာဆီယံနိုင်ငံတွေက မြန်မာပြည်တိုးတက်ပြောင်းလဲရေးအတွက် တွန်းအားပေးဖို့ မျှော်လင့်တဲ့အကြောင်းကို ဦးစားပေးပြောကြားခဲ့ပါတယ်” ဟု သူက ဆိုသည်။

“ယေဘုယျ ပြောရရင်တော့ အာဆီယံနိုင်ငံအများစုက မြန်မာပြည်ကို ပိုမိုကောင်းမွန်တဲ့ဘက် ပြောင်းလဲတာကို မြင်လိုကြတာချည်းပါပဲ” ဟု မစ္စတာ စကော့မာစီယယ်က ရှင်းပြသည်။

အာဆီယံ ဒေသတွင် နိုင်ငံ ၁၀ နိုင်ငံ ပါဝင်ရာ အင်ဒိုနီးရှားနိုင်ငံသည် မြန်မာစစ်အစိုးရက ဒီမိုကရေစီ အကူးအပြောင်းကာလတွင် စံပြုသည့် နိုင်ငံအဖြစ် အများက ယူဆကြသည်။ ပြီးခဲ့သည့်လကုန်ပိုင်းက အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးသစ် မစ္စ ဟီလာရီ ကလင်တန် အင်ဒိုနီးရှားသို့ သွားရောက်လည်ပတ်စဉ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ၀ိရာယုဒက ၎င်းတို့အနေဖြင့် ရရှိထားတဲ့ အတွေ့အကြုံများကို မြန်မာပြည် အပြောင်းအလဲ  ကာလတွင် အသုံးပြုသည့်နည်းဖြင့် ကူညီရန် အသင့်ရှိသည်ဟု ဆိုသည်။

မစ္စတာ စကော့မာစီယယ်ကလည်း “မြန်မာပြည်ဟာ အင်ဒိုနီးရှားအပြင် ဒေသတွင်းက တခြားနိုင်ငံတွေဆီကနေလည်း လေ့လာစရာတွေ အများကြီး ရှိပါတယ်” ဟု ဆိုသည်။

မစ္စတာ စကော့မာစီယယ်က ဆက်လက်ပြောကြားရာတွင် မြန်မာပြည်တွင် ဖြစ်ထွန်းတိုးတက်မှုများ ပေါ်ပေါက်လာရေးမှာ စစ်အစိုးရက အတိုက်အခံတို့နှင့် စေ့စပ်ဆွေးနွေးမှသာ ရရှိနိုင်မည်ဟု ဆိုသည်။

မစ္စ ဟီလာရီ ကလင်တန်က နိုင်ငံခြားရေးဝန်ကြီးအနေနှင့်  ပြုလုပ်ခဲ့သည့် ပထမဆုံး ခရီးစဉ်အဖြစ် အရှေ့အာရှဒေသကို ရွေးချယ်ခဲ့သည်။ ထိုသို့ ရွေးချယ်ခဲ့ခြင်းကြောင့် အမေရိကန်အစိုးရသစ်၏ နိုင်ငံခြားရေးမူဝါဒမှာ  အာရှတိုက်နှင့်ဆက်ဆံရေးကို အလေးထားသည့်သဘော ပြသရာရောက်ခဲ့သည်။

“မြန်မာပြည်နဲ့ ပတ်သက်တဲ့ ကျနော်တို့ရဲ့ မူဝါဒကို ပြန်သုံးသပ်ဖို့ မစ္စ ဟီလာရီက ကြေညာပြီးသွားပြီ၊ ကျနော်တို့ရဲ့ မူဝါဒတွေ ပိုပြီး ထိရောက်ဖို့အတွက် ကျနော်တို့ ရှေ့ဆက် ဆောင်ရွက်သွားမယ်။ ဘာဆုံးဖြတ်ချက်မှတော့ ကျနော်တို့ မချရသေးပါဘူး”ဟု မစ္စတာ စကော့မာစီယယ်က ပြောသည်။

မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာများ တင်သွင်းခွင့် ပိတ်ပင်သည့် ဥပဒေတရပ်ကို အမေရိကန်က ပြီးခဲ့သည့်နှစ် ဇူလိုင်လက လက်မှတ်ရေးထိုး ပြဌာန်းခဲ့သည်။ အဆိုပါ ဥပဒေမှာ ရည်ရွယ်ချက်သုံးခု ပါဝင်သည်။ စစ်အစိုးရ ခေါင်းဆောင်များအပါအ၀င် ၎င်းတို့နှင့် နီးစပ်သူများကို စီးပွားရေးအရ ပိတ်ဆို့ပြီး ခရီးသွားလာခွင့်ကို ကန့်သတ်ရန်၊ ၂၀၀၃ ခုနှစ်က ပြုလုပ်ခဲ့သည့် မြန်မာပြည်စီးပွားရေးပိတ်ဆို့မှုကို ပိုမိုတင်းကျပ်စေရန်၊ “မြန်မာပြည်ဆိုင်ရာ  မူဝါဒရေးရာ ညှိနှိုင်းရေးမှူး နှင့် အထူးကိုယ်စားလှယ်”ဟူသော ရာထူးတာဝန်တခု စီစဉ်သတ်မှတ်ရန် စသည်တို့ ဖြစ်သည်။

အမေရိကန်အစိုးရသည် ကျောက်မျက် တင်သွင်းခွင့် ပိတ်ပင်သည့် ဥပဒေကို ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်သော်လည်း မြန်မာနိုင်ငံကို တိုးတက်ဖွံ့ဖြိုးပြီး လွတ်လပ်သည့် နိုင်ငံတခုအဖြစ် မြင်လိုသည်ဟု မစ္စတာ စကော့မာစီယယ်က ဧရာဝတီသို့ ပြောသည်။

မြန်မာပြည်အပြောင်းအလဲအတွက် မြန်မာပြည်၏ အိမ်နီးချင်းနိုင်ငံများနှင့် ပူးတွဲဆောင်ရွက်ခြင်းသည် အမေရိကန်ပြည်ထောင်စု၏ မြန်မာပြည်ဆိုင်ရာမူဝါဒ၏ အစိတ်အပိုင်းတခုဖြစ်သည်ဟုလည်း ဆိုသည်။

(ဧရာဝတီ သတင်းထောက် ဝေမိုး က အာဆီယံ စည်းဝေးပွဲပြုလုပ်နေသည့် ချာ့အမ်းမြို့မှ ပေးပို့ပါသည်)

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်