ရန်ကုန်တွင် ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲ

E-mail Print
ရန်ကုန်၊ စမ်းချောင်းမြို့နယ် ပဒုမ္မာပန်းခြံအတွင်းနှင့် လှည်းတန်းလမ်းဆုံ အနီး ကားဂိတ်တွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှု ၂ ခု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ပေါက်ကွဲမှုကို မျက်မြင် တွေ့ရှိခဲ့သော ရန်ကုန်မြို့ခံများက ပြောသည်။

ပထမပေါက်ကွဲမှုမှာ ည ၉ နာရီမိနစ် ၃၀ ခန့်က စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံမီးပွိုင့်အနီး ပဒုမ္မာ ပန်းခြံအတွင်းရှိ သစ်ပင်တပင်အောက်တွင် ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲသံမှာ အလွန် ကျယ်လောင်ပြီး အနီးပတ်ဝန်းကျင်ရှိ ကားတစီးတွင် မှန်များ ကွဲအက်ပျက်စီးခဲ့သည်ဟု မျက်မြင်တွေ့လိုက်ရသည့် ဆိုက်ကားသမား တဦးကလည်း ပြောဆိုသည်။

“ပေါက်ကွဲသံက တအားပြင်းတယ်။ မြေကြီးတွေတုန်သွားတယ်။ ဖြစ်ဖြစ်ချင်းပဲ ရဲတွေ၊ စစ်သားတွေနဲ့ လုံခြုံရေး တွေ အများကြီးရောက်လာပြီး ပန်းခြံထဲမှာ ဗုံးရှာကြတယ်” ဟု ပဒုမ္မာပန်းခြံ အနီးတွင် ဖွင့်လှစ်ထားသော လက်ဖက်ရည်ဆိုင် တဆိုင်မှ စားပွဲထိုးတဦးက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ည ၁၁ နာရီ အချိန်ခန့်တွင် ရဲနှင့်စစ်သားများက ပဒုမ္မာပန်းခြံနှင့် ပဒုမ္မာဇာတ်ရုံ ကြားရှိ လမ်းသွယ်ကို ကြိုးများတားကာ ပိတ်ထားလိုက်ပြီး ပဒုမ္မာဇာတ်ရုံရှေ့ ဗားကရာလမ်းမကြီးပေါ်တွင်
လုံထိန်းရဲကားများချထားကာ ဒဂုံစင်တာ မျက်နှာချင်းဆိုင် Ice Berry မုန့်ဆိုင်ရှေ့တွင် စစ်ကားများ ချထား လိုက်ကြောင်း စမ်းချောင်းမြို့နယ် အောင်ရတနာလမ်းတွင် နေထိုင်သူ ဒေသခံတဦးက ပြောပြသည်။

ဒုတိယဗုံးပေါက်ကွဲမှုသည် ည ၁၀ နာရီကျော်တွင် ဖြစ်ပွားခဲ့ပြီး လှည်းတန်းလမ်းဆုံ ရန်ကုန် - အင်းစိန် ကားလမ်းမကြီးဘေး အနော်ရထာအိမ်ရာရှေ့ ကားမှတ်တိုင်တွင် ဖြစ်ပွားခဲ့သည်။

“အင်းစိန်ဘက်သွားတဲ့ ကားဂိတ်မှာပေါက်တာ။ အသံတအားကျယ်တယ်။ ဖြစ်တဲ့အချိန်က မီးတွေ ပျက်နေတယ်။ ဗုံးပေါက်တော့ ၉၇ လိုင်းကားတစီးက ကားဂိတ်မှာ လူစောင့်တင်နေတယ်။ ကားဂိတ်နားက ထမင်းကြော် ဆိုင်တွေ၊ ကွမ်းယာဆိုင်တွေ အကုန်လုံးလည်း ချက်ချင်းပိတ်လိုက်ရတယ်” ဟု လှည်းတန်း လမ်းဆုံအနီး နေထိုင်သူတဦးက ပြောပြသည်။

လှည်းတန်း ဗုံးပေါက်ကွဲမှုတွင်လည်း တစုံတယောက်မှ ဒဏ်ရာ မရရှိခဲ့ကြောင်းနှင့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာကို ရဲများနှင့် စစ်သားများက ပိတ်ဆို့ကာ ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ပထမ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ပဒုမ္မာပန်းခြံသည် သစ်ပင်ပန်းမန်များစိုက်ပျိုးထားသည့် အလျားပေ ၅၀ခန့်၊ အနံ ပေ ၂၀ ၀န်းကျင်သာရှိသော ပန်းခြံ အသေးစားတခု ဖြစ်သောကြောင့် မည်သူမဆို အခမဲ့ အချိန်အကန့်အသတ်မရှိ ၀င်ရောက်နိုင်သည်။ ယင်းပန်းခြံအတွင်းတွင် အများသုံး အခပေး မြို့တော် စည်ပင်သာယာ အိမ်သာတခုရှိနေပြီး ထိုအိမ်သာမှာ ဂျပန်အစိုးရ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီဖြင့် တည်ဆောက်ခဲ့သော အများသုံးအိမ်သာ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယခုဖြစ်ပွားသော ဗုံးပေါက်ကွဲမှုများမှာ ရန်ကုန်မြို့တော်တွင် ၂၀၀၉ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုများဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်