အဖမ်းအဆီးကြမ်း၍ နေရပ်ပြန်ကြရ

E-mail Print
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများကို ထိုင်းအာဏာပိုင်များက တင်းကျပ်စွာ ရှာဖွေ ဖမ်းဆီးနေမှုကြောင့် တနေ့လျှင် လူ၂၀ ခန့် ၎င်းတို့  နေရပ်ဌာနေသို့ ပြန်နေကြကြောင်း သိရသည်။

လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်း(HRDF) အဖွဲ့၏ ရွှေ့ပြောင်းအလုပ်သမားများ တရားမျှတမှု စီမံကိန်း မှ တာဝန်ခံ တဦးဖြစ်သူ မချယ်ရီက “တာချီလိတ်-မယ်ဆိုင် လမ်းဘက်ကနေပြန်ကြတယ်” ဟု ပြောသည်။   

အဖမ်းအဆီးကြမ်းသည့် နောက်ပိုင်း ယခုလိုပြန်ကြခြင်းဖြစ်ကြောင်း မချယ်ရီကပြောဆိုလိုက်ပြီး“အုပ်စုလိုက် ရဲတွေက အလုပ်သမားတန်းလျားတွေမှာ ဝိုင်းဖမ်းတယ်၊ လက်မှတ်မရှိတဲ့သူတွေကို ဖမ်းတာ”ဟု လည်း ပြော သည်။

ချင်းမိုင်မြို့ခံတချို့က မြန်မာပြည်သားလုပ်သားများအား မနှစ်သက်သဖြင့် သက်ဆိုင်ရာ ရပ်ကွက် သူကြီး များမှတဆင့် ဖိအားပေးပြီး မြန်မာပြည်သားလုပ်သားများကို နှင်ထုတ်ခိုင်းသည်ဟုလည်း ဆိုသည်။

သို့သော် မြန်မာပြည်သား အလုပ်သမားများကို အလုပ်ခိုင်းထားသည့် လုပ်ငန်းရှင်များက ထိုသို့ နှင်ထုတ် ရန် သဘောမတူကြကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအစပိုင်းတွင် ချင်းမိုင်မြို့ပြင်ရှိ မဲဂျိုး(Mae Jo) တက္ကသိုလ်မှ ထိုင်းကျောင်းသူ တဦး အား မြန်မာပြည်သားနှစ်ဦးက မတရားကျင့်သတ်ဖြတ်ခဲ့သည်ဟူသော ထိုင်းရဲများက ထွက်ဆိုပြီး နောက်ပိုင်း ချင်းမိုင်မြို့တွင် ယခုလို တင်းကျပ်ခဲ့ခြင်းဖြစ်သည်။

မဲရင် Mae Rim ရွာတွင် ဖေဖော်ဝါရီလအတွင်းက မြန်မာပြည်သား အလုပ်သမားများလိုက်နာရန် စည်းကမ်း ချက် တစောင်ကိုထုတ်ပြန်ထားကြောင်း ချင်းမိုင်မြို့အခြေစိုက် အလုပ်သမား ကူညီ စောင့်ရှောက်ရေး အဖွဲ့ (Map) က ဆိုသည်။

ယင်း ထုတ်ပြန်ချက်တွင် ည ၁နာရီ နောက်ပိုင်း ဆိုင်ကယ်မမောင်းရ၊ မြေနေရာငှားပြီး ကိုယ်ပိုင်စိုက်ပျိုး ရေး လုပ်ခွင့်မရှိ၊ သစ်ပင်မခုတ်ရ၊ ရွာသူကြီးများက အလုပ်သမားများကို မှတ်ပုံတင်ခိုင်းရမည်၊ ရပ်ကွက်အလိုက် တရားမဝင်အလုပ်သမားများရှိပါက ရပ်ကွက်သူကြီးထံအကြောင်းကြားရမည်ဆိုသည့် အချက်များပါဝင်သည်။

အလားတူပင် ထိုင်းနိုင်ငံအနှံ့နေထိုင်နေသည့် မြန်မာပြည်သား လုပ်သားများအား ထိုင်းအာဏာပိုင်များက တင်းကျပ်စွာဖမ်းဆီးနေကြောင်းလည်း အလုပ်သမားအရေးဆောင်ရွက်သူများက ဆိုသည်။

ထိုင်းနိုင်ငံရောက်မြန်မာပြည်သားများအသင်းမှ တာဝန်ခံတဦးဖြစ်သူ ဦးကျော်သောင်းက“ဘန်ကောက် မှာ လည်း ဗမာတွေရှိတဲ့နေရာတွေ အကုန်လုံးမှာ ဝင်ဖမ်းတာပဲ၊ ဈေး အဝင်အထွက် လမ်းတွေမှာ ထွက်ပြေးလို့ မလွတ်အောင် ဝိုင်းထားပြီး ဖမ်းတယ်၊ ဘန်ကောက်မှာရှိတဲ့ ညဈေးမှာလည်း လက်မှတ်မရှိတဲ့ သူရော တချို့ passport နဲ့ ဈေးရောင်းနေတဲ့သူလည်း ရှိတယ်၊ ဒါကို မြန်မာပြည်သား တယောက်နဲ့ ရဲပေါင်းပြီးတော့ တယောက်ကို ဘတ်နှစ်ထောင်ပေးရမယ် ဆိုပြီး လုပ်လာတော့ အခက်တွေ့နေကြတယ်”ဟု ပြောသည်။

ထို့အတူ ပြီးခဲ့သည့်အပတ်တွင်လည်း မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား နေအိမ်များအား ထိုင်းအာဏာပိုင် များက အုပ်စုလိုက် ဝိုင်းဝန်းပိတ်ဆို့ပြီး အလုပ်သမား ၅၀၀ကျော်ကို ဖမ်းဆီးခဲ့သည်။

ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော် ဖြစ်သည့်ချင်းမိုင်မြို့တွင် တရားဝင်နှင့်တရားမဝင် ရွှေ့ပြောင်း မြန်မာလုပ်သား ခန့်မှန်းခြေ ၈သောင်းခန့်ရှိသည်ဟု သိရသည်။ ထိုင်းတနိုင်ငံလုံးတွင် မြန်မာပြည်သားရွှေ့ပြောင်း နေထိုင်သူ ၂ သန်းမှ ၄ သန်းအထိရှိပြီး အများစုမှာ အလုပ်သမားမှတ်ပုံတင်အသစ်ရရှိရေးအတွက် စောင့်ဆိုင်း လျှက်ရှိ သည်။

သို့သော် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းလာသည့် လူသစ်များကို ယခုလတ်တလောတွင် တရားဝင် မှတ်ပုံတင်ပြုလုပ်ပေးရန် အစီအစဉ်မရှိသေးကြောင်းသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်