နာဂစ် ဒုက္ခသည် ကူညီသူကို ထောင် ၁၇ နှစ်ချ

E-mail Print
စစ်အစိုးရက ဖမ်းဆီးထားသည့် နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး ပြုလုပ်သူ ကိုမင်းသိန်းထွန်းကို ယမန်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးမှ ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက် ကြောင်း မိသားစု ၀င်များနှင့် ထောင်ဝန်ထမ်း အသိုင်းအ၀န်းက ပြောသည်။

ကိုမင်းသိန်းထွန်းကို အီလက်ထရွန်နစ် ပုဒ်မ ၃၃/က ၊ နယ်စပ်ဖြတ်ကျော် ပုဒ်မ ၁၃/၁ နှင့် တရားမ၀င် အဖွဲ့ အစည်း ဆက်သွယ် ပုဒ်မ ၁၇/၁ စသည့် ပုဒ်မ ၃ ခု ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်ခြင်း ဖြစ် သည်ဟု အင်းစိန်ထောင် ၀န်ထမ်းနှင့် နီးစပ်သူ တဦးက ပြောသည်။

“အဲဒီ ၃ မှု နဲ့ ထောင် ၁၇ နှစ် ချလိုက်တယ်၊ တပေါင်းတည်း ပုံစံမျိုး၊ ရှေ့နေလည်း မရှိဘူး၊ မိသားစုလည်း မ၀င်ရ ဘူး၊ မိသားစုက လာစောင့်တယ် ၀င်ခွင့်မရဘူး၊ အမိန့်ချလိုက်တယ်ပဲ သူတို့ သိရတာ”ဟု ၎င်း က ပြောသည်။

ယင်း ကိုမင်းသိန်းထွန်းကို ၂၀၀၈ ခုနှစ် ဇွန်လ အတွင်း၌ စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး အောင်သပြေ စစ်ကြောရေး စခန်းတွင် ၂ လ ခန့် စစ်ကြောခဲ့ပြီးနောက် အင်းစိန်ထောင်သို့ ပို့လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“သူ့အိမ်ကိုလာစစ်သွားတာက ၁၁ - ၇ - ၂၀၀၈ မှာ၊ မိဘတွေက အဲဒီအချိန် အဖမ်းခံလိုက်ရမှန်းမသိဘူး၊ မိဘ တွေ အိမ်ကို လာရှာတဲ့ အချိန်မှာ ဖမ်းထားပြီးနေပြီ၊ သက်သေခံ ဘာတွေရှိမလဲဆိုပြီးတော့ လာရှာကြတာ၊ ဘာမှ အထောက်အထား မတွေ့သွားဘူး၊ ၁၆ - ၉ -၂၀၀၈ မှာ သူ့ကို အောင်သပြေ စစ်ကြောရေးကနေ အင်းစိန်ထောင် ကို ပို့လိုက်တာ”ဟုလည်း အင်းစိန်ထောင် ၀န်ထမ်းနှင့် နီးစပ်သူက ပြောဆိုသည်။

ကိုမင်းသိန်းထွန်းသည် မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေရင်း မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် နှစ် မေလ က နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံရသော ဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး ပစ္စည်းများပေးပို့ နေရာမှ မြန်မာပြည်တွင်းသို့ ကိုယ်တိုင်ဝင်ရောက်လာစဉ် နယ်စပ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် တနင်္လာနေ့ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင် မချိုနှင့် မသိင်္ဂီ တို့ကို  အင်းစိန်ထောင်တွင်းအထူး တရားရုံးမှာပင် တရားမ၀င် အဖွဲ့အစည်း ဆက်သွယ် ပုဒ်မ ၁၇/၁ နှင့် ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်ကြောင်း အန်အယ်လ်ဒီ က ပြောသည်။

ယင်း မချိုနှင့် မသိင်္ဂီ တို့သည်လည်း နာဂစ် ဆိုင်ကလုန်းနောက်ပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်