၂ နှစ်အတွင်း အကျဉ်းသားအရေအတွက် ၂ ဆ တိုး

E-mail Print
နိုင်ငံရေး အကျဉ်းသား အရေအတွက်သည် မြန်မာပြည်တွင် ၂၀၀၇ သြဂုတ်လမှ စတင်ပြီး နှစ်ဆ တိုးတက်လာသည်ဟု ယနေ့စတင်သည့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုတွင် ပါဝင်သူများက ပြောကြားလိုက်သည်။

“နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်မပေးဘူး ဆိုရင် မြန်မာပြည်ထဲမှာ ငြိမ်းချမ်းရေး၊ အေးချမ်းတည်ငြိမ်ရေး ဆိုတာလည်း ရှိမှာမဟုတ်ဘူး” ဟု အဆိုပါလှုပ်ရှားမှုတွင် ခေါင်းဆောင် ပါဝင်သူ တဦးဖြစ်သည့် မခင်ဥမ္မာက ဧရာဝတီသို့ ပြောပြသည်။

လူ့အခွင့်အရေး အဖွဲ့များ၏ အဆိုအရ မြန်မာပြည်တွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ အရေအတွက်မှာ အနည်းဆုံး၂၁၀၀  ရှိသည်ဟု ဆိုသည်။ ၂၀၀၇ သြဂုတ်လတွင် ၁၁၀၀ ခန့်သာ ရှိသည်ဟု သိရသည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို ယနေ့မှ စတင်ပြီး နိုင်ငံတကာတွင် ပြုလုပ်သွားမည် ဖြစ်ရာ လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုတရပ် ပါဝင်သည်။ လက်မှတ်ပေါင်း ၈၈၈ ၈၈၈ ခု ရရှိအောင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက် နှင့် ချင်းမိုင်မြို့ကြီးများတွင် အဆိုပါ လှုပ်ရှားမှုကို စတင် ဆောင်ရွက်လျက် ရှိသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရခိုင်တိုင်းရင်းသားများကလည်း  ဒက္ကားမြို့တော်တွင် ယနေ့ စုဝေးခဲ့ကြပြီး နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အတွက် တောင်းဆို ဆန္ဒပြခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုများ အစပြုကြသည့် ယနေ့ မတ်လ ၁၃ ရက်နေ့သည် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ်လည်း ထင်ရှားသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံများက ၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်နေ့မှ စတင်ပြီး လူ့အခွင့်အရေးနေ့ကို ကျင်းပခဲ့ကြသည်။ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ပစ်သတ်ခံခဲ့ရသည့် ပထမ နှစ်ပတ်လည်နေ့တွင် ထိုသို့ ကျင်းပခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုကို မေလ ၂၄ ရက်နေ့တွင် အဆုံးသတ်မည်ဟု ဆိုသည်။ ထိုနေ့သည် ထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာရမည့်နေ့ ဖြစ်သည်။

ကောက်ခံရရှိသည့် လက်မှတ်များကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံသို့ ပေးပို့မည်ဟု မခင်ဥမ္မာက ပြောပြသည်။ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေသော ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်များ ပိုမို ထိရောက်စေရန် ရည်ရွယ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်လတွင် စစ်အစိုးရက အကျဉ်းသား ၆၃၁၃ ဦးကို ထောင်မှ လွှတ်ပေးခဲ့သည်။ သို့သော်လည်း ထိုအထဲတွင် နိုင်ငံရေး အကျဉ်းသား ၂၄ ဦးသာ ပါဝင်သည်ဟု ထိုင်းမြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်