ဒီချုပ်အဖွဲ့ဝင်များ ဆက်တိုက် အဖမ်းခံနေရ

E-mail Print
ပြည်ပအခြေစိုက် လူ့အခွင့်အရေး အဖွဲ့များက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်နေသော်လည်း စစ်အစိုးရက ယခုလအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ)အဖွဲ့ဝင်များကို ဖမ်းဆီး မှုများ ဆက်တိုက်ပြုလုပ်နေကြောင်းသိရသည်။

ယမန်နေ့ည ၁ နာရီ ခွဲက တောင်ဒဂုန်မြို့သစ် မြို့နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် ဦးကြည်လွင်ကို စစ်အာဏာပိုင် များ က နေအိမ်တွင် လာရောက် ဖမ်းဆီးခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

“မနေ့ညက ည ၁နာရီခွဲလောက်က ၊ အိမ်မှာလာ ဖမ်းတာ၊ လာဖမ်းတာက အက်စ်ဘီက၊ သူကလည်း အန်အယ်လ်ဒီ အဖွဲ့ဝင်ပဲ၊ ကျန်းမာရေးကလည်း မကောင်းဘူး၊ လေလည်းဖြတ်ထားတယ်”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောပြသည်။

၎င်း အသက် ၅၀ ၀န်းကျင်ရှိ ဦးကြည်လွင်သည် လက်ရှိတွင် လေဖြတ်ထားပြီး ကျန်းမာရေးမကောင်းသည့် အတွက် ယခင်မြို့နယ်စည်းရုံးရေး တာဝန်မှ သာမန်အဖွဲ့ဝင်အဖြစ်နှင့်သာ နေသူတဦး ဖြစ်သည်ဟုလည်း ဆို သည်။

ပြီးခဲသည့် သောကြာနေ့ ညနေပိုင်းကလည်း အန်အယ်လ်ဒီ လူမှုအထောက်အကူပြုအဖွဲ့မှ မချို ခေါ် ဒေါ်မြင့်မြင့်စန်း ကို အာဏာပိုင်များက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်တွင်နေထိုင်သည့် အဆိုပါ မချိုကို အာဏာပိုင်များက လမ်းတွင်ပင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် မည်သည့် အတွက်ဖမ်းဆီးသည်ကို မသိရှိရကြောင်း ဦးဉာဏ်ဝင်း ကပြောဆိုသည်။

“အမှန်ပြောရင် ဘာကြောင့်ဖမ်းတယ်ဆိုတာ ကျနော်တို့ မသိဘူး၊ ကျနော်မြင်တာကတော့ သူဟာ လူမှု အထောက် အကူအဖွဲ့က ငွေစာရင်းတွေကို ကိုင်တယ်၊ လူတွေကို စိစစ်တယ်၊ ငွေတွေ ထုတ်ပေးတယ်၊ သူလုပ်နေတဲ့ အလုပ်မှာတော့ အမှားအယွင်း ဘာမှ ကျနော်တို့ မကြားဖူးဘူး၊ မတွေ့ဖူးဘူး”ဟု ၎င်းက ဆိုသည်။

ယင်းအန်အယ်လ်ဒီ လူမှုအထောက်အကူပြုအဖွဲ့သည် ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတ၀န်းရှိ နိုင်ငံရေး အကျဉ်းသားများကို အကူအညီ အထောက်အပံ့ ပေးနေသည့် အဖွဲ့ဖြစ်သည်။

ယခုအဖမ်းအဆီးခံ မချိုမှာ နိုင်ငံရေးအကျဉ်းသားများကို ကူညီထောက်ပံ့မှုပြုလုပ်ပေးနေသူ တဦးဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ကလည်း ပြော သည်။

“သူက နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုတွေက ထောင်ဝင်စာသွားတွေ့တဲ့အခါမှာ လိုအပ်တဲ့ ဆေးဝါးနဲ့ ငွေကြေး အကူအညီတွေ ပေးနေသူဖြစ်ပါတယ်”ဟု အေအေပီပီ မှ ကိုအောင်ကျော်ဦး က ပြောဆိုသည်။

ယခုလဆန်း ၆ ရက်နေ့ကလည်း စမ်းချောင်းမြို့နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် ကိုစိန်လှိုင်နှင့် လှိုင်မြို့ နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် ကိုရွှေဂျိုး တို့ကို ညအချိန် ၎င်းတို့၏ နေအိမ်များတွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့သည်။

တချိန်တည်းတွင်ပင် နိုင်ငံရေး အကျဉ်းသား အားလုံးလွတ်မြောက်ရေး လက်မှတ်ထိုးလှုပ်ရှားမှုကို ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု(အက်ဖ်ဒီဘီ)နှင့် အေအေပီပီတို့ ပူးပေါင်း ဦးဆောင်၍ မြန်မာ နိုင်ငံ လူ့အခွင့်အရေးနေ့ မတ်လ ၁၃ ရက် မှ မေလ ၂၄ ရက်နေ့အထိ ပြုလုပ်လျှက်ရှိသည်။

၂၀၀၇ ခု သြဂုတ်လတွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၁၁၀၀ ခန့်သာ ရှိပြီး ယခုအခါ အနည်းဆုံး၂၁၀၀ ရှိသည့်အတွက် စစ်အစိုးရ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား ၂ ဆ ခန့်ရှိနေသည်ဟု ၎င်းတို့က ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်