ယခုနှစ်သင်္ကြန်စာ အဓိပ္ပာယ်နှစ်ခွ ဖော်ပြ

E-mail Print
မကြာမီက ထုတ်ဝေလိုက်သော သင်္ကြန်စာတွင် မြန်မာပြည်သည် လာမည့် နှစ်အတွင်း ကြမ္မာဆိုးများကို ကြုံတွေ့ရမည်ဟု ဖော်ပြထား သကဲ့သို့ အေးချမ်း သာယာပြီး ဖွံဖြိုးမည် ဟုလည်း ရေးသားထားသည်။

ထိုသို့ အဓိပ္ပာယ် နှစ်မျိုး ဖော်ပြထားခြင်းမှာ သင်္ကြန်စာ ပြုစုသူ ပညာရှင်များက လွတ်လပ်စွာ ရေးသား တွက်ချက်ခွင့် မရသောကြောင့် ဖြစ်မည်ဟု အကဲခတ်များ၊ ဗေဒင် ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

အစိုးရက နိုင်ငံတကာရေးရာများတွင် အခက်အခဲများကို ကျော်ဖြတ်ပြီး အောင်မြင်မည်ဟု တန်ခူး၊ နယုန်၊ ဝါခေါင်၊ ပြာသို၊ တပေါင်း စသည့်လများ အတွက် ဟောကိန်းများတွင် ဖော်ပြထားသည်။

လာမည့် တော်သလင်းလ ( ၂ဝဝ၉ ခုနှစ် သြဂုတ်လ) တွင် “အင်တာနက်၊ ကွန်ပျူတာ၊ တယ်လီဖုန်း နှင့် ဆက်သွယ်ရေး လုပ်ငန်းများ အောင်မြင်အံ့” ဟု ဖော်ပြထားသည်။

လအလိုက် ဟောကိန်းများအရ နှစ်သစ်တွင် နိုင်ငံ၊ အုပ်ချုပ်သူ၊ ပြည်သူ တို့သည် ဖွံ့ဖြိုး တိုးတက်မှု၊ သာယာ အေးချမ်းမှုများကိုသာ ကြုံတွေ့ရမည်ဟု ဆိုသည်။

သို့သော်လည်း သင်္ကြန်စာ၏ ပထမပိုဒ်တွင် “ပဒေသရာဇ် စနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံများ ပျက်သုဉ်းအံ့” ဟု ရေးသားထားသည်။

“စစ်အာဏာရှင် ဆိုတဲ့ စကားလုံးကို မသုံးချင်လို့ ပဒေသရာဇ်  ဆိုတဲ့ စကားလုံးကို သုံးလိုက်တာလို့ ယူဆပါတယ်” ဟု သင်္ကြန်စာ နှစ်စဉ် ဖတ်ရှုသော ရန်ကုန်မှ စာရေးဆရာ တဦးက ဧရာဝတီသို့ ပြောပြသည်။

“တကယ် တွက်ချက်မိတဲ့အတိုင်း ရေးလိုက်လို့ကတော့ ဆင်ဆာ ဖြတ်ခံရမှာပဲ။ ပြီးတော့ သင်္ကြန်စာကို အစိုးရ ရေးစေချင်တဲ့ အတိုင်း ရေးပေးနေရတာ ကြာပါပြီ” ဟု ရွှေတိဂုံဘုရားမှ ဗေဒင်ဆရာတဦးက ဆိုသည်။

သင်္ကြန်စာကို မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့က တနှစ် တကြိမ် ရေးသား ထုတ်ဝေလေ့ရှိသည်။ သို့သော်လည်း ယခုနှစ်တွင် ထုတ်ဝေသော သင်္ကြန်စာ၏ ထိပ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် စီစဉ် တွက်ချက် ပြုစုကြောင်း ဖော်ပြထားသည်။

“ရေးရတာ မလွတ်လပ်ဘူး ဆိုတဲ့ သဘောကို သင်္ကြန်စာ ဖတ်တဲ့သူတွေ သိစေချင်လို့ ဝန်ကြီးဌာနက ကြီးကြပ်တယ် ဆိုတာကို တမင်သက်သက် ထည့်ထားတာ ဖြစ်မယ်” ဟု ရန်ကုန်မှ ဗေဒင်ဆရာတဦးက ဧရာဝတီသို့ ပြောပြသည်။

ဝေဒပညာရှင်များက နှစ်စဉ် ရေးသားပြုစုသော သင်္ကြန်စာကို မြန်မာပြည်သား အများအပြားက အလေးအနက်ထား ဖတ်ရှုလေ့ ရှိသည်။

သင်္ကြန်စာတွင် ရာသီဥတု အခြေအနေများ၊ သီးနှံဖြစ်ထွန်းမှု အခြေအနေများ နှင့် ပတ်သက်ပြီး ကြိုတင် ခန့်မှန်းချက်များ ပါဝင်လေ့ရှိသဖြင့် တောင်သူ လယ်သမားများက ဝယ်ယူ ဖတ်ရှုလေ့ရှိသည်။

သင်္ကြန်စာကို “နှစ်ကူးမည့် နေ့ရက် ချိန်ခါနှင့် နှစ်သစ်တွင် ဖြစ်ပေါ်မည့် မိုးလေဝသ၊ သီးနှံထွက် စသည့် အခြေအနေများကို ဟောထားသော စာတမ်း” ဟု ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့က ထုတ်ဝေသည့် မြန်မာအဘိဓာန်က အဓိပ္ပာယ် ဖွင့်ထားသည်။

သင်္ကြန်စာသည် မြန်မာ့ယဉ်ကျေးမှု နှင့် ဟိန္ဒူ အယူဝါဒတို့ရောထွေးပြီး မြန်မာနိုင်ငံသို့ ရောက်လာခြင်း ဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းက ဆိုသည်။

“ဗေဒင် ပညာရှိ ပုဏ္ဏားတို့သည် မြန်မာဘုရင်များ လက်အောက်တွင် ဝင်ရောက် အမှုထမ်း၍ သင်္ကြန်တွက်ရိုးကျမ်း၊ ဝေဒင်္ဂကျမ်း၊ အသီတိဓာတ်ကျမ်း စသည်တို့ဖြင့် မဟာသင်္ကြန်စာများ ထုတ်ကာ စီးပွားရှာခဲ့ကြ၏” ဟု မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်