ဘစ်ဂျလီ မုန်တိုင်း ရခိုင်ကို ဝင်မည်

E-mail Print
ဘစ်ဂျလီဟု အမည် ပေးထားသည့် မုန်တိုင်းတခု မနက်ဖြန် နေ့လယ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဝင်ရောက် တိုက်ခတ်မည် ဟူသော သတင်းကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။
မာန်အောင်၊ ရမ်းဗြဲ၊ စစ်တွေမြို့များတွင် အာဏာပိုင်တို့က “ပင်လယ်ပြင်မှ ငါးဖမ်းလုပ်သားများ ပြန်လာကြရန်၊ မုန်တိုင်း ဖြစ်လျှင် အိမ်အပြင် မထွက်ကြရန်”  အသံချဲ့စက်ဖြင့် လိုက်လံ ကြေညာနေသည် ဟု သိရသည်။



“မုန်တိုင်းဖြတ်ကျော်စဉ် ရေပြင် မြေပြင်လေသည် တစ်နာရီ မိုင် ၆ဝ မှ မိုင် ၇ဝ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းကြီးနိုင်သည်” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားရေးမှူး ဦးစီးဌာန၏ ထုတ်ပြန်ချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံးတွင်လည်း ဖော်ပြထားသည်။

မြန်မာ့အသံ၊ မြန်မာ့ ရုပ်မြင်သံကြား တို့ကလည်း အဆိုပါ မုန်တိုင်း သတင်းကို ကြေညာပေးလျက်ရှိသည်။

မုန်တိုင်း အန္တရာယ် ကျရောက်လာမည် ဟု ဆိုသော်လည်း ရခိုင်ပြည်နယ်ရှိ တချို့သော ဒေသများတွင် သင်္ကြန်ပွဲ ကျင်းပနေဆဲ ဖြစ်သည်ဟု သိရသည်။

“မုန်တိုင်းတခု ထပ်လာဖို့ ရှိတယ် ဆိုတာ သိတယ်၊ ဒါပေမယ့် အခုချိန်ထိ တချို့က သင်္ကြန်ကျနေတုန်းပဲ” ဟု စစ်တွေမြို့ခံ တဦးက ပြောသည်။

၂ဝဝ၈ခုနှစ် မေလက မြန်မာနိုင်ငံသို့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက် တိုက်ခိုက်မှုကြောင့် လူပေါင်း တ သိန်းကျော် သေဆုံး၊ ပျောက်ဆုံးခဲ့သည်။ ယခုအချိန်အထိ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေရဆဲဖြစ်သည်။ ထို မုန်တိုင်းတိုက်မှု တနှစ်ပြည့်ရန် ရက်အနည်းငယ် အလိုတွင် ဆိုင်ကလုန်း မုန်တိုင်းတခု ထပ်မံ တိုက်ခိုက်မည် ဟူသော သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုမုန်တိုင်း လမ်းကြောင်းနှင့် အနည်းငယ် ဝေးသော်လည်း နာဂစ် ဆိုင်ကလုန်း ဒဏ်ကို အပြင်းအထန် ခံခဲ့ရသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ  ဒေသခံများကမူ မုန်တိုင်း သတိပေးချက်ကြောင့် အထိတ်တလန့် ဖြစ်နေကြကြောင်း သိရသည်။

“တောကလူတွေ မြို့တက်လာကြတယ်၊ ပြင်စလူဘက်ကပေါ့။ သူတို့ ဘုန်းကြီးကျောင်းတွေမှာ၊ တချို့ကလည်း သူတို့ ဆွေမျိုး ရှိတဲ့ အိမ်တွေမှာ နေကြတယ်၊ ခု မြို့ပေါ် မှာတော့ ဘာမှ မထူးခြားဘူး၊ သတင်းတွေတော့ ကြားတယ်၊ ရခိုင် ကမ်းရိုးတန်းဘက် လို့ပဲ ကြားတယ်” ဟု ဧရာဝတီတိုင်း၊ လပွတ္တာမြို့ခံတဦးက ပြောသည်။

ဘိုကလေးမြို့တွင်လည်း မုန်တိုင်းသတင်း နှင့် ပတ်သက်ပြီး တဦးနှင့်တဦး သတိပေး ပြောဆိုနေကြပြီး၊ တချို့က ဖုန်းဆက်၍ သတင်းမေးနေကြကြောင်း ဒေသခံတဦးက ပြောသည်။

“အရင်က သေကြေ ပျက်စီးခဲ့တဲ့ တောပိုင်းက လူတွေက ခု ဘိုကလေးကို တက်လာကြတယ်၊ ပင်လယ်ထဲမှာ အလုပ် သွားလုပ်တဲ့ လူတွေလည်း ပြန်လာကြတယ်၊ မြို့က လူတချို့ကလည်း ရန်ကုန် သွားကြတယ်၊ အားလုံးက တုန်လှုပ် ကြောက်ရွံ့နေကြတယ်၊ ကျနော်လည်း ကြောက်တာပေါ့၊ ရာသီဥတု ကတော့ လေ စ တိုက်နေတယ်” ဟု အဆိုပါ ဘိုကလေး ဒေသခံက ပြောသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်