ဇာဂနာ ကျန်းမာရေး စိုးရိမ်ရ

E-mail Print

နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသော လူရွှင်တော် ဇာဂနာသည် ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်တွင် အသည်းရောင် အသားဝါရောဂါ ခံစားနေရပြီး ကျန်းမာရေး အခြေအနေ

စိုးရိမ်ရကြောင်း မိသားစုဝင် တဦးက ပြောသည်။

ကိုဇာဂနာသည် ယခုလ ၁၆ ရက်နေ့တွင် အကျဉ်းထောင်အတွင်း ည ၈ နာရီမှ ၁၁ နာရီအထိ သတိ လစ်သွားခဲ့ ကာ သွေးတိုး ၊ နှလုံးရောဂါနှင့်အသည်းရောင်အသားဝါ ရောဂါကိုပါ ခံစားနေရပြီး လုံလောက်သည့် ဆေးဝါးကုသ မှုမရရှိသည့်အတွက် ကျန်းမာရေး စိုးရိမ်ရသည်ဟု ခယ်မဖြစ်သူ မငြိမ်းက ပြောသည်။   

“ဒီဆေးကုသမှု ထိရောက်စွာ မရသေးတဲ့ အတွက် ကျမ အရမ်းစိုးရိမ်တယ်၊ အသည်းရောင် အသားဝါ ရောဂါက တကယ်သေတတ်တဲ့ ရောဂါတော့ မဟုတ်ဘူး ပေါ့နော်၊ ဒါပေမယ့် ဆေးကုသခွင့် အသေအချာ မရရင်တော့ အများကြီး ဆိုးကျိုးတွေ ရလာနိုင်တယ်”ဟု မငြိမ်းက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဇာဂနာ၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆေးကုသခွင့်ပေးရန် ထောင်အာဏာကပိုင်များကို တောင်း ဆိုထားသည်ဟုလည်း ဆိုသည်။

ကိုဇာဂနာသည် ပြီးခဲ့သည့် ၂၀၀၈ခုနှစ် ဇွန်လဆန်းပိုင်း၌ နာဂစ် လေဘေးကယ်ဆယ်ရေး လုပ်နေစဉ် စမ်းချောင်း မြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရပြီး နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန်လှုံ့ဆော်မှု၊ ဗီဒီယိုအက် ဥပဒေနှင့် အီလက်ထရွန်နစ် အက်ဥပဒေ ၃ ခု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉နှစ် ချမှတ်ခံခဲ့ရသည်။

ထိုအပြင် ကိုဇာဂနာအား ယခုနှစ် ဖေဖော်ဝါရီလတွင် အာဏာပိုင်များက အီလက်ထရွန်နစ် အမှု တမှုလျှင် ၈ နှစ်စီ ဖြင့် ၂၄ နှစ် လျှော့ပေးခဲ့ရာ ယခုအခါ ၎င်းမှာ ထောင်ဒဏ် ၃၅နှစ် ကျခံရမည်ဖြစ်သည်။

စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားများကို ယခုကဲ့သို့ မိသာစုနှင့် ဝေးသည့် ထောင်များကို ပြောင်းရွေ့လိုက် ခြင်း သည် အကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်ခြင်းတမျိုး ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

“နယ်ဝေးထောင်ကိုပြောင်းတယ်၊ မိသာစုဝင်တွေကလည်း အရင်တုန်းက အကျဉ်းထောင် ဥပဒေအရ နှစ်ပတ် တခါ တွေ့ခွင့်ရတယ်၊ အခုအဲဒါလည်း တွေ့ခွင့်မရတော့ဘူး၊ တလ တခါပဲ တွေ့ခွင့်ရတယ်ဆိုတဲ့ အနေအထားတွေ ရှိတယ်၊နောက် ထောင်ဆေးရုံး မရှိဘူး၊ ထောင်ဆရာဝန်မရှိဘူး၊ ထောင်မှာ ဆေးဝါးမရှိဘူး ဆိုတဲ့အခါကျတော့၊ ဒါဆိုရင် ကျန်းမာရေး မကောင်းတဲ့လူတယောက်ကို ဆေးမကုပေးတာက အရက်စက်ဆုံး လူသတ်နည်းဖြစ်တယ်” ဟု ဦးဘိုကြည်က ပြောဆိုသည်။   

ထို့အပြင် ကိုဇာဂနာ အပါဝင် ၊ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေး ၊ ၈၈ မျိုးဆက်ကျောင်းသား ကိုအောင်သူနှင့် ကိုလှမျိုးနောင်၊ မန္တလေးတိုင်း မတ္တရာမြို့နယ် အမတ် ဦးသန်းလွင်၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး တို့၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး ယခုအပတ်အတွင်း ဆိုးဆိုးရွားရွားကြားသိနေရကြောင်း လည်း ၎င်းက ပြောပြသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ရှိကြောင်း AAPP ၏ ထုတ်ပြန်ချက် အရ သိရသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်