မဲရုံစောင့်ကြည့်မည့် စေတနာ့ဝန်ထမ်းများကို ချုပ်ချယ်

Tuesday, 02 November 2010 11:46 ရွေးကောက်ပွဲ သတင်းတို
Print
ရွေးကောက်ပွဲနေ့တွင် မဲရုံစောင့်ကြည့်ရန် တာဝန်ယူမည့် စေတနာ့ ၀န်ထမ်းအဖြစ် ကူညီမည့်သူများကို ရွေးကောက်ပွဲ ကော်မရှင်က ခြိမ်းခြောက်ခြင်း၊ မိမိသန်းခေါင်းစာရင်းရှိရာ ရပ်ကွက်မှ တခြားရပ်ကွက် တခုသို့ သွားခွင့်မပြုခြင်း၊ မဲရုံတရုံလျှင် စေတနာ့ဝန်ထမ်း ၂ ဦးသာ ထားပိုင်ခွင့်ရှိခြင်း စသည်ဖြင့် ကန့်သတ်ချုပ်ချယ်နေသောကြောင့် နိုင်ငံရေးပါတီ အများစုမှာ အခက်အခဲများ ရှိနေကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ကန့်သတ်မှုများသည် စစ်အစိုးရထောက်ခံမှု ရရှိထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံဖွံ့ပါတီ) အနိုင်ရရန် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီး မဲလိမ်မှု၊ မဲမသမာမှုများ လုပ်ဆောင်နိုင်ရန် အခွင့်အရေး ဖန်တီးပေးခြင်း သာဖြစ်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့ကပြောသည်။