ရေနံချောင်း စက်မှုဇုန်မှာ NLD မဲမပေးရေး လှုပ်ရှား

Wednesday, 03 November 2010 14:00 ရွေးကောက်ပွဲ သတင်းတို
Print
ရေနံချောင်းမြို့နယ် NLD အဖွဲ့ဝင် ၃၀ ခန့်က “မဲမပေးရေး” စာတန်းပါ တီရှပ်များ ၀တ်ဆင်ပြီး ရေနံ ချောင်းမြို့စက်မှုဇုန် ရပ်ကွက်အတွင်း လှည့်လည်လမ်းလျှောက်သည့် လှုပ်ရှားမှုတခု ယနေ့ ပြုလုပ်သည်ဟု သတင်း ရသည်။ အဆိုပါ အဖွဲ့ကို မကွေးတိုင်း NLD စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေး ဦးဆောင်ကြောင်း၊ တီရှပ်အရှေ့ပိုင်း၌ ဒေါ်အောင်ဆန်း စုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ ၃ ဦး၏ ဓာတ်ပုံများနှင့် နောက်ကျောတွင် မဲမပေးဘဲ နေပိုင်ခွင့်ရှိသည် ဆိုသည့် စာသားပါရှိ ကြောင်း၊ စက်မှုဇုန်အတွင်းရှိ အလုပ်သမားများကို စည်းရုံးရန်အတွက် သွားရောက်ခြင်း ဖြစ်ကြောင်း ရေနံချောင်းမြို့ခံ NLD လူငယ် တဦးက ပြောသည်။ ယခုလှုပ်ရှားမှုကို ရေနံချောင်းမြို့နယ် အာဏာပိုင်များက စောင့်ကြည့်မှုများ ရှိကြောင်းသိရသည်။