ကြံ့ဖွံ့ စွမ်းအားရှင်ကို လုံခြုံရေးအတွက်သုံး

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြပွဲများ ဖြိုခွင်းရေးအတွက် အသုံးပြုခဲ့သော စွမ်းအားရှင်များအား ကြံ့ဖွံ့ပါတီ တွင် ပါတီဝင်များဖြစ်ခွင့်ပေးခဲ့ပြီး လုံခြုံရေး အတွက် တာဝန် ပေးထားကြောင်း စွမ်းအားရှင်ဟောင်းတဦးက ပြောသည်။ အဆိုပါ စွမ်းအားရှင်ဟောင်းမှာ ယခင် လှိုင်သာယာမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၂၀၀၇ ခုနှစ် သြဂုတ်လ အတွင်း ရန်ကုန်မြို့ ကမာရွတ် လှည်းတန်းတွင် မစုစုနွေးနှင့် အဖွဲ့ကို အကြမ်းဖက် ဖြိုခွင်းခဲ့ရာတွင်လည်းကောင်း၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလ တာမွေကျောင်းရှေ့၌ ဖြိုခွင်းရာတွင်လည်းကောင်း တာဝန်ပေးခြင်းခံခဲ့ရသူ ဖြစ်ကြောင်း သိရှိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်