ညောင်ရွှေတွင်လည်း မဲစပေးနေ

Sunday, 07 November 2010 07:32 ရွေးကောက်ပွဲ သတင်းတို
Print
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် မဲရုံများ စတင်ဖွင့်လှစ်၍ မဲစပေးနေပြီ ဖြစ်ကြောင်း အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဆိုသည်။ “လုံခြုံရေးကို သိပ်ပြီးတင်းကျပ်ထားတာတော့ မရှိသေးဘူး။ အခုတော့ မဲရုံတွေကို သွားစစ်ဆေး လိုက်ဦးမယ်” ဟု အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးဝင်းမြင့်က ပြောသည်။