ဒလဘက်တွင်လည်း သောက်သုံးရေပြတ်လပ်

Saturday, 15 May 2010 15:04
Print
ရန်ကုန် တဘက်ကမ်း ဒလမြို့နယ် အတွင်းဘက်ပိုင်း ရွာများတွင်လည်း သောက်သုံးရေ လုံးဝ ပြတ်လပ်နေသည်ဟု ယမန်နေ့က သွားရောက် ရေလှူခဲ့သည့် လူငယ် အဖွဲ့တဖွဲ့က ပြောသည်။


water_shortage“ရေအလှူရှင်တွေ ရောက်မလာခင်က နောက်ကျိပြီး ကပ်ကျန်နေတဲ့ ရေကို အပေါ်ယံ ရှပ်ယူခပ်ပြီး သောက်ရတယ်၊ တချို့နေရာတွေမှာ မြစ်ရေကို ကန်ထဲခပ်ထည့် ကျောက်ချဉ်စိမ်ပြီး သောက်ရတယ်၊ ရေရှည်ကျတော့ ဘယ်သောက်နိုင်တော့မလဲ” ဟု ကိုယ်တိုင် သွားရောက်လှူခဲ့သူ ကိုရဲဟိန်းက ပြောသည်။

ကိုရဲဟိန်းနှင့် တက်ကြွသူ လူငယ်များသည် သွေးလှူအသင်း တသင်းကို စုစည်းထူထောင်ထားကြ သူများဖြစ်သည်။

ကြီးမားသော ရေကန်ကြီးများ လုံးဝ ခန်းခြောက်နေပြီး နောင်နှစ်တွင် ရေများများကျန်စေရန် ကန်ကို နက်သည်ထက် နက်အောင် တူးနေကြသည့် ရွာများလည်း ရှိသည်ဟု သိရသည်။

ရန်ကုန်ဘက်မှ ရေသယ်ရန် အထူးဆောက်ထားသည့် ရေသမ္ဗာန်ဖြင့် ရေကို သယ်ယူကာ ဒလဘက်သို့ ကူးရသည်။ ရေသမ္ဗာန် တစီးလျှင် ဂါလန် တထောင်ဆန့်ပြီး တစီးလျှင် ငွေတသောင်းကျပ် ပေးရသည်။ ဒလဘက်ကမ်းတွင် စည်ပိုင်းထဲသို့ ပြောင်းထည့်ပြီှးမှ ရွာများသို့ လိုက်ဖြန့်ပေးရသည်။

ယမန်နေ့က ရေသမ္ဗာန်ဖြင့် သုံးခေါက် လှူခဲ့သည့် လူငယ်အဖွဲ့တဖွဲ့က ရေဝယ်လှူရန်ပင် ရေသမ္ဗာန် လာမှ ဝယ်လှူရ၍ ရကြောင်း၊ ရေသမ္ဗာန်ကို တန်းစီပြီး စောင့်ရကြောင်း ပြောပြသည်။

{slimbox images/multimedia/water/d1.jpg,images/multimedia/water/d1-sm.gif, ကန်ထဲမှ လက်ကျန်ရေကို မျှတစွာ ခွဲယူရန် ဤသို့ ကြာမြင့်စွာ တန်းစီရသည် (ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ); images/multimedia/water/d2.jpg,images/multimedia/water/d2-sm.gif, သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ကားပေါ်တွင် ရေကို ရသလို တင်ဆောင်ပြီး ဖြန့်ဖြူးလှူဒါန်းကြသည် (ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ); images/multimedia/water/d3.jpg,images/multimedia/water/d3-sm.gif, ရေသယ်ယာဉ် အလွယ်တကူ မရသောကြောင့် ဖြစ်သည့်နည်းနှင့် ရေကို သယ်ယူ ပို့ဆောင်ပေးရသည် (ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ); images/multimedia/water/d4.jpg,images/multimedia/water/d4-sm.gif, ကလေးငယ်များလည်း မိသားစု ရေပြဿနာကို ဝိုင်းဝန်းဖြေရှင်းပေးရသည် (ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ); images/multimedia/water/d5.jpg,images/multimedia/water/d5-sm.gif, အပူရှိန်မြင့်တက်ခြင်းနှင့် မိုးအဝင်နောက်ကြခြင်းတို့ကြောင့် သောက်သုံးရေများ ပြတ်လပ်ကုန်သည် (ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ); images/multimedia/water/d6.jpg,images/multimedia/water/d6-sm.gif, လှူဒါန်းသည့် ပမာဏအလိုက် ခွဲဝေယူရသည် (ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ); images/multimedia/water/d7.jpg,images/multimedia/water/d7-sm.gif, ရေကို ခွဲဝေ ပေးနေစဉ် (ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)}

“အဲဒီဘက် ကမ်းမှာ ရှိတဲ့ အုတ် သဲ ကျောက် ကားသမား စတဲ့ နေရာစုံရောက်သူတွေက ဘယ်ရွာမှာ ရေပြတ်နေတယ် လိုနေတယ်ဆိုတာကို အလှူရှင်တွေကို လမ်းညွှန်ပေးကြပါတယ်” ဟု ယင်းအဖွဲ့မှ လူငယ်တဦးက ပြောသည်။

ရေလိုအပ်သည့်နေရာသို့ အလှူရှင်များ သွားရောက်ပြီး အလျှင်မီရန် လှူနေကြကြောင်းလည်း သိရသည်။

“ကျနော်ကတော့ မနေ့က ဒလဘက်ကို ရေလှူဖို့ ငွေသုံးသိန်း လှူခဲ့တယ်၊ ရန်ကုန်နဲ့ နီးပြီးတော့ ဆက်သွယ်ရေး ခက်လို့ လှူမယ့်သူတွေက မရောက်ဖြစ်ကြတဲ့ နေရာတွေ ဖြစ်နေတယ်” ဟု စီးပွားရေးသမား တဦးက ပြောသည်။

မြန်မာနိုင်ငံ တဝန်းလုံးတွင် အပူရှိန်မြင့်တက်မှု၊ မိုးရာသီ အဝင် နောက်ကျမှုနှင့်အတူ ရေရှားပါး ပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်။