ဒေါ်အောင်ဆန်းစုကြည် သတင်း လူထု အထူးအာရုံစိုက်

E-mail Print
စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်အား တရားစွဲဆို ထိန်းသိမ်းထားသည့် သတင်းနှင့် ပတ်သက်ပြီး မြန်မာ ပြည်သား အများစုမှာ ပြည်ပ ရေဒီယိုအသံလွှင့် သတင်းများကို စိတ်ဝင်တစား စောင့်မျှော် နားထောင် နေကြကြောင်း ရန်ကုန်မြို့ရှိ သတင်းထောက်များက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား သူ၏ နေအိမ်အတွင်းသို့ ယခုလဆန်းပိုင်းက အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ရေကူးဝင်ရောက်ခဲ့မူနှင့် ပတ်သက်ပြီး မေလ ၁၄ ရက်နေ့တွင် အာဏာပိုင်များက ပုဒ်မ ၂၂/၁၀၉ ဖြင့် တရားစွဲဆို၍ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည့် သတင်းနှင့် ပတ်သက်ပြီး လူအများက စိတ်ဝင် စား နေကြခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ သတင်းထောက် တဦးက“မနက်၊ ည သတင်းတွေကို အဆက်မပြတ်နားထောင် နေကြတယ်၊ မနက် ၅နာရီထပြီး ရေဒီယို စောင့်နားထောင်ကြပြီ၊  ၉နာရီခွဲရင် အင်တင်တာနက်ဆိုင် ရောက်နေတဲ့သူလည်း ရှိတယ်၊ လက်ဖ္ဘက်ရည်ဆိုင်တွေမှာလည်း ဒီသတင်းတွေပဲ ပြောနေကြတယ်၊ မိုးကလည်း အုံ့နေတော့ တချို့ လူတွေက စလောင်း တပ်ထားတဲ့ ဆိုင်တွေမှာ ရှိနေကြတယ်” ဟုက ပြောသည်။

“ရေဒီယို တလုံးကို မြေနီကုန်းနဲ့ ကြည့်မြင်တိုင်က ဆိုက်ကားသမား ငါးယောက်၊ ခြောက်ယောက် လောက် က ဝိုင်းနားထောင်နေတာ တွေ့ရတယ်၊ လမ်းသွား၊ လမ်းလာ နားထောင်နေတာ လည်း တွေ့ရတယ်” ဟု လည်း ၎င်းက ဆက်ပြောသည်။  

ယင်း ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ပတ်သက်ပြီး ပြည်ပသတင်းဌာနများက အဆက်မပြတ် ရေးသား ထုတ်ပြန်နေသော်လည်း  ပြည်တွင်းသတင်းဂျာနယ်များမှာ စစ်အစိုးရ သတင်းစာများကိုသာ ကိုးကား ဖော်ပြ ရသည်။  

အဆိုပါ ဂျွန် ဝီလျံ ယက်ထော (Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး သွားရောက်ကာ မေလ ၃ရက်နေ့မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ နေထိုင်ခဲ့ပြီး မေလ ၆ရက်နေ့တွင် ၎င်းအား တွေ့ရှိသဖြင့် ဖမ်းဆီးလိုက်ကြောင်း ၇ ရက်နေ့ထုတ် အစိုးရ သတင်းစာများ တွင် ဖော်ပြထားသည်။

ယမန်နေ့ထုတ် သတင်းစာများတွင်လည်း ယင်းအမေရိကန်နိုင်ငံသား John William Yettaw ၏ကိုယ်ရေး အကျဉ်းကို ဖော်ပြထားသည်။

ယခု ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာ အပါဝင် လူအများက စိတ်ဝင်စား အာရုံစိုက် နေကြ သော်လည်း စစ်အစိုးရက သတင်းအပြည်အစုံ ထုတ်ပြန်ခြင်းနှင့် သတင်းစာရှင်းလင်းများ ပွဲပြု လုပ်ခြင်း မရှိသေးပေ။

ရန်ကုန်မြို့မှ တခြားသော စာနယ်ဇင်းသမား တဦးကလည်း“သူတို့(စစ်အစိုးရ)နဲ့ ပိုင်တဲ့ မဂ္ဂဇင်းတွေ ကတော့ ရေးလို့ရတယ်ပေါ့နော်၊ The Voiceတို့လို၊ Eleven  Journal တို့လိုပေါ့၊ တခြားဂျာနယ် မဂ္ဂဇင်းတွေကတော့ မရနိုင်ဘူး၊ အခုနောက်ပိုင်း ဂျာနယ်တွေကလည်း ဒီကိစ္စတွေကိုဆိုရင် သိပ်မထည့်ကြတော့ဘူး၊ ဘာဖြစ် လို့ လဲဆိုတော့ ဂျာနယ် အပိတ်ခံရမှာ စိုးတာနဲ့လေ၊ထည့်လိုက်ရင်လည်း စိစစ်ရေးနဲ့ မဖြစ်ဘူး”ဟုပြောသည်။

၎င်းကဆက်လက်ပြီး”ကျနော်တို့ ဆိုရင် အမေရိကန်နိုင်ငံသား ဝင်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နောက်ဆက် တွဲ ဘာဖြစ် တော့မယ် ဆိုတာကို ကြိုမှန်းထားလို့ရပါတယ်၊ ဂျာနယ်တွေမှာ ပါတာ၊ မပါတာထက် လူထုက ညနေပိုင်း သတင်း BBC ၊ RFA တို့ကို စောင့်နားထောင်တဲ့သူ တော်တော်များလာတယ်၊ ဂျာနယ်တွေမှာ ပါတာက သတင်း အမှန်ရေးလို့မရဘူး ဆိုတာ သိလာကြတယ်၊ ဒီတော့ ဟိုဘက် သတင်းမီဒီယာက လွှင့်တဲ့ သတင်းတွေကို ပိုနားထောင်ကြတာပေါ့”ဟုလည်း ပြောသည်။

တချိန်တည်းတွင် အစိုးရလိုလားသည့် အင်တာနက် စာမျက်နှာများတွင်လည်း လက်ရှိဖြစ်ပေါ်နေသော ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် NLD ပါတီ လှုပ်ရှားမှု အခြေအနေများကို အဆက်မပြတ် ဖော်ပြနေ သည်။

အစိုးရထောက်လှမ်းရေးအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က စီစဉ်သည်ဟု အများက ယူဆကြသော အင်တာနက် စာမျက်နှာတချို့တွင် ဒေါ်အောင်ဆန်းစုကြည်သည် “ကန့်သတ်ချက် ဖောက်ဖျက်သည့် ဥပဒေ ပုဒ်မ (၂၂) အရ ထောင်ဒဏ် (၃) နှစ် အထိ ကျခံ ရနိုင်ဖွယ် ရှိသည်”ဟု ပြီးခဲ့သည့် အင်္ဂါနေ့ တွင် ရေးသားခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင် တရားမစွဲမီ ၂ ရက်အလိုတွင် ရေးသားခဲ့ခြင်း ဖြစ်သည်။  

အဆိုပါ သတင်းတွင် အချက်အလက်အမှားများကို ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းဖော်ပြထားသည်ဟု အကဲခတ်များက သုံးသပ်ကြသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ယက်ထော ကို နေထိုင်ခွင့် ပြုခဲ့ခြင်းကြောင့် အဖွဲ့ချုပ် ခေါင်းဆောင်များ မကျေနပ်ကြဟူသော အချက်အလက်မှာ စာဖတ် သူများ ထင်ယောင်ထင်မှား ဖြစ်စေရန် ဖော်ပြလိုက်ခြင်း ဖြစ်မည်ဟု သုံးသပ်ကြသည်။

မေ ၁၄ ရက်နေ့ ကလည်း အစိုးရလိုလားသည့် အင်တာနက် စာမျက်နှာတခုတွင် “ရန်တိုက်ပေးနေတဲ့ ဘီဘီစီ” ဟုသော ခေါင်းစဉ်ဖြင့် “ဘီဘီစီ၊ ဗီအိုအေ၊ အာရ်အာဖ်အေ စတဲ့ သတင်းဌာနကြီးတွေဟာ သတင်း ဌာန ကြီးတွေ ဖြစ်ပေမယ့် တကယ် ဂုဏ်သိက္ခာရှိတဲ့ သတင်းဌာနတွေ မဟုတ်ဘူး”ဟု ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုစွဲဆိုထားသည့် ပုဒ်မဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၄ နှစ်မှ ၅ နှစ် အထိ သို့မဟုတ် ငွေဒဏ် ၅၀၀၀ ကျပ် ကျခံနိုင်ဖွယ် ရှိကြောင်း ရှေ့နေများ၏ ပြောဆိုချက်အရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်