နိုင်ငံရေး အမှုလိုက်ရှေ့နေ ၂ ဦး လိုင်စင်သိမ်းခံရ

E-mail Print
နိုင်ငံရေးအမှုလိုက် ရှေ့နေကြီးများ ဖြစ်ကြသော ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့၏ ရှေ့နေလိုက်ခွင့် လိုင်စင်များကို ယမန်နေ့တွင် အာဏာပိုင်များက ရုပ်သိမ်းလိုက်ကြောင်း ရှေ့နေဦးအောင်သိန်းက ပြောသည်။

အဆိုပါ ရှေ့နေလိုက်ခွင့်လိုင်စင်ရုပ်သိမ်းကြောင်းစာကို သင်္ဃန်းကျွန်းမြို့နယ် တရားသူကြီး ဦးအောင်စိုး အပါဝင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီ (ရယက)တာဝန်ရှိသူများက ည၈နာရီခန့် တွင် ၎င်း၏ နေအိမ်သို့ လာရောက် အကြောင်းကြား ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်သိန်းက ရှင်းပြသည်။
 
ဦးအောင်သိန်းက“စာထဲမှာ ဘာကိုဖော်ပြလဲဆိုတော့ တရားရုံးမထီမဲ့မြင်ပြုမှု အက် ဥပဒေ ပုဒ်မ ၃ အရ အန်ကယ် တို့ နှစ်ယောက်စလုံးကို အလုပ်နဲ့ထောင်ဒဏ် ၄ လ ကျခံစေဖို့ စစ်ဆေးတွေ့ရှိရတယ်ပေါ့နော်၊ နောက်တခါ အဲဒါနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံတရားရုံးချုပ်ရှေ့နေများကောင်စီကို သဘောထားတောင်းခံခဲ့တယ်။ တောင်းခံတဲ့ အခါမှာ တရားရုံးချုပ်ရှေ့နေများကောင်စီကနေပြီးတော့ ရှေ့နေကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ရာရောက်တယ် ဆိုပြီးတော့ ပုဒ်မ ၁၀/၁ အရထုတ်ပယ်သင့်တယ်လို့ လာအကြောင်းကြားတာ” ဟု ဧရာဝတီသို့ပြောသည်။

ယခုကဲ့သို့ ၎င်းတို့အား ရှေ့နေလိုက်ခွင့် လိုင်စင်ရုပ်သိမ်းလိုက်ခြင်းသည် တခြားသော ရှေ့နေများကိုလည်း နိုင်ငံ ရေးအမှုနှင့် မပတ်သက်ရန် နမူနာပြ ခြိမ်းခြောက်သည့် သဘောလည်း သက်ရောက်သည်ဟု ဦးအောင်သိန်းက ဆိုသည်။

“အန်ကယ်တို့က နိုင်ငံရေးအမှုတွေကိုလိုက်ပါဆောင်ရွက်တယ် နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်အမှုအ တွက် လိုက်ပါဆောင်ရွက်ဖို့ကြိုးစားနေတဲ့သဘောမျိုးကို သူတို့(နအဖ)မြင်တွေ့နေတယ်။ ရှေ့နေတွေကိုနိုင်ငံရေး နဲ့ မပတ်သက်စေချင်လို့သဘောထားမျိုးသူတို့မှာရှိတယ်။ ရှေ့နေတွေက ဥပဒေ နားလည်တယ် ဥပဒေ အပေါ်မှာ လည်း အခြေခံပြီးလုပ်တော့ ရှေ့နေတွေကိုယ်တိုင်က နိုင်ငံရေးလုပ်နေတယ်ဆိုတာ ကျေနပ်ပုံမပေါ်ဘူး၊ဒါကြောင့် တခြား ရှေ့နေတွေကိုလည်း လန့်ဖြန့်သွားအောင် ဒါမျိုးမလုပ်ဖို့ ဒီလိုမျိုးဆောင်ရွယ်တယ်လို့မြင်တယ်”ဟု ၎င်းက ဆက်ပြောပြသည်။

ယနေ့တွင် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကလည်း ယခု လိုင်စင်အသိမ်းခံလိုက်ရသော ရှေ့နေကြီး ဦးအောင်သိန်းသည် ရှေ့နေများ လိုက်နာရမည့် ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်သူ မဟုတ်ကြောင်း၊ စစ်အာဏာပိုင်များက ယခုကဲ့သို့ လိုင်စင်ရုပ်သိမ်းလိုက်သည့် အပြုအမူသည် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများဘက်မှ ကာကွယ်အကျိုးဆောင်ပေးနေသည့် တခြားသောရှေ့နေများကို လည်း စံနမူနာပြအနေနှင့် ဖိနှိပ်ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း ကြေညာချက်တစောင်ကို ထုတ်ပြန်ထားသည်။
 
လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့အား ရုံးတော်ကို မထီမဲ့မြင်ပြုသည် ဟူသည့်စွပ်စွဲချက်ဖြင့် ဗဟိုတရားရုံးက အမှုဖွင့်စွဲ ချက်တင်ကာ ထောင်ဒဏ် ၄ လစီ ချမှတ်ခံခဲ့ ရသူများဖြစ်ပြီး ၂၀၀၉ ခု မတ်လဆန်းပိုင်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။  

ထို့အပြင် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် အောက်တိုဘာလအတွင်းက နိုင်ငံရေးအမှုလိုက် လူငယ်ရှေ့နေတဦးဖြစ်သည့် ကိုညီညီထွေးနှင့် ၎င်း၏ အမှုသည်များဖြစ်ကြသော လှိုင်သာယာမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ ဝင်များဖြစ်ကြသည့် ကိုအောင်မင်း၊ ကိုရန်နိုင်ထွန်းနှင့်ကိုဝေလွင်မျိုးတို့ကို မြောက်ပိုင်းခရိုင်တရားရုံးက တရား စီရင်ရေးကို အနှောင့်အယှက် ပေးသည်ဟု စွဲချက်တင်၍ ထောင်ဒဏ် ၆ လစီ ချမှတ်ခြင်း ခံခဲ့ရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်