ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နိုင်ငံတကာတွင် ဆန္ဒပြ

E-mail Print
အင်းစိန်ထောင် အတွင်း ဒေါ်အောင်ဆန်း စုကြည် စတင် အမှုရင်ဆိုင်ရသည့် ယနေ့တွင် မြန်မာ့အရေး လှုပ်ရှားသူများက  နိုင်ငံတကာရှိ မြန်မာသံရုံးများသို့ သွားရောက်ပြီး ပြင်းပြင်းထန်ထန် ဆန္ဒပြနေကြသည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို အိမ်အတွင်းသို့ နိုင်ငံခြားသားတဦး လျှို့ဝှက် ဝင်ရောက်လာခြင်းနှင့် ပတ်သက်ပြီး ထောင် ၅ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် တရားရုံးတင် စစ်ဆေးနေသောကြောင့် ကမ္ဘာ့ မြို့တော်ပေါင်း ၂ဝ ကျော်တွင် ထိုသို့ ဆန္ဒပြနေခြင်း ဖြစ်သည်။

ဤအမှုမှာ အာဏာပိုင်တို့၏ မတရားမှုဖြစ်ကြောင်း ယနေ့နံနက်ပိုင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာ သံရုံးရှေ့ ဆန္ဒပြရာတွင် ပါဝင်သူများက ပြောသည်။

“ဒါဟာ မတရားသက်သက် အနိုင်ကျင့်တာသာ ဖြစ်တယ်၊ အကွက်ဆင်ပြီး ဒီလို အောက်တန်းကျတဲ့ လုပ်ကြံတာမျိုးတွေကို ရပ်တန်းက ရပ်ဖို့ နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့  ဒီနေ့ ဆန္ဒပြတာပါ” ဟု ရွှေ့ပြောင်းအလုပ်သမား တဦးဖြစ်သူ မမိုးမိုးက ပြောသည်။

ဘန်ကောက်ရှိ မြန်မာ သံရုံးရှေ့ ဆန္ဒပြပွဲတွင် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့်အတူ ထိုင်း တက္ကသိုလ် ကျောင်းသားများလည်း ပါဝင်သည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ကို တကယ်ကောင်းအောင် လုပ်ပေးမယ့် အမျိုးသမီးဆိုတာ ကျနော် ယုံတယ်၊ ကျနော်တို့ဟာ မတရား လုပ်တာကို တရား မျှတအောင် လုပ်ပေးဖို့ တောင်းဆိုရမယ်၊ မှန်တဲ့ဘက်က ရပ်တည်ပေးရမယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ ချူလာလောင်ကွန်း တက္ကသိုလ်မှ ကျောင်းသား တဦး ဖြစ်သည့် မစ္စတာ ဖီယော်က ပြောသည်။

ဒေါ်အောင်ဆန်း စုကြည်အား ထောက်ခံကြောင်း ပြသရေးအတွက် နိုင်ငံတကာတွင် ဆန္ဒ ဖော်ထုတ်ကြရန် ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UK ဟု အမည်ရသည့် မြန်မာ့အရေး ဆောင်ရွက်နေသော အဖွဲ့က လှုံ့ဆော်လျက်ရှိသည်။

ထိုအဖွဲ့က ယနေ့ မေလ ၁၈ ရက်နေ့ကို ဒေါ်အောင်ဆန်း စုကြည်အတွက် နိုင်ငံတကာ လှုပ်ရှားမှုနေ့ အဖြစ် သတ်မှတ်ထားသည်။

“ဒေါ်အောင်ဆန်းစုကြည်က အထိန်းသိမ်း ခံနေရတာ ၁၃ နှစ် မကတော့ဘူး၊ ထိန်းသိမ်းထားတာ တော်လောက်ပါပြီ၊ မလွှဲမသွေ လွှတ်ပေးရမှာ ဖြစ်ပါတယ်” ဟု အဆိုပါ အဖွဲ့၏ ဆက်သွယ် ညှိနှိုင်းရေးမှူး ဇိုယာဖန်းက ပြောလိုက်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်