ယက်ထော ဘယ်လမ်းက ဝင်ခဲ့သလဲ

E-mail Print
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ် ခိုးဝင်ခဲ့၍ ဖမ်းဆီးခံရသော အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အကြောင်းနှင့် ပတ်သက်ပြီး လူအများစုက နအဖ စစ်အစိုးရ၏ အစီအစဉ်ဖြစ်နိုင်မလား ဟူသော  မေးခွန်းများ ထုတ်နေဆဲဖြစ်သည်။  

အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထောသည် လုံခြုံရေး တင်းကျပ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း အတွင်းသို့ ယခုကဲ့သို့ ရေကူးဝင်ရောက် သွားနိုင်သည့်အပေါ် လေ့လာသူများက နအဖ၏ အစီအစဉ် ဖြစ်ကြောင်း မေးခွန်းထုတ်နေခြင်း ဖြစ်သည်။   
 
စစ်အစိုးရ အတိုက်အခံ နစ်နေမန်း ဘလော့ဂ် အင်တာနက် စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ရန်အတွက် လုပ်ကြံဖန်တီးသည့် ဂျွန်ဝီလျံ ယက်ထော၏ ရေကူးဝင်ရောက်သည့် အစီအစဉ်မှာ နအဖ လုံခြုံရေး အစောင့်များ ခေါ်ဆောင်မှုနှင့် ၀င်ရောက်သွားခဲ့ခြင်း ဖြစ်ကြောင်း အငှားကား ယာဉ်မောင်း တစ်ဦးကို ကိုးကား၍ ရေးသားထားသည်။

“ဂျွန် ၀ီလျံ ယက်ထောသည် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ရောက်သည့် အခါ၌ ခြံဂိတ်ဝတွင်ရှိသော လုံခြုံရေး အစောင့်များအား ကတ်ပြားအနီ တစ်ခုထုတ်ပြသည်ကို မြင်ရကြောင်း၊ ထို့နောက် လုံခြုံရေးများ ကိုယ်တိုင်အထဲသို့ ခေါ်သွင်းသွားခြင်းကိုလည်း မြင်ခဲ့ရကြောင်း” ယင်း ကားသမား၏ ပြောကြားချက်ကို နစ်နေမန်း ဘလော့ဂ်က ဖော်ပြထားခြင်း ဖြစ်သည်။  

ရန်ကုန်မြို့ရှိ သတင်းစာဆရာ တစ်ဦးကလည်း “အမေရိကန် နိုင်ငံသားတစ်ဦး ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ရေကူးပြီး သွားရောက် ခဲ့တယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”ဟု ပြောသည်။

ထို့အပြင် ဂျွန်ဝီလျံ ယက်ထောသည် ပန်းနာရင်ကြပ်နှင့် ဆီးချိုရောဂါ ရှိနေပြီး လက်ရှိတွင် ကျန်းမာရေး မကောင်းသူ တစ်ဦးဖြစ်သည့်အတွက် စိုးရိမ်ကြောင်း၊ ၎င်းသည် နိုင်ငံရေး စိတ်ဝင်စားသူ တစ်ဦးမဟုတ်သည်ကို သိရှိထားကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ကိုလည်း အနှောင့်အယှက်ပြု ဒုက္ခဖြစ်စေလိုသူ မဟုတ်ကြောင်း ဂျွန်ဝီလျံယက် ထော၏ ဇနီးဘက်မှ ပါလာသော သားတစ်ဦး ဖြစ်သူ Paul Nedrow က AP သတင်းဌာနသို့ အီးမေးလ်ဖြင့် ပေးပို့ အကြောင်းကြားထားသည်။
 
ယင်း ဂျွန် ၀ီလျံ ယက်ထော ဆိုသူအမှုနှင့် ပတ်သက်ပြီး မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အာဏာပိုင်များက အကျယ်ချုပ်ထားရာ နေအိမ်မှ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂  ဖြင့် တရားစွဲဆိုခဲ့သည်။

ဂျွန် ၀ီလျံ ယက်ထောသည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ရေကူး၍ သွားရောက်ကာ မေလ ၃ ရက်မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ နေထိုင်ခဲ့ပြီး မေလ ၆ ရက်နေ့တွင် အင်းလျားကန် အတွင်း၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရသတင်း စာများတွင် ဖော်ပြထားသည်။  

သို့သော် နိုင်ငံတကာ သတင်းတစ်ချို့တွင်မူ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထောသည် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင် တစ်ရက်တည်းသာ နေခဲ့ကြောင်း ရေးသားထားသည်။    

အဆိုပါအမှုနှင့် ပတ်သက်ပြီး စစ်အစိုးရက ယခုအချိန်အထိ ပြည်ပအတိုက်အခံတို့နှင့် မြန်မာ့အရေး လှုပ်ရှားသူများကို တရားဝင် စွပ်စွဲခြင်း မရှိသေးသော်လည်း စစ်အစိုးရ ဘက်တော်သား အင်တာနက် စာမျက်နှာများတွင် ပြည်ပအတိုက်ခံများ ပါသကဲ့သို့ လုပ်ကြံရေးသား ထားသည်ကို တွေ့ရှိရသည်။

ဂျွန် ၀ီလျံ ယက်ထောသည် မြန်မာနိုင်ငံသို့ မသွားရောက်မီ ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံရှိ အတိုက်အခံ အဖွဲ့များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရှိရ သော်လည်း ၎င်းနှင့် ပတ်သက်ပြီး မည်သို့မျှ ပတ်သက်မှု မရှိကြောင်း အဆိုပါ အဖွဲ့များက တရားဝင် ငြင်းဆိုကြသည်။   

၎င်း ဂျွန် ၀ီလျံ ယက်ထောအား အမေရိကန် သံရုံးမှ ဒုတိယအတွင်းဝန် (ကောင်စစ်ဝန်) Mr.Colin P. Furst နှင့် အဖွဲ့က ရန်ကုန်မြို့ရှိ အောင်သပြေရိပ်သာ၌ ကောင်စစ်ဆိုင်ရာ တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်းနှင့် ဂျွန် ၀ီလျံ ယက်ထော၏ ကိုယ်ရေး အကျဉ်းတို့ကို စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။   

ယမန်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ၎င်းအမေရိကန် နိုင်ငံသားက လုံခြုံရေးတပ်ဖွဲ့ဝင်များကို လာဘ်ငွေပေးပြီး ဝင်ရောက်ရန် ကြိုးစားခဲ့သဖြင့် မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက အာဏာပိုင်များထံ တိုင်ကြားခဲ့ဖူးကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာ အာဏာပိုင်များက မည်သို့မျှ အရေးမယူခဲ့ကြောင်း သိရှိရသည်။

ယခုထိန်းသိမ်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ အမေရိကန်တစ်ဦး ဝင်ရောက်မှုနှင့် စစ်အစိုးရ၏ နောက်ဆက်တွဲ အရေးယူ ဆောင်ရွက်ချက်များမှာ အများက စိတ်ဝင်တစား ဝေဖန် ပြောဆိုနေကြဆဲဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်