မြန်မာ့အရေး လုံခြုံရေးကောင်စီ စိုးရိမ်

E-mail Print
လက်ရှိ တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည် အပေါ် မခိုင်မာသည့် စွဲချက်တင်ထားမှုနှင့် ပတ်သက်၍ ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများအနက် အင်အားအကြီးဆုံး နိုင်ငံ ၁၅ နိုင်ငံက မြန်မာ နိုင်ငံ၏ နိုင်ငံရေးအခြေအနေအတွက် စိုးရိမ်ပူပန်ကြောင်း ၎င်းတို့၏ သဘောထားကို ထုတ်ဖော် ပြောကြား လိုက်သည်။

မေလအတွက် လုံခြုံရေးကောင်စီ ဥက္ကဌ ဖြစ်သည့် ရုရှားနိုင်ငံကိုယ်စားပြုသူ Vitaly Churkin က “လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များ အနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်နွှယ်၍ မြန်မာ နိုင်ငံရေး အခြေအနေကို စိုးရိမ်ပူပန်ကြောင်း သဘောထား ထုတ်ဖော်သည်” ဟူ၍ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ချက်ကို ဖတ်ကြား သွားသည်။

သောကြာနေ့က လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ယခင် ၂၀၀၇ အောက်တိုဘာ နှင့် ၂၀၀၈ မေလက ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရေးကိစ္စကို ကိုးကားခြင်း ဖြစ်သော်လည်း ယခု အခြေအနေမှာ ယခင် အခြေအနေနှစ်ခုနှင့် ကွာခြားကြောင်းနှင့် ယခင် ထုတ်ပြန်ချက်နှစ်ခု ထက် ယခုတကြိမ် တွင် ပိုမိုပြင်းထန်စွာ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း Vitaly Churkin က ဆိုသည်။

“လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအနေနှင့် မြန်မာအစိုးရအတွက် အမှန်တကယ် လိုအပ်ချက်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေး၊ အတိုက်အခံပါတီများအားလုံးနှင့် တိုင်းရင်းသားအဖွဲ့များ ပါဝင်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကုလသမဂ္ဂ၏ ကူညီထောက်ပံ့မှုနှင့် ပြုလုပ်သွားနိုင်ရန် ဆက်လက် ထုတ်ပြန်သွားမည်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Vitaly Churkin က မြန်မာနိုင်ငံ၏ အနာဂတ်သည် မြန်မာပြည်သားများ၏ လက်ထဲတွင်သာ ရှိနေသည်ဟု ဆိုသည်။

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် တို့က မြန်မာနိုင်ငံအရေးကို တခြားသော လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ များနှင့် ရက်ပေါင်းများစွာ ဆွေးနွေးခဲ့ကြသော်လည်း ခေါင်းမာသည့် အဖွဲ့ဝင်နိုင်ငံများဖြစ်သော တရုတ်နှင့် ရုရှားတို့က ဗီတိုအာဏာသုံးကာပယ်ချခဲ့ပြီး မြန်မာစစ်အစိုးရက လုံခြုံရေးကောင်စီ၏ ယခင် ထုတ်ပြန်ချက်များကို လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် ယခုထုတ်ပြန်ချက်က ပိုအရေးကြီးလာပြီး ပိုမိုထိရောက်ရန် လိုအပ်သည်ဟု လုံခြုံရေးကောင်စီ အဖွဲ့ဝင်များက ယူဆကြသည်။

“မြန်မာအစိုးရက လုံခြုံရေးကောင်စီရဲ့ အရင်ထုတ်ပြန်ချက်တွေကို လျစ်လျူရှုခဲ့သလို ဘယ်သူပြောတာကိုမှ အရေးမလုပ်ခဲ့ဘူး။ ဘာကြောင့် ပုံစံမတူခြားနားတဲ့ ထုတ်ပြန်ချက်မျိုး၊ ပိုမို အကျိုးသက်ရောက်မှုရှိတဲ့ ပြောဆိုမှုမျိုးကို လုံခြုံရေးကောင်စီက မလုပ်နိုင်ရမှာလဲ” ဟု အမေရိကန်နိုင်ငံ ကိုယ်စားပြု သံတမန်က မေးခွန်း ထုတ်ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲအပြီးတွင် ဗြိတိန်ကိုယ်စားပြု သံတမန် Sir John Sawers က လက်ရှိမြန်မာနိုင်ငံ အခြေ အနေမှာ စစ်အစိုးရ၏ လူမဆန်မှုကို မီးမောင်းထိုးပြနေသကဲ့သို့ ဖြစ်နေသည်ဟု သတင်းထောက်များကို ပြောသည်။

ဆက်လက်၍ ၎င်းက လုံခြုံရေးကောင်စီ၏ ယခု ထုတ်ပြန်ချက်မှာ အလွန်အရေးကြီးသော အဖွဲ့ဝင်များ၏ သဘောထား အစစ်အမှန်ဖြစ်၍ လက်ရှိ မြန်မာနိုင်ငံအပေါ် စိုးရိမ်နေသည့် ၎င်းတို့၏ စိတ်ခံစားမှုများ ဖြစ်သည်ဟု ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်