ကရင် အမျိုးသမီးတဦး အုပ်စုလိုက် မတရားကျင့်ခံရ

E-mail Print
ကော့ကရိတ် မြို့နယ်မှ ကရင် အမျိုးသမီး တဦးအား မြန်မာ့ တပ်မတော်မှ အရာရှိနှင့် တပ်သား ၃၀ ကျော်က ပြီးခဲ့သည့် ကြာသပတေးနေ့တွင် မတရား ပြုကျင့်ခဲ့ကြောင်း ဒေသခံများကို ကိုးကားပြီး ထိုင်းနိုင်ငံ အခြေစိုက် ကရင်သတင်းစဉ် (KIC)၏ သတင်း တပုဒ်တွင် ရေးသား ဖော်ပြထားသည်။

မေလ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကော့ကရိတ်မြို့နယ်၊ ထီးဆဲလယ်ကျေးရွာရှိ ပြောင်းဖူးခြံတခုသို့ ရောက်လာသည့် စစ်ကြောင်းမှ ရဲဘော်များက အဆိုပါ အမျိုးသမီးကို တောတွင်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး မတရားကျင့်ခြင်း ဖြစ်ကြောင်း၊ ထိုအချိန်တွင် ပြောင်းခင်းအတွင်း ခင်ပွန်းသည်လည်း ရှိနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

“သူ့မိန်းမရဲ့ အော်သံဆူညံနေတာကို ယောက်ျား ဖြစ်တဲ့သူက ကြားပေမယ့် တအား ကြောက်ပြီး မသွားရဲဘူး ဖြစ်နေတယ်”ဟု ရွာသားတဦးကို ကိုးကားပြီး KIC တွင် ရေးသားထားသည်။

အဆိုပါ စစ်ကြောင်းသည် အမှတ် ၂၈၃ ခြေလျှင်တပ်ရင်းမှ ဖြစ်ပြီး စစ်ကြောင်းတွင် ဦးဆောင်သူမှာ ဗိုလ်ကြီးဌေးဝင်း ဖြစ်သည်ဟု ဆိုသည်။

KIC သတင်းဌာန၏ ရေးသားချက်နှင့် ပတ်သက်ပြီး အာဏာပိုင်တို့က တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင်လည်း ပဲခူးတိုင်းအတွင်းရှိ အသက် ၇ နှစ်အရွယ် ကရင် မိန်းကလေး တဦး အဓမ္မကျင့်ပြီး ပစ်သတ် ခံခဲ့ရကြောင်း ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကရင် အမျိုးသမီး အစည်းအရုံး (KWO) ၏ ကြေညာချက် နှင့် ပတ်သက်၍လည်း အာဏာပိုင်များက တုံ့ပြန်ခြင်း မရှိပေ။

အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ တိုက်ပွဲများ ဖြစ်ပွားရာ နယ်စပ်ဒေသ တလျှောက်တွင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုနေကြောင်း အမျိုးသမီး အဖွဲ့များက ထောက်ပြထားသည်။

၂၀၀၄ ခုနှစ်က ထုတ်ပြန်ခဲ့သော KWO ၏  အစီရင်ခံစာ တွင်လည်း ယင်းကဲ့သို့ ဖော်ပြထားပြီး ၁၉၈၈ မှ ၂၀၀၄ ခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁၂၅ မှု ဖြစ်ပွားခဲ့သည်ဟု စာရင်းပြုစုထားသည်။ ကျူးလွန်သူ ထက်ဝက်ခန့်သည် တပ်မတော် အရာရှိများ ဖြစ်ကြောင်း၊  အကြမ်းဖက်မှု ၄၀ ရာခိုင်နှုန်းမှာ အုပ်စုလိုက် မုဒိန်းကျင့်မှု ဖြစ်ကြောင်း၊ ၂၈ ရာခိုင်နှုန်းတွင် ကျူးလွန်ခံရသူ အမျိုးသမီးများ အသက်ဆုံးရှုံး ခဲ့ရကြောင်း ဖော်ပြထားသည်။

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဖလှယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) ၏ “မုဒိန်းကျင့်ခွင့်လိုင်စင်” အမည်ရှိ အစီရင်ခံစာ (၂၀၀၂ ခုနှစ်) တွင် စစ်အစိုးရ တပ်များ ရှမ်းပြည်နယ် အတွင်း ကျူးလွန်ခဲ့သည်ဟု ဆိုသည့် မတော်မတရား မှုများကို ဖွင့်ချထားသည်။ ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ငါးနှစ်ကြာ ကာလအတွင်း အမျိုးသမီး ၆၂၅ ဦးသည် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်