မလေးရှားတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံနေရ

E-mail Print
မလေးရှား အစိုးရက မြန်မာနိုင်ငံသားများ အပါအ၀င် နိုင်ငံခြားသား အလုပ်သမားများကို ၂၀၀၉ ခုနှစ် ဇွန် လ (၁) ရက်နေ့မှ စတင်ကာ အလုပ်လုပ်ခွင့် မပြုဘဲ လိုက်လံဖမ်းဆီး လျှက်ရှိရာ ကွာလာလမ်ပူမြို့တော်ရှိ လူစည် ကားရာနေရာများ၌ အလုပ်သမား အများအပြား အဖမ်းခံရလျှက် ရှိကြောင်း သတင်းရရှိသည်။

ယနေ့ နေ့လယ်က ရာနှင့်ချီသော မလေးရှား အာဏာပိုင်များနှင့် ရလာ (RALA)များက စစ်ထရပ်ကား သုံးစီး ဖြင့် မြို့ထဲတွင် လိုက်လံဖမ်းဆီးရာ လူနှစ်ရာခန့် အဖမ်းခံရသည်ဟု ကွာလာလမ်ပူ အခြေစိုက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ အလုပ်အမှုဆောင် ကိုဇင်ထူးက ပြောသည်။

“ဒီကနေ့ နေ့လယ်ဘက်မှာ ပါသွားတာကတော့ ကွာလာလမ်ပူမြို့ထဲက Midind ကုန်တိုက် ရှေ့မှာဖမ်းတာ၊ စစ်ထရပ်ကား သုံးစီးနဲ့ တင်သွားတာဗျ၊ လူ နှစ်ရာလောက်ရှိမယ်၊ ပြီးခဲ့တဲ့အပတ်ကလည်း ဆာလျန်းဈေးမှာ ၀င်ဆွဲတာ နှစ်ရာလောက်ပါသွားတယ်ဗျ၊ ကမ္ဘာ့စီးပွါးရေးပျက်ကပ်ဖြစ်တော့ သူတို့က နိုင်ငံခြားသား အလုပ် သမားတွေကို မလိုချင်တော့ဘူးလေ၊ သူ့ လူမျိုးတွေကို အစားထိုးခန့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နေမှာ၊ ဒီနေ့ စဖမ်းတာဆိုတော့ နောက်ရက်တွေမှာ ဘယ်လောက်ဖမ်းဦး မလဲမသိဘူး”ဟု ၎င်းက ပြောသည်။

ကွာလာလမ်ပူမြို့တော်ရှိ တရုတ်တန်းဈေး၊ ဆာလျန်းဈေး၊ ပူတူးဈေး၊ K L ပါဆာဈေး များတွင် ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

ကိုဇင်ထူးကဆက်လက်ပြီး“လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကတည်းက ဇွန်လ(၁)ရက်နေ့ကစပြီး နိုင်ငံခြားသား အလုပ်သမားတွေကို အကြီးအကျယ် နှိမ်နင်းမယ်လို့ကြေညာထားတော့ ဒီကနေ့ တရုတ်တန်းမှာ ဘယ်မြန်မာ မှ အလုပ်မဆင်းရဲကြဘူး၊ အဲဒီမှာ မြန်မာအလုပ်သမား ရှစ်ရာကျော်လောက် အလုပ်လုပ်နေကြတယ်၊ သူတို့  အားလုံးအခု အလုပ်ပြုတ်သွားကြပြီ၊ အာဏာပိုင်တွေက တရားဝင်လာတဲ့လူဖြစ်ဖြစ် တရားမ၀င်ဘဲဖြစ်ဖြစ် အကုန်ဖမ်းမယ်ဆိုတော့လေ”ဟု ပြောသည်။

မလေးရှားအစိုးရက ထုတ်ပြန်ထားသည့် ကြေညာချက်တွင် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းမိပါက ထောင်ဒဏ်နှင့် ကြိမ်ဒဏ် ပေးမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များကိုလည်း ဒဏ်ငွေရိုက်ခြင်း၊ ဆိုင် လိုင်စင် သိမ်း ခြင်းတို့အပြင် ဆိုင်ကိုပါအသိမ်းခံရမည်ဟု ပါရှိကြောင်း၊ ထို့ကြောင့် ဆိုင်ရှင်များကလည်း အလုပ်သမားများကို အသုံးမပြုဝံ့ကြတော့ကြောင်း ၎င်းက ဆိုသည်။

ယင်းသတင်းကို လွန်ခဲ့သော ဆယ်ရက်ခန့် က မလေးရှားနိုင်ငံ၏ ထင်ရှားသော သတင်းစာတစောင်ဖြစ်သည့် စတား (Star) သတင်းစာတွင် ရေးသားထားသည်။

လက်ရှိခြေအနေအရ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော သိန်းနှင့်ချီသည့် မြန်မာအလုပ်သမား များသည် ဖမ်းဆီးခံရမည်ကို စိုးရိမ်ထိတ်လန့် လျှက်ရှိနေကြကြောင်းလည်း ကိုဇင်ထူးက ပြောဆိုသည်၊

မလေးရှားနိုင်ငံ၌ တရားဝင်ခေါ်စာနှင့်လာသော အလုပ်သမားများရှိသကဲ့သို့ တရားမဝင် နေထိုင် အလုပ် လုပ် ကိုင်နေကြသည့် မြန်မာအလုပ်သမားလည်း များစွာရှိကြောင်းသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်