True News ဂျာနယ် စစ်ဆေးခံရ

E-mail Print
အင်းစိန်ထောင်ရှေ့တွင် ဂျာနယ် ဖြန့်ဝေ ရောင်းချမှုဖြင့် True News  ဂျာနယ် အယ်ဒီတာ အဖွဲ့ဝင်များကို ရန်ကုန်မြို့ စာပေစိစစ်ရေးရုံးက ယနေ့ ခေါ်ယူတွေ့ဆုံခဲ့သည်။

မေလ ၁၉ ရက်နေ့ထုတ် True News  ဂျာနယ် မျက်နှာဖုံးတွင် ဖော်ပြထားသော သတင်းစာဆရာကြီး လူထုစိန်ဝင်း၏ ဆောင်းပါး ကောက်နုတ်ချက်နှင့် ပတ်သက်ပြီး ခံဝန်ချက် လက်မှတ်ထိုးခဲ့ရသည်ဟု သိရသည်။

အဆိုပါ ကောက်နုတ်ချက်တွင် “ရေးသင့်ရေးထိုက်လို့ ရေးတာတွေကို အရေထူထူနဲ့ ခံနိုင်ရည်ရှိတဲ့ အစိုးရဆိုတာ ဘယ်မှာရှိတာမှတ်လို့၊ ဒီတော့ - - ဒီမိုကရေစီ အစိုးရ လက်ထက်လည်း သတင်းသမားကတော့ ထောင်ထဲ ရောက်မှာပါပဲ” ဟု ဖော်ပြထားသည်။

အဆိုပါ ကောက်နုတ်ချက်မှာ နိုင်ငံရေးလုပ်တယ်ဆိုတာ လွယ်တယ်ထင်လား အမည်ရှိ ဆောင်းပါးမှ ကောက်နုတ်ထားခြင်း ဖြစ်သည်။

ဂျာနယ်၏ ၀န်ထမ်းတဦးက မေလ ၁၉ ရက်နေ့ထုတ် True News  ဂျာနယ် ခေါ် သစ္စာဂျာနယ်ကို အင်းစိန်ထောင်ရှေ့ရှိ လူအများကြားသို့ သွားရောက် ရောင်းချခဲ့ကြောင်း၊ ထိုသို့ ရောင်းချစဉ် “မှန်တာ ပြောရဲတာ သစ္စာ၊ ရေးရဲတာ သစ္စာ” ဟု ကြော်ငြာပြီး ရောင်းချခဲ့သည်ဟု သတင်းရရှိသည်။

ထောင်ရှေ့ရှိ လူအုပ်သည် ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်အတွင်း တရားရုံးတွင် အမှုရင်ဆိုင်နေရသည့်အတွက် သွားရောက် စောင့်ဆိုင်းနေကြသည့် နိုင်ငံရေးသမားများ ဖြစ်သည်။

ထောင်ရှေ့တွင် ဂျာနယ်သွားရောက် ရောင်းချသူသည်  မေလ ၂၈ ရက်နေ့တွင် ဖမ်းဆီးခံရပြီး ချက်ချင်း ပြန်လည် လွတ်မြောက်လာသည်ဟု ဆိုသည်။

ယခုနှစ် နယ်စည်းမခြား သတင်းစာဆရာများအဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်တွင် မြန်မာပြည်သည် စာနယ်ဇင်းသမားများ၊ ဘလော့ဂါများအတွက် အကျဉ်းထောင်ကြီးတခု ဖြစ်နေကြောင်း ရေးသား ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်