ခြံဝင်းအတွင်း အသိမပေးဘဲ ဝင်ရောက်မှု ဒေါ်အောင်ဆန်းစုကြည် မကျေနပ်

E-mail Print
နအဖ အာဏာပိုင်များက ၎င်း၏ နေအိမ်ခြံဝင်းသို့ ဝင်၍ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ၀ီလျံ ယက်ထောအား မည်ကဲ့သို့ ၀င်ထွက်ခဲ့သည်ကို သရုပ်ပြရှင်းလင်းမှု ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်မှု မရှိဟု ပြောကြားကြောင်း သိရသည်။

လွန်ခဲ့သည့်မေလ ၃၀ ရက်နေ့က အင်းစိန်ထောင်အတွင်းရှိ ဧည့်ရိပ်သာတခု၌ လာမည့်သောကြာနေ့ တရားရုံး တွင် အမှုလျှောက်လဲချက်ပေးရန်အတွက် ၎င်းတို့နှင့် ဆွေးနွေးတိုင်ပင်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့သည်ဟု ရှေ့နေဦး ဉာဏ်ဝင်းက ဧရာဝတီသို့ပြောသည်။
 
“သူ့ကို တားဆီးထားတဲ့ အမိန့်လည်း ရုတ်သိမ်းပြီးပြီး၊ အသိမပေးဘူး၊ သဘောတူညီမှုလည်း မယူဘူး၊ ဒါကြောင့် သူအနေနဲ့ လုံးဝ မကျေနပ်ဘူး၊ ဒါဟာ တရား ဥပဒေအရ တရားမ၀င်တဲ့ လုပ်ရပ်ပဲဖြစ်တယ်”ဟု ၎င်းက ပြောဆို သည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်များနှင့်တွေ့ဆုံသည့်အခါ ပြောကြားမည် ဖြစ် ကြောင်းလည်း ဦးဉာဏ်ဝင်းက ဆက်လက်ပြောဆိုသည်။  

မေလ ၃၀ ရက်နေ့က ရှေ့နေ့များဖြစ်သော  ဦးဉာဏ်ဝင်း အပါဝင် ၊ ဦးကြည်ဝင်း ၊ ဒေါ်ခင်ဌေးကြွယ်နှင့်ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။

တရားခံ ဂျွန် ယက်ထော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အင်းလျားကန်အတွင်းမှ မည်သို့ ဝင်၍ ပြန်လည် ထွက်ခွာလာသည်ကို ရှင်းလင်းစွာသိရှိရန် အာဏာပိုင်များက သွားရောက်သရုပ်ပြခိုင်းခဲ့ကြောင်း မေလ ၂၉ ရက်နေ့မှစတင်ကာ ၂ ရက် ဆက်တိုက် အစိုးရသတင်းစာများတွင် ဖော်ပြခဲ့သည်။

အစိုးရ သတင်းစာတွင် ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံး ရုံးထိုင်တရားသူကြီးများ ၊ ခရိုင် ဥပဒေ အရာရှိများနှင့် တရားခံ ရှေ့နေ ဦးခင်မောင်ဦးတို့သည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၃၅၉ ခ။ (၁)၊ တရားရုံးများလက်စွဲ အပိုဒ် ၆၂၁ ပြဌာန်းချက်များနှင့်အညီ အခင်းဖြစ်ပွားရာသို့ တရားခံနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း ရေးသားဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့သည့်မေလဆန်းပိုင်းက ၎င်း၏ အိမ်သို့ တိတ်တဆိတ် ၀င်ရောက်လာသော အမေရိ ကန် နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက် ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်ခဲ့သည်။

ထို့သို့ ခေါ်ဆောင်ခဲ့ပြီးနောက် ပုဒ်မ ၂၂ ဖြင့် တရား စွဲဆိုလိုက်ပြီး မေလ ၁၈ ရက်နေ့မှ စတင်၍ ပြီးခဲ့သည့် သော ကြာနေ့အထိ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ကာ မေလ ၂၆ နေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခဲ့သည်။ လာမည့် သောကြာနေ့တွင် အပြီးသတ်လျှောက်လဲချက်ပေးရန် တရားရုံးက ချိန်းဆို ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်