နိုင်ငံတကာဖိအား ဦးဝင်းတင် တန်ဖိုးထား

E-mail Print
စစ်အစိုးရအပေါ် နိုင်ငံတကာမှ ဖိအားပေးမှုများသည် လူထုအတွက် အရေးပါလှသော်လည်း စစ်အစိုးရကို တိုက်ရိုက် ထိရောက်မှု မရှိသေးကြောင်း သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောသည်။

စစ်အစိုးရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင်တဦးဖြစ်သော ဒေါ်အောင်ဆန်း စုကြည်အား နေအိမ်အကျယ်ချုပ်ထားစဉ် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောအား လက်ခံမှု၊ တွေ့ဆုံမှုဖြင့် နေအိမ်အကျယ်ချုပ်ထားရာမှ အင်းစိန်ထောင်အတွင်းသို့ ရွှေ့ပြောင်းထားလိုက်ပြီး တရားရုံးတွင် တရားစွဲဆို အမှု ဖွင့်ခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး  ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးမှ စစ်အစိုးရ၏ လုပ်ရပ်အပေါ်တွင် အပြစ်တင်၊ ရှုတ်ချခြင်းများ ပြုလုပ်လျှက်ရှိသည်။

လက်ရှိအခြေအနေတွင် နိုင်ငံတကာမှ ဖိအားပေးမှု၊ တောင်းဆိုမှု၊ စစ်အစိုးရအပေါ် ရှုတ်ချမှုတို့မှာ အလွန်ကြီးမား လာသော်လည်း စစ်အစိုးရအပေါ် ထိရောက်မှု မရှိသေးသည်ကို တွေ့မြင်ရကြောင်း သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောဆိုသည်။

“နိုင်ငံတကာက ဖိအားပေးနေတာတွေဟာ ကျနော်တို့အဖို့ အဖိုးတန်ပါတယ်၊ ဒါ စိတ်ဓာတ်ရေးရာ အားပေးတာ ဖြစ်တဲ့အတွက် တန်ဖိုးထားပါတယ်၊ အများကြီး တန်ဖိုးထားပါတယ်။ သို့သော် ကျနော့်ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ပြောရရင် ဒါဟာ လေးနက်မှု ရှိတယ်၊ သို့သော် မထိရောက်တဲ့ဟာတွေလည်း အများကြီး ဖြစ်ပါတယ်၊ အဲဒီတော့ ဆက်ပြီးတော့ ထိရောက်တဲ့ နိုင်ငံတကာ ပိတ်ဆို့မှုတွေ၊ စီးပွားရေးအားဖြင့် ဖြစ်စေ၊ နိုင်ငံရေးအားဖြင့် ဖြစ်စေ၊ သံတမန်ရေးအားဖြင့် ဖြစ်စေ ပိတ်ဆို့မှသာ ထိရောက်နိုင်တယ်” ဟု ဦးဝင်းတင်က ပြောဆိုသည်။

လက်ရှိ နိုင်ငံတကာ၏ လုပ်ဆောင်မှုကြောင့် ပြည်တွင်းရှိ လူထုအတွက် စိတ်ဓာတ်အင်အား ဖြစ်ပေါ်လာသည်ကို တွေ့မြင်ရကြောင်း၊ ပြည်သူများအနေနှင့် စားဝတ်နေရေး အကျပ်အတည်းနှင့် အကြောက်တရားများကြားတွင် နေထိုင်နေရချိန်၌ ဒေါ်အောင်ဆန်းစုကြည် အရေးနှင့် ဖြစ်စေ ယခုကဲ့သို့ နိုင်ငံတကာ၏ စစ်အစိုးရအပေါ်
ပြစ်တင် ရှုတ်ချမှု ပြင်းထန်လေးနက်လာသည်ကို တွေ့သည့်အတွက် လူထုအနေနှင့်လည်း စစ်အစိုးရ၏ ဖိနှိပ်မှုများကို ပြစ်တင်ချင်စိတ်၊ တောင်းဆိုချင်စိတ်၊ ရှုတ်ချချင်စိတ်၊ နောက်ဆုံး တွန်းလှန်ချင်စိတ်များပင်  ဖြစ်ပေါ်လာသည်ကို တွေ့မြင်ရကြောင်း ဦးဝင်းတင်က ပြောဆိုသည်။

“နိုင်ငံတကာရဲ့ စစ်အစိုးရအပေါ်မှာ အပြစ်တင်မှုတွေ၊ ရှုတ်ချမှုတွေ ပြင်းထန် လေးနက်လာတာကို တွေ့တော့ လူထုကြားထဲမှာလည်း စစ်အစိုးရအပေါ်မှာ တောင်းဆိုချင်စိတ်တွေ၊ ပြစ်တင်ချင်စိတ်တွေနဲ့ တွန်းလှန်ချင်စိတ် တွေပါ ပေါ်လာတာကို တွေ့ရတဲ့အတွက် ဒါဟာ လက်ရှိနိုင်ငံတကာက တုံ့ပြန်မှုတွေရဲ့ လေးနက်မှုပဲ၊ အရေး ပါတဲ့ နိုင်ငံရေး အဓိပ္ပာယ်ပဲလို့ ကျနော် ပြောချင်ပါတယ်” ဟု သတင်းစာဆရာကြီးက နိုင်ငံတကာ ဖိအားပေးမှု များ၏ အကျိုးသက်ရောက်မှုများကို ပြောဆိုသည်။

NLD လူငယ်ခေါင်းဆောင်တဦးဖြစ်သော ကိုလှဦးကလည်း လက်ရှိ စစ်အစိုးရ အနေနှင့် ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ၂၀၀၃ခုနှစ် မေလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သော ဒီပဲယင်းလို အကြမ်းဖက်ခြင်း ပြုလုပ်ခဲ့ပြီးနောက် ယခုအကြိမ်မှာ ဒုတိယကြိမ်မြောက် အကြမ်း ဖက်ခြင်း နည်းလမ်းမျိုးနှင့် ဖြေရှင်းနေခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာမှ ဖိအားပေးမှုများရှိနေသည့်တိုင် အစိုးရအနေနှင့် NLD အဖွဲ့ဝင်များအား အကြမ်းဖက် နှိမ်နှင်းရန် ကြံစည်လျက် ရှိသည်ကိုတွေ့မြင်ရကြောင်း သူက ပြောဆိုသည်။

“နိုင်ငံတကာက ပေးနေတဲ့ ဖိအားတွေ၊ နိုင်ငံတကာက ၀ိုင်းဝန်း ရှုတ်ချမှုတွေဟာ ထိရောက်ပါတယ်၊ ထိရောက် လို့လည်း သူတို့ ဒီထက် ဆိုးဆိုးဝါးဝါး ဆုပ်ကိုင်ခဲ့တာပေါ့လေ၊ ခုလည်း ကျနော်တို့ ကြားနေမြင်နေရတာပါပဲ၊
စွမ်းအားရှင်တွေနဲ့ ရဲတွေက ကျနော်တို့ကို ဆူပူလှုပ်ရှားမှု ဖြစ်ခဲ့ရင် ဘယ်လိုနှိမ်နင်းမယ်ဆိုတာကစ ကြား နေရတာပဲ ” ဟု ကိုလှဦးက လက်ရှိ အနေအထားကို ပြောဆိုသည်။

စစ်အစိုးရအနေနှင့် NLD သို့မဟုတ် လူထုက တစုံတရာ ဆန္ဒပြခြင်း ပြုလုပ်ခဲ့လျှင် အကြမ်းဖက်နှိမ်နင်းရန် ပြင်ဆင်ထားပြီးဖြစ်သည်ကို တွေ့မြင်ရကြောင်း သူက ပြောဆိုသည်။

စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချရန် ရည်ရွယ်ပြီး ဖမ်းဆီးခဲ့သည့် အတွက် နိုင်ငံတကာမှ မည်သို့ပင် ဖိအားပေး၊ အပြစ်တင်စေကာမူ ထောင်ချလိမ့်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာမှ ထိုကဲ့သို့ ဖိအား ပေးမှုသည် စစ်အစိုးရ၏ အကြမ်းဖက်ခြင်းကို ရပ်တန့်စေနိုင်မည် မဟုတ်ကြောင်း နိုင်ငံရေး သမားဟောင်း တဦးက ပြောဆိုသည်။

“နိုင်ငံတကာက ခုလို အော်နေတာလောက်ကိုတော့ အစိုးရက ဂရုမစိုက်တော့ပါဘူး၊ သူတို့အတွက် ရိုးနေပြီ၊ ဒေါ်စုကို ထောင်ချကို ချမှာပဲ” ဟု အဆိုပါ နိုင်ငံရေးသမားဟောင်းတဦးက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်