နယ်ခြားစောင့်တပ်ဖွဲ့အတွက် DKBA တပ်သား စုဆောင်း

E-mail Print
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) သည် ၎င်းထိန်းချုပ်ထားသော နယ်မြေဒေသများ၌ နယ်ခြားစောင့် တပ်ဖွဲ့အတွက် တပ်သားသစ်များ စုဆောင်းနေ ကြောင်း သိရှိရသည်။   

ရွှေ့ပြောင်း ကရင်ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေးကော်မတီ (CIDKP) မှ စောစတိဗ် က “ပြီးခဲ့တဲ့ လက တည်းက DKBA တွေက သထုံနဲ့ ဘားအံ ဒေသထဲမှာရှိတဲ့ ဒေသခံရွာသားတွေကို အတင်းအဓမ္မ တပ်ထဲ ၀င်ဖို့ လိုက် စုဆောင်းနေတယ်” ဟု ဧရာဝတီသို့ပြောသည်။

၎င်းက ဆက်လက်၍ DKBA စစ်သားများက ငြင်းဆိုသည့် ရွာသားများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

မြန်မာစစ်အစိုးရသည် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ကိုနယ်ခြား စောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် မကြာသေးခင်က ညွှန်ကြားခဲ့သည်။  

မြန်မာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော DKBA သည် ယင်းတပ်သားစုဆောင်းမှုကို မေလတွင် စတင် ခဲ့ပြီး ၃ လခန့်ဆောင်ရွက်မည်ဟု DKBA နှင့် နီးစပ်သူ ကရင်အမျိုးသားတဦးက ဧရာဝတီသို့ ပြောသည်။  

“စစ်ရေးသင်တန်းတွေကို မြန်မာစစ်အစိုးရက ပေးဖို့စီစဉ်ထားတယ်” ဟု ၎င်းက ဆိုသည်။

ယင်း တပ်သားစုဆောင်းမှုကြောင့် တချို့ရွာသားများသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြ ရကြောင်း ထိုင်း - မြန်မာနယ်စပ်မြို့များတွင် နေထိုင်နေကြသည့် ကရင်တိုင်းရင်းသားတချို့က ပြောသည်။

မြန်မာစစ်အစိုးရသည် DKBA ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်အရ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ပြောကြားခဲ့ရာ DKBA က သဘောတူခဲ့သည်။ DKBA သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သည်။  

ထို့အပြင် မြန်မာ စစ်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင်ကူးပြောင်းရေး မူဝါဒကော်မတီ၊ အသွင်ကူး ပြောင်းရေး လုပ်ငန်းကော်မတီ၊ အသွင်ကူးပြောင်းရေး တိုင်းအဆင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းရန် ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) အပါအ၀င် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၊ ကချင် ဒီမိုကရေစီ သစ်တပ်မတော် (NDA-K) ၊ ကိုးကန့်တပ်ဖွဲ့၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA-N) စသည်တို့ကို ဧပြီ ၂၈ ရက်နေ့က တွေ့ဆုံကမ်းလှမ်ခဲ့သည်။

သို့သော် နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရန်အတွက် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့က လက်မခံကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်