ဆိုးဆေးပါ စားသုံးကုန် ပစ္စည်းများ ထပ်မံပိတ်ပင်

E-mail Print
ဘေးအန္တရာယ် ဖြစ်စေနိုင်သော အနီရောင်ဆိုးဆေး (Rahodamine B)နှင့် လိမ္မော် ရောင်ဆိုးဆေး (Orange 2) များပါဝင်သည့် ငရုတ်သီးမှုန့် အမှတ်တံဆိပ် ခြောက်မျိုး၊ ပဲနီလေး အမှတ်တံဆိပ် တစ်မျိုးနှင့် ယိုစုံ (အချဉ်ထုပ်) အမှတ်တံဆိပ် တစ်မျိုးတို့ကို စားသုံးရန် မသင့်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ယမန်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အနီရောင်ဆိုးဆေး (Rahodamine B) နှင့် လိမ္မော်ရောင်ဆိုးဆေး (Orange 2)တို့ သည် ဓာတုဗေဒ ဆိုးဆေးများ ဖြစ်ပြီး စားသုံးမိပါက အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းစေ ခြင်း၊ ရေရှည်တွင် ကင်ဆာရောဂါဖြစ်စေခြင်းနှင့်မျိုးရိုးဗီဇ ထိခိုက်စေခြင်းတို့ကြောင့် စားသုံးရန်မသင့်ကြောင်း အစိုးရ သတင်းစာက ဖော်ပြထားသည်။

ယင်းဆိုးဆေးနှစ်မျိုးတွေ့ရှိသည့် ကြေညာချက်တွင် နာမည်ကြီး အမှတ်တံဆိပ် ဘုတ်ဆုံမ ငရုတ်သီးမှုန့် နှင့် ဆင်ဖြူတော်တို့ ပါဝင်ခြင်းမရှိဘဲ ညောင်ပင်လေးဈေးနှင့် သိမ်ကြီးဈေးတို့ရှိ အရောင်းဆိုင်ငယ်လေးများဖြစ် သော ဇွဲ တံဆိပ်၊ စိန်နဂါးဆိုင်၊ပြည့်ဖြိုးဆိုင်၊ ရွှေသဇင်၊ ရွှေဒေါင်းနီဆိုင်၊ "သောင်း" ဆိုင်တို့မှ ထုတ်လုပ်ရောင်းချ သော ငရုတ်သီးအစိမ်းမှုန့် ၊ ငရုတ်သီးအကြမ်းမှုန့် များ ၊ပြည့်ဖြိုးအောင်တံဆိပ် ပဲနီလေး ၊ ရွှေစင်တံဆိပ်  ဆီးချို (အစပ်) တို့ တွင်ဆိုးဆေးပါဝင်သည်ဟုဆိုကာ ရောင်းချခြင်းမပြုရန်တားမြစ်ထားသည်။

ရန်ကုန်တိုင်း ဒဂုံမြို့ သစ်မှ အိမ်ရှင်မ တစ်ဦးက" ဒီလိုပဲ ဆိုးဆေးတွေပါတယ်ဆိုပြီး တားမြစ်နေတာ၊ ကြေညာ တုန်း ခဏသာ၊ နောက်ပိုင်း ထပ်စစ်ပြီး မရှိဘူး၊ မတွေ့ တော့ဘူးဆိုပြီးတော့ ပြန်ရောင်းခိုင်းတာပဲ၊ စားဝတ် နေရေးခက်ခဲ နေတော့လည်းဆိုးဆေးရှောင်ပြီးတော့ စားမနေတော့ဘူး"ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၁ ရက်နေ့ကလည်း ပြည်တွင်း၌ ရောင်းချနေသော ငါးပိလုပ်ငန်း ၃၇ မျိုးကို ဗဟို အစားအ သောက်နှင့် ကျန်းမာရေး ၀န်ကြီးဌာနက ဓာတ်ခွဲခန်းများတွင် စစ်ဆေးခဲ့ရာ ငါးပိလုပ်ငန်း ၃၂ ခုမှ ငါးပိအမျိုးအစား ၇၉ မျိုးတွင် အနီရောင် ဆိုးဆေး (Rhodamine B ) ပါဝင်သည်ကိုတွေ့ရှိရ၍ စားသုံးရန်မသင့်ကြောင်း တားမြစ်ခဲ့ ပြီး ရောင်းချသူများကို ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ် ချမှတ်မည်ဖြစ်ကြောင်း ဗဟိုအစားအသောက်နှင့် ဆေးဝါး များ ကြီးကြပ်ကွပ်ကဲရေး ဌာန က အစိုးရ သတင်းစာများ၌ ထုတ်ပြန် ကြေညာထားသည်။  

မတ်လအတွင်းကလည်း လက်ဖက်အမျိုးစား ၁၀၀ ခန့်တွင် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင် ဆိုး သည့် ဓာတုပစ္စည်း (  Auramine O ) အ၀ါရောင် ဆိုးဆေး ပါဝင်နေသည်ကို တွေ့ရှိရသည့် အတွက် စားသုံးရန် မသင့်ကြောင်း သတင်းစာများတွင် သက်ဆိုင်ရာက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဧပြီ လ ၄ ရက် ကလည်း ကလေးငယ်များ အတွက် ဖော်စပ်ထားသော မြန်မာတိုင်းရင်းဆေး ၂ မျိုးတွင် အဆိပ် အတောက် ဖြစ်စေနိုင်သည့် သတ္တုမာ (Heavy Metal) များ ပါဝင်သည်ကို တွေ့ရှိရကြောင်း သတင်းစာများတွင် ဖော်ပြပါရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်