မိုး/ဇလ ညွှန်ချုပ်ကို တာဝန်မှ ရပ်ဆိုင်း

E-mail Print
မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေ ဒုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ကို တာဝန်မှ ရပ်ဆိုင်း လိုက်ကြောင်း ၎င်းဌာနနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

“တရားဝင် ရပ်ဆိုင်းခံရတာပဲ။ ဒါပေမယ့် ကျန်းမာရေးအခြေအနေအရ ရာထူးက အနားယူလိုက်ပြီလို့ပဲ ပြောကြတယ်” ဟု မိုးလေ၀သနှင့်ဇလဗေဒမှ ၀န်ထမ်းတဦးက ပြောသည်။

ဦးထွန်းလွင်ကို တာဝန်မှ ရပ်ဆိုင်းခဲ့ခြင်းမှာ နေပြည်တော်တွင် တိုက်ခတ်သွားသော လေပြင်း မုန်တိုင်းကိစ္စ ကြိုတင်သတိပေး ထုတ်ပြန်ခြင်းမရှိ သောကြောင့် ဖြစ်သည်ဟု ၎င်းတို့ ဌာနအတွင်း သတင်းစကားများ ထွက်ပေါ်လျက်ရှိကြောင်း သူက ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ အတွင်း နေပြည်တော်တွင် လေပြင်း တိုက်ခတ်ခဲ့ပြီး ထိုလေပြင်းကြောင့် သစ်ပင်ကြီးများ ကျိုးပျက်ခြင်း၊ နေအိမ်တချို့ အမိုး လန်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

“ဦးထွန်းလွင်က ကျန်းမာရေးအခြေနေကြောင့် အနားယူချင်နေတာကြာပြီလို့ ကြားနေတာ။ အခုသတင်းတွေ ထွက်နေလို့ မေးကြည့်တော့ နှလုံးရာဂါအခြေအနေကြောင့် နားလိုက်တာလို့ ပြောတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

အတည်မပြုနိုင်သည့် သတင်းများအရမူ ဦးထွန်းလွင်သည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံရန် ပြင်ဆင်မည်ဖြစ်သောကြောင့် ရာထူးမှ ရပ်နားခံရခြင်းဖြစ်သည်ဟု ကြားသိရသည်။

နအဖ အစိုးရသည် စစ်ဘက်ဆိုင်ရာ အရာရှိ၊ အရပ်ဘက် ဝန်ထမ်း အရာရှိ နှင့် စီးပွားရေးသမားတချို့ကို ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရန်အတွက် ယခုနှစ်ဆန်းပိုင်းမှ စတင်တိုက်တွန်း လျှက်ရှိကြောင်း ကြားသိရသည်။

လူပေါင်းသိန်းချီသေဆုံးခဲ့သည့် ၂၀၀၈ မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ မိုးလေ၀သ ဆိုင်ရာ သတင်းအချက်အလက်များကို မှန်ကန်တိကျစွာ မဖော်ပြဘဲ ထိန်ချန်ခဲ့သည်ဟု ဦးထွန်းလွင်ကို အများက စွပ်စွဲခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်