မြန်မာနှင့် တင်းမာမှု ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဝေဖန်

E-mail Print
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝနှင့် နိုင်ငံခြားရေးဝန်ကြီး ကဆစ်ဖိရုန်း တို့၏ လုပ်ဆောင်ချက်ကြောင့် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး တင်းမာ ရသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဟောင်း နက်ပဒွန်လ် ပတ်ထမာ ကပြောကြားကြောင်း ယမန်နေ့ထုတ် မြန်မာအစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း နက်ပဒွန်လ် ပတ်ထမာ က အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတင်းမာနေ သည့် အခြေအနေနှင့်ပတ်သက်ပြီးပြောကြားချက်ကို မေလ ၂၇ ရက်နေ့က ထိုင်းဘာသာဖြင့် ရေးသားထားသည့် မတ်တိချွန်း(Mati chon) သတင်းစာ၌ ဖော်ပြခဲ့သည်ကို မြန်မာ့အလင်း သတင်းစာက ကိုးကားရေးသားထားခြင်း ဖြစ်သည်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ် ပေးရန် အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသည့် ထိုင်းနိုင်ငံက ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီး တို့က ပြစ်တင်ဝေဖန်ခဲ့သည်။

ထို့ အတွက် မြန်မာစစ်အစိုးရက အာဆီယံ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် အကြောင်းအရာအားဖြင့် မှန် ကန်ခြင်း မရှိသောကြောင့် အာဆီယံဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံ၏ ကြေညာချက်ကို အလေးအနက် ကန့်ကွက်သည်ဟူ၍ တန်ပြန်ကြေညာခဲ့ရာ လက်ရှိအနေအထားအရ နှစ်နိုင်ငံတင်းမာမှုများရှိခဲ့ပြီး ဒုတိယအကြိမ် မြန်မာစစ်အစိုးရ သတင်းစာများက ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း နက်ပဒွန်လ် က ယခုထိုင်းနိုင်ငံသည် အာဆီယံ ဥက္ကဌ တာဝန်ထမ်းဆောင် နေပြီး အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့ ဆက်ဆံရေးအဆင်မပြေ မူကြောင့် အာဆီယံ ဂုဏ်သိက္ခာကျဆင်းရကြောင်း ၎င်းသတင်း၌ ဖော်ပြထားသည်။
 
အာဆီယံ ဥက္ကဌ၏ မေလ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာချက်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရာရောက်သဖြင့် အနာဂတ်ကာလ မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကို စိုးရိမ်ပူပန်မိပြီး နိုင်ငံခြားရေး ၀န်ကြီး ကဆစ် ရာထူးမှ နုတ် ထွက်သင့်ကြောင်းလည်း နက်ပဒွန်လ် က ဆိုသည်ဟု ရေးသားထားသည်။

ထို့အပြင် ယခင်းဝန်ကြီးချုပ် ဆုမ်ချိုင်း ဦးဆောင်သည့် အစိုးရအဖွဲ့လက်ထက်တွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်ကြောင်း သို့ရာတွင် လက်ရှိကာလ ထိုင်း-မြန်မာဆက်ဆံရေးသည် သမိုင်း တွင် မဖြစ်ပေါ်ခဲ့ဖူးသည့် ဆိုးရွားသော အခြေအနေများနှင့် ရင်ဆိုင်နေရသည် ဖြစ်ကြောင်း မတ်တိချွန်း သတင်း စာ၌ဖော်ပြထားရာ ၎င်းစာကို  မြန်မာ့အလင်း သတင်းစာက ကိုးကားရေးသားထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း နက်ပဒွန်လ် သည် ယခင်ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ဥပဒေ ဆိုင်ရာအကြံပေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခင်ဝန်ကြီးချုပ် ဆုမ်ချိုင်းသည် သက်ဆင်နှင့် ဆွေးမျိုးတော်စပ်သူလည်းဖြစ်သည်။

လွန်ခဲ့သည် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ အထိ ၀န်ကြီးချုပ်ဟောင်း သက်ဆင်သည် မြန်မာ စစ်အစိုးရနှင့် ဆက်ဆံရေး ပြေလည်ခဲ့ကြောင်း သိရသည်။

ကမ္ဘာဒီးယားနိုင်ငံခြားရေးဝန်ကြီး Hor Namhong ကလည်း နေအိမ်အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်း စုကြည် အား အမြန်ဆုံးပြန်လွှတ်ပေးရန်၊ မြန်မာအစိုးရကို ကုလသမဂ္ဂနှင့် ပိုမိုပူးပေါင်းလုပ်ဆောင်ရန်တိုက်တွန်း ခဲ့သည်ဟု  (၁၇) ကြိမ်မြောက် အာဆီယံ -အီးယူ ၀န်ကြီးအဆင့် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ မေလ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံ-အီးယူ ၀န်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံမှ ဒုတိယနိုင်ငံခြားရေး ၀န်ကြီးဦး မောင်မြင့်ကလည်း တခြားသောနိုင်ငံများက မြန်မာနိုင်ငံအပေါ် ၀င်ရောက်စွက်ဖက်မှုကို မလိုလား ကြောင်း ဇွန်၂ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ထိုသို့ဖော်ပြရာတွင် ဦးမောင်မြင့်က ထိုင်းနိုင်ငံသည်သာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ရန် လိုကြောင်း မြန်မာနိုင်ငံအနေနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အမျိုးသားညီလာခံ၌ အောင်မြင်စွာ ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ပြောခဲ့သည်။

ဦးမောင်မြင့်၏ ရှင်းလင်းချက်ထဲ၌ “နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးသည် ကုလသမဂ္ဂ၊ အာယီယံနှင့် ဒေသဆိုင်ရာ အဖွဲ့ အစည်းများ၏ အခြေခံမူဝါဒဖြစ်ကြောင်း၊ မြန်မာနိုင်ငံက တခြားနိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်မှုမပြု လုပ်သကဲ့သို့ တခြားနိုင်ငံများက မိမိတို့အပေါ် ၀င်ရောက်စွက်ဖက်မှု ကိုလည်း မလိုလားကြောင်း” ထည့်သွင်း ဖော်ပြထားသည်။

ဇွန် ၂ ရက်နေ့မှာပင် မြန်မာနိုင်ငံနှင့်အချင်းများခြင်းအားဖြင့် ထိုင်းနိုင်ငံသာ အရှုံးဖြင့်ရင်ဆိုင်ရမည် ဖြစ်ကြောင်း အာဏာသိမ်း ခေါင်းဆောင်ဟောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဆွန်ထီ ဘွန်ရာ ရက်ကလင်က ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာ ချီဝ၏ မြန်မာနိုင်ငံအပေါ် တင်းမာနေသော အနေအထားနှင့် ပတ်သက်ပြီး သတိပေးစကားပြောကြားချက်အား မေလ ၂၉ ရက်နေ့က ထိုင်းဘာသာဖြင့်ရေးသားထုတ်ဝေသည့် Thairath သတင်းစာ၌ ဖော်ပြထားသည်ကို မြန်မာ့အလင်း သတင်းစာက ကိုးကားဖော်ပြခဲ့သေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်