ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နိုင်ငံတကာမှ နိုင်ငံရေး အကျဉ်းသားများ ပါဝင်တောင်းဆို

E-mail Print
မြန်မာပြည်အား လက်နက်ရောင်းချခွင့် ပိတ်ပင်ပေးရန်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်  နိုင်ငံတကာမှ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၀၇ ဦးတို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုလိုက်သည်။

မကြာမီက ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် ပြုလုပ်ထားသော www.64forsuu.org အင်တာနက် စာမျက်နှာတွင် လက်မှတ်ရေးထိုး တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

လက်မှတ်ရေးထိုးသူများတွင် နိုဗဲလ်ဆုရှင် တောင်ကိုးရီးယားနိုင်ငံ သမ္မတဟောင်း မစ္စတာကင်ဒေးဂျုံ၊ မလေးရှားနိုင်ငံ ဒုဝန်ကြီးချုပ်ဟောင်း အန်န၀ါ အီဗရာဟင်၊ ချက်သမ္မတနိုင်ငံ သမ္မတဟောင်း စာရေးဆရာ ဗားကလက် ဟာဗယ်၊ နိုဗဲလ်ဆုရှင် ပိုလန်နိုင်ငံသမ္မတဟောင်း Lech Walesa၊ နိုဗဲလ်ဆုရှင် ရှေ့နေ တဦးဖြစ်သူ Shirin Ebadi တို့ ပါဝင်သည်။

ထို့အပြင် လက်ရှိ တရုတ်နိုင်ငံတွင် နေအိမ်အကျယ်ချုပ်ကျခံနေသော Yuan Weijing နှင့် Zeng Jinyan တို့လည်းပါဝင် လက်မှတ်ရေးထိုးကြသည်။

မစ္စတာ ကင်ဒေးဂျုံက “ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး နေအိမ် အကျယ်ချုပ်ချထားတာဟာ အာရှအတွက် ရှက်စရာပါ” ဟု ပြောသည်။

မလေးရှား ဒုဝန်ကြီးချုပ်ဟောင်း အန်န၀ါ အီဗရာဟင် က အာဆီယံအနေဖြင့် မြန်မာ့အရေး ကို ဖြေရှင်းရန် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေး ဟူသော အချက်ကို ပြင်ဆင်သင့်ကြောင်း ပြောသည်။

ယင်းလှုပ်ရှားမှုကို အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့( Human Rights Watch)၊  မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့( U.S Campaign for Burma)၊ Open Society Institute၊ ဥရောပအခြေစိုက် France's Info Birmanie နှင့် Amnesty International၊ အာရှအခြေစိုက် Burma Info Japanတို့က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။

www.64forsuu.org အင်တာနက် စာမျက်နှာတွင် အင်္ဂလိပ်ဘာသာဖြင့် စကားလုံး ၆၄ လုံးပါ စကားများကို အမှတ်တရ ရေးသားပြောဆိုလျက် ရှိကြရာ ယင်းအင်တာနက် စာမျက်နှာတွင် ကမ္ဘာကျော် ပုဂ္ဂိုလ်များကလည်း ပူးပေါင်းပါဝင်ခဲ့ကြ သည်။

ယခုအခါ  ကမ္ဘာကျော်ပုဂ္ဂိုလ် ၅ဝနီးပါးနှင့် သူ့အား ထောက်ခံအားပေးသူ ၈ဝဝဝ ခန့်က ၆၄လုံးပါ စကားရပ်များဖြင့် ဂုဏ်ပြုစကားပြောဆိုထားကြသည်။

အဆိုပါ အင်တာနက် စာမျက်နှာကို နိုင်ငံတကာ INGO အဖွဲ့များ၏ ထောက်ခံအားပေးမှုဖြင့် ပြီးခဲ့သည့် မေလ ၂၇ရက်နေ့ က စတင် အကောင်အထည် ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းလှုပ်ရှားမှုများကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ၆၄ နှစ်မြောက် မွေးနေ့ အခါသမယ တွင်ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်