ဥပဒေပညာရှင်များက လွတ်လပ်သည့် တရားစီရင်ရေး တောင်းဆို

E-mail Print
ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ကြားနာ စစ်ဆေးရာတွင် အများပြည်သူ ကြားနာခွင့်ရှိပြီး လွတ်လပ်၍ မျှတ သော တရားစီရင်ရေး ကျင့်သုံးရန် မြန်မာစစ်အစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ ပညာရှင် ၅ဦးက ယမန်နေ့က တောင်း ဆိုလိုက်သည်။

တရားသူကြီးနှင့် ရှေ့နေ တရားရေး လွတ်လပ်မှုဆိုင်ရာ ကျွမ်းကျင်သူ လီယန်ဒရိုဒက်စ်ပရီ က “ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမှုကို ကြားနာ စစ်ဆေးတဲ့အခါ ကျင့်ထုံးအရ ရပိုင်ခွင့်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေ တာကို တွေ့ရပါတယ်” ဟုပြောသည်။

ထို့အပြင် ယင်းအမှုကို တခါးပိတ် ကြားနာစစ်ဆေး နေသကဲ့သို့ မီဒီယာ များကိုလည်း လွတ်လွတ် လပ်လပ် သတင်းရယူခွင့် မပေးကြောင်း၊ တရားဥပဒေစိုးမိုးသည့် နိုင်ငံများတွင် အမှုများကို ကြားနာစစ်ဆေးရာတွင် အများပြည်သူ ကြားနာခွင့် ရှိပြီး ဥပဒေနှင့်အညီ မျှတစွာဖြင့် စစ်ဆေးကြောင်း ၎င်းကပြောသည်။

လီယန်ဒရို ဒက်စ်ပရီ က “အမှုနဲ့ ဆီလျော်သက်ဆိုင်တဲ့ သက်သေမှန်သမျှကို တရားရုံးက စစ်ဆေးရပါမယ်၊ ဒီအမှုကို ခြုံကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်ပြတဲ့ သက်သေတွေထဲက၂ ဦးသာ ခွင့်ပြုပြီး တော့ အစိုးရသက်သေက ၁၄ ဦးအထိရှိနေတာ တွေရတယ် ” ဟု ပြောသည်။

ယင်းတောင်းဆိုချက်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်မစ္စတာတောမတ်စ် အိုဟေး ကင်တာနာ Tomas Ojea Quintana နှင့်အတူ တရားသူကြီးနှင့် ရှေ့နေတရားရေး လွတ်လပ်မှုဆိုင်ရာ ကျွမ်းကျင်သူ လီယန်ဒရို ဒက်စ်ပရီ Leandro Despouy၊ ဥပဒေမဲ့ဖမ်းဆီး ထိန်းသိမ်းမှုဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့ ဥက္ကဌ Ms. Manuela Carmena Castrilo ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများဆိုင်ရာ ကျွမ်းကျင်သူ Ms. Margaret Sekaggya၊ လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်ပိုင်ခွင့်ဆိုင်ရာ ကျွမ်းကျင်သူ် Mr. Frank La Rue တို့က စစ်အစိုးရအား တောင်းဆိုခြင်းဖြစ် သည်။

လွန်ခဲ့သော မေလ ၁၅ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏အမှုလိုက် ရှေ့နေတဦး ဖြစ်သူ ဦးအောင်သိန်း ကို အာဏာပိုင်များက ရှေ့နေ လိုက်ခွင့် လိုင်စင်ရုပ်သိမ်းခဲ့သကဲ့သို့ ဇွန်လ ၉ ရက်နေ့ကလည်း ၎င်း၏ အမှုလိုက် ရှေ့နေ ဦးလှမျိုးမြင့် ၏ ဇနီးကို သက်ဆိုင်ရာ အာဏာပိုင်များက အကြောင်း ပြချက်မရှိဘဲ အလုပ်မှ ထုတ်ပယ် လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ ဆက်တိုက် စစ်ဆေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်