မြန်မာ ၈၈ ဦး မဲဆောက်တွင် အလုပ်ထုတ်ခံရ

E-mail Print
ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ မယ်ပအရပ်ရှိ ဟုန်ထစက်ရုံမှ မြန်မာအလုပ်သမား ၈၈ ဦးကို ယနေ့တွင် လုပ်ခပေး၍ အလုပ်ထုတ် လိုက်ကြောင်း မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့က ပြောသည်။

၎င်း အလုပ်သမားများမှာ လုပ်အားခ ပုံမှန်ရရှိရေးနှင့် ပုံမှန်အားလပ်ရက် ရရှိရေးအတွက် ဇွန် ၁၄ ရက်နေ့ကစတင်ကာ စက်ရုံရှေ့၌ ဆန္ဒပြ တောင်းဆိုခဲ့သူများဖြစ်သည်ဟု သိရသည်။

အလုပ်သမားများ ဆန္ဒပြတောင်းဆိုရခြင်းနှင့် ပတ်သက်၍ အလုပ်သမတဦးက ၎င်းတို့ ဟုန်ထ စက်ရုံ အလုပ်သမားများ အားလပ်ရက်မရသည်မှာ တလကျော်နေပြီဖြစ်ကြောင်း၊ ၁၄ ရက်နေ့က တနင်္ဂနွေ ဖြစ်သောကြောင့် အားလပ်ရက်ပေးရန် တောင်းဆိုရာ အလုပ်ရင်က၏တာဝန်ခံက နားခွင့်မပေးဘဲ ခွင့်တရက်ယူ၍ ညနေပိုင်း အလုပ်ပြန်ဆင်း ကြရန် ပြောကြောင်း၊ ထို့ကြောင့် ၎င်းတို့ အလုပ်သမားများမှာ ခွင့်တရက်ယူပြီး အပြင်ထွက်ကြ ကြောင်း၊ ညနေပြန်လာချိန်တွင် အလုပ်သမားများကို စက်ရုံထဲ ပေးမဝင်တော့ကြောင်း ပြောပြသည်။

“ပိုဆိုးတာက ဘာအကြောင်းပြချက်မှ အသေအချာမရှိဘဲနဲ့ အလုပ်သမ ၃ ယောက်ကို အဲဒီနေ့ကပဲ အလုပ်ထုတ်လိုက်တယ်၊ အဲဒီကစပြီး ဆန္ဒပြတဲ့အထိ ဖြစ်လာရတာ” ဟု သူက ဆိုသည်။
 
အလုပ်မှ ထုတ်ပစ်ခံရသူ မိန်းကလေးသုံးဦးကို အလုပ်ပြန်ပေး ရေး၊ အလုပ်အားလပ်ရက် ပုံမှန် သတ်မှတ် ပေးရေး၊ အလုပ်ချိန်ကို တိတိကျကျသတ်မှတ်ပေးရေးနှင့် လုပ်အားခကို တပြေးညီ ပေးရေးအတွက် အလုပ် သမားများသည် စက်ရုံရှေ့တွင် ထိုင်၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ အလုပ်သမားများ၏ မေလအတွက် လစာကို ဇွန် ၁၃ ရက်နေ့မှ ရကြကြောင်း သိရသည်။

“လစာပေးတာ မညီဘူး တချို့က ဘတ် ၁ ထောင်ပဲ ရတယ်၊ အများဆုံးက ၁၉၀၀ ပဲ” ဟု ရောင်ခြည်ဦးမှ တာဝန်ရှိသူ တဦးက ပြောပြသည်။

ရာနှင့်ချီကာ ဆန္ဒပြနေသည့် အလုပ်သမားများကို ထိုင်းပြည်သူ့ စစ်က စောင့်ကြည့်နေခဲ့ကြပြီး ယခုလက်ရှိတွင်လည်း မဲဆောက်အခြေစိုက် ရဲများ၊ ပြည်သူ့စစ်များက စက်ရုံနှင့် အနီးတဝိုက်တွင် နေရာယူထားသောကြောင့် အလုပ်ထုတ်ခံရသည့် အလုပ်သမားများမှာ ရောင်ခြည်ဦး အလုပ်သမား အဖွဲ့တည်ရှိရာ နေရာသို့ မသွားနိုင်ဘဲ ပုန်းအောင်းနေရသည်ဟု ၎င်းက ဆက်ပြောသည်။

မဲဆောက် အခြေစိုက် ရခိုင်အလုပ်သမား သမဂ္ဂဥက္ကဌ ကိုခိုင်လမင်းကလည်း “လုပ်ငန်းရှင်တွေက အခုလို ခေါင်းပုံဖြတ်တာတွေ၊ အလုပ်သမားတွေကို ကျေးကျွန်တွေလို သဘောထားတာတွေ မဲဆောက်မှာ အများကြီးပါ။ အလုပ်သမား တချို့က ဘာပဲဖြစ်ဖြစ် သည်းညည်းခံပြီး လုပ်နေကြရတယ်၊ အခု ဒီ စက်ရုံက လူတွေ ကိုယ့်အခွင့်အရေးအတွက် တောင်းဆိုဆန္ဒပြခဲ့တာ တကယ်လုပ်ရမယ့် အလုပ်ကိုလုပ်တာပါပဲ” ဟု ပြောဆိုသည်။

ဟုန်တ စက်ရုံကို မဲဆောက်ရှိ မြန်မာအလုပ်သမားများက ရန်ကုန်စက်ရုံဟုလည်း ခေါ်ကြသည်၊ ပိုင်ရှင်မှာ တရုတ်လူမျိုးဖြစ်ကြောင်း သိရသည်။ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က မတရား အလုပ်ထုတ်ခံရသော အလုပ်သမားများအတွက် စက်ရုံပိုင်ရှင်ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်