ဖုန်းလိုင်း နှစ်သိန်းကျော် ချပေးတော့မည်

E-mail Print
အစိုးရ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာနက လာမည့် ခြောက်လအတွင်း ရန်ကုန်နှင့် မန္တလေးမြို့များတွင် GSM မိုဘိုင်းလ်နှင့် CDMA ဖုန်းလိုင်းပေါင်း နှစ်သိန်းကျော် ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက GSM မိုဘိုင်းလ် ဖုန်းလိုင်း ရှစ်သောင်းနှင့် CDMA ဖုန်းလိုင်း တသိန်းခွဲ စုစုပေါင်း ဖုန်းလိုင်း နှစ်သိန်းသုံးသောင်း ချထားပေးမည်ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ မိုဘိုင်းလ်ဖုန်းလိုင်းနှင့် အော်တိုဖုန်းလိုင်း သိန်းချီ ၍ ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အရာထမ်းတဦးက ပြောသည်။

“GSM ဖုန်းလိုင်း ရှစ်သောင်း ထပ်ချပေးမယ်၊ GSM ဖုန်းတလုံးကို ပုံမှန် အစိုးရထုတ်ဈေး ၁၅ သိန်းနဲ့ပဲ ရောင်းမှာပါ၊ GSM ဖုန်းလိုင်း ရှစ်သောင်းက ရန်ကုန်နယ်နိမိတ် အတွက်ပဲ၊ ဒီနှစ်အတွင်း အပြီးချပေးမှာ”ဟု ထိုအရာထမ်းက ပြောပြသည်။

GSM ဖုန်းများချထားပေးရန် ဆက်သွယ်ရေးစခန်း ၃၃ ခုကိုလည်း တိုးချဲ့တည်ဆောက်လျက်ရှိပြီး အဆိုပါလုပ်ငန်း စဉ်များကို ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချူပ်သိန်းဇော် ကိုယ်တိုင်ကြပ်မတ်၍ အထူးအလေးထား ဆောင်ရွက်နေ သည်ဟုလည်း သိရှိရသည်။

ထို့အပြင် ရန်ကုန်နှင့်မန္တလေးတွင်  CDMA 800 MHZ  ဖုန်းလိုင်း တသိန်းခွဲ ချထားပေးမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် ဖုန်းလိုင်းအရေအတွက် တသိန်းနှင့် မန္တလေးမြို့တွင် ဖုန်းလိုင်းအရေအတွက် ငါးသောင်း ချထားပေးရန်ရှိကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်နီးစပ်သော သတင်းရပ်ကွက်မှ သိရှိရသည်။

“အခုချပေးမယ့် CDMA 800 MHZ ဖုန်း က ကြိုးမဲ့ ဖုန်းပေမယ့် မိုဘိုင်းလ်ဖုန်းလိုမျိုး သွားလေရာယူသွားပြီး သုံး လို့ မရဘူး၊ ဖုန်းချထားပေးတဲ့ သက်ဆိုင်ရာ မြို့နယ် နယ်နိမိတ်အတွင်းမှာပဲ အသုံးပြုလို့ရမယ်၊ ကြိုးဖုန်း(အော်တို တယ်လီဖုန်း)ပုံစံ သုံးရမယ့်ဖုန်းပါ”ဟု အငယ်တန်း ဆက်သွယ်ရေးဝန်ထမ်းတဦးက ပြောသည်။

ယင်း CDMA 800 MHZ ဖုန်းများကို တလုံးလျှင် ကျပ် ၁၀ သိန်းအောက်မျှဖြင့် ချထားပေးမည်ဆိုသော သတင်း များလည်း ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်နေရာ သိန်းဂဏန်း အရေအတွက် ရှိသည့် အဆိုပါ CDMA ဖုန်းများ ချထားပေးပါက ကြိုးဖုန်း( အော်တိုတယ်လီဖုန်း) တလုံးလျှင် ကျပ် သိန်း နှစ်ဆယ် အထက်ရှိသော ကြိုးဖုန်း ဈေးကွက် ထိခိုက်ဖွယ်ရှိကြောင်း ရန်ကုန် ဖုန်းဝယ်ရောင်းအကျိုးဆောင်ပွဲစားတဦးက ဆိုသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနက ဖုန်းလိုင်းစုစုပေါင်း နှစ်သိန်းကျော် မကြာမီချထားပေးမည့် အစီအစဉ်သည် အစိုးရ ဘတ်ဂျက်လိုငွေပြမှုဖြစ်နိုင်ကြောင်း၊ ဖုန်းလိုင်းများ လွယ်လွယ်ကူကူချထားပေးခြင်းဖြင့် အစိုးရအပေါ် အကောင်း မြင်ပြီး လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရကျောထောက်နောက်ခံကြံ့ဖွံ့အသင်းကို မဲပေးစေရန်ဟူသော ရည်ရွယ်ချက် အစိုးရတွင်ရှိနိုင်ကြောင်း ပြည်တွင်း သတင်းစာဆရာကြီးတဦးက သုံးသပ်သည်။

အခြားတဘက်တွင်လည်း စစ်အစိုးရသည် ဦးတေဇပိုင် စင်ထရယ်မားကက်တင်း ကုမ္ပဏီနှင့် ပူးပေါင်း၍ တခါသုံး ဖုန်းကတ်များ ထုတ်ရောင်းလျက်ရှိရာ ဖုန်းကတ်ပေါင်း သုံးသိန်းခွဲ ရောင်းချပြီးဖြစ်သည်ဟု ပြည်တွင်း အပတ်စဉ် ထုတ် သတင်းဂျာနယ်များတွင် ရေးသားထားသည်။

လူဦးရေ သန်းငါးဆယ်ကျော်ရှိသော မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း၊ အော်တို တယ်လီဖုန်း အပါအ၀င် ဖုန်းလိုင်း ပေါင်း( တခါသုံးဖုန်းကတ်လိုင်းများ မပါဝင်) ခုနစ်သိန်းခွဲနီးပါးရှိပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တရားဝင်ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်