ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ဧရာဝတီပရိသတ်များ ဂုဏ်ပြု

E-mail Print
ယမန်နေ့က ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ် ဧရာဝတီက အင်တာနက် စာမျက်နှာတခု သီးသန့် ဖွင့်ထားရာ စာဖတ်သူများက ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် အနုပညာဖန်တီးမှုများ၊ ရှားပါးဓာတ်ပုံများ စုစုပေါင်း တရာကျော် ပေးပို့ထားကြသည်။

ပန်းချီကားများတွင် ခင်မောင်ရင်၊ စစ်ငြိမ်းအေး၊ ထိန်လင်း၊ မင်းကျော်ခိုင်၊ သန်းဌေးမောင် စသည့် ထင်ရှားသည့် ပန်းချီဆရာတို့၏ လက်ရာများလည်း ပါဝင်သည်။

ပန်းချီနှင့် ဓာတ်ပုံများကြားတွင် ကာတွန်းဆရာ နေမျိုးအေး၏ ကာတွန်းလက်ရာတခုကိုလည်း တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံနှင့် လူမျိုးအပေါ် အလွန် စေတနာရှိသည့် အမျိုးသမီးဖြစ်သည်ဟု သူယူဆကြောင်း ဧရာဝတီကို ပြောသည်။ သူ ရေးဆွဲ ပေးပို့သည့် ကာတွန်းတွင် အသက် ၆၄ နှစ်အရွယ်အမျိုးသမီးက ဘောလုံးကွင်းအတွင်း ဝင်ရန် အဆင်သင့် ဖြစ်နေချိန်တွင် အသက် ၇၅ နှစ်အရွယ် စစ်ယူနီဖောင်းဝတ်တဦးကို ကွင်းထဲမှ ထွက်ရန် ဒိုင်လူကြီးတဦးက အချက်ပေးနေသည့်ပုံ ဖြစ်သည်။

“တို့မြန်မာနိုင်ငံရဲ့ ပြဿနာက လူမှန် နေရာမှန် မရတဲ့ ပြဿနာကွ။ လူမှန် နေရာမှန်လည်း ဖြစ်အောင်၊ မွေးနေ့မှာလည်း လွတ်လပ်စေချင်တဲ့ ဆန္ဒ၊ တို့တိုင်းပြည် တိုးတက်စေချင်တဲ့ဆန္ဒကြောင့် ဒီကာတွန်း ဆွဲဖြစ်သွားတာပါ” ဟု သူ၏ ကာတွန်းနှင့် ပတ်သက်ပြီး ရှင်းပြသည်။

စင်္ကာပူနိုင်ငံရောက် မြန်မာ ဘလော့ဂါတဦး ပေးပို့သော သရုပ်ဖော် ပန်းချီကား တချပ်ကိုလည်း တွေ့နိုင်သည်။

“ဒီ သရုပ်ဖော်ပုံ ဆွဲတဲ့အချိန်တုန်းက ဒေါ်စုကို စပြီး တရားစွဲခါစလည်း ဖြစ်တယ်၊ ပြီးတော့ မေလကုန်မှာ ဖြစ်ခဲ့ဖူးတဲ့ အဖြစ် အပျက်တွေကို သတိရလို့ ဆွဲလိုက်တာ”ဟု ဘလော့ဂါ ပန်ဒိုရာက ပြောသည်။ ပန်ဒိုရာက ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူကို ယခင်ကလည်း ကွန်ပျူတာ အသုံးပြုပြီး ဆွဲဖူးသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လွတ်လပ်လပ် တွေ့ဆုံပြီး ပုံတူဆွဲ၊ ဓာတ်ပုံရိုက်ခွင့်ရသည့် အခြေအနေသို့ အမြန်ဆုံး ရောက်ရှိရန် ဆန္ဒပြုပါသည်ဟု ဘလော့ဂါ ပန်ဒိုရာက ပြောသည်။

ဧရာဝတီသို့ ရောက်လာသော အနုပညာ လက်ရာများတွင် ကလေးပန်းချီတချို့လည်း ပါဝင်သည်။ ပန်းချီကားချပ် ဖန်တီးရှင် ကလေးတဦးက  ဆန္ဒပြသည့် အရပ်သားများ နှင့် သံဃာများကို သတ်ဖြတ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးသည် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖမ်းဆီးထားကြောင်း ဧရာဝတီကို ပြောပြသည်။

“မေမေတို့က ဘွားဘွားစုကို ချစ်တယ်၊ သမီးကလည်း ချစ်တယ်၊ ဒါကြောင့် ဘွားဘွားစုပုံကို ဆွဲတာ” ဟု ကျဲကျဲ အမည်ရှိ ကလေးတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် စာမျက်နှာကို ဖတ်ရှုခဲ့သည့် စာဖတ်သူတချို့ကလည်း သဘောထား မှတ်ချက်များ ပေးသွားကြသည်။

စာဖတ်သူတဦးက ဒေါ်အောင်ဆန်းစုကြည် အပေါ် ထားရှိသည့် မေတ္တာ၊ စိတ်ခံစားမှုတို့ကို ဖော်ပြသည့် အနုပညာ ဖန်တီးမှုများ ဖိတ်ခေါ်ခြင်းကို နှစ်သက်မိသည်ဟု မှတ်ချက်ပေးသည်။

ဤအစီအစဉ်ကို ဧရာဝတီ အင်တာနက် စာမျက်နှာ အထူးကဏ္ဍတွင် ဆက်လက် ဖော်ပြသွားမည် ဖြစ်သည်။

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်