ဦးဖေသိန်း ဈာပန အာဏာပိုင်များစောင့်ကြည့်

E-mail Print
ကာတွန်းဆရာကြီး ဦးဖေသိန်း၏ ဈာပန အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း၌ မြောက်ဥက္ကလာပ ရေဝေးသုသာန် တွင်ကျင်းပရာ အာဏာပိုင်များက လုံခြုံရေးများချ၍ စောင့်ကြည့် အကဲခတ်မှုများ ပြုလုပ်ကြောင်း သိရသည်။

ယင်း ဈာပနအခမ်းအနားသို့ နိုင်ငံရေးအသိုင်းအ၀န်း ၊ စာနယ်ဇင်း အသိုင်းအ၀န်းနှင့် ဆရာကြီးကို ချစ်ခင်လေးစား သော ပရိတ်သတ်များ၊ အကန်တော့ခံ ကာတွန်းဆရာကြီးများဖြစ်သော ဦးအောင်ရှိန်၊ ဦးရွှေမင်းသားတို့ အပါ အ၀င် လူတထောင်နီးပါး တက်ရောက်ခဲ့ရာ ရဲ အထူးသတင်းတပ်ဖွဲ့မှ အရပ်ဝတ် ရဲထောက်လှမ်းရေးများက စောင့်ကြည့်၍ ဓာတ်ပုံမှတ်တမ်းရိုက်ကူးမှုများ ပြုလုပ်သည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ဈာပန အခမ်းအနား သွားရောက်သူများ က ပြောသည်။

“အသုဘအခမ်းအနားတောင်မှ ရဲတွေက လိုက်ပြီး ဓာတ်ပုံရိုက်၊ မှတ်တမ်းတင်တယ်ဆိုတော့ ကျနော်တို့ နိုင်ငံမှာ ဘယ်လောက်တောင် ဖိနှိပ်ချုပ်ချယ်ခံနေရသလဲစဉ်းစားကြည့်ရင် သိနိုင်တယ်”ဟု ရန်ကုန်မြို့မှ ကာတွန်းဆရာ တဦးက ပြောသည်။

ဈာပနအခမ်းအနားတွင် ဦးဖေသိန်းကိုယ်တိုင် ၁၉၉၂ ခုနှစ်က ရေးသားထားသည့် ကိုယ်ရေး အကျဉ်းစာအုပ်၊ လယ်တီ ဆရာတော်ဘုရားကြီး၏ အန္တရာယ်ကင်း တံဆိပ်နှင့် ဦးဖေသိန်း ကာတွန်းလက်ရာများပါဝင်သည့် စာအုပ် ငယ်တအုပ်ကို ဝေငှခဲ့သည်ဟုလည်း ဆိုသည်။

ကာတွန်း ဦးဖေသိန်းသည် ၁၉၈၈ ခုနှစ်သြဂုတ်လတွင် ရှစ်လေးလုံး ကျရောက်သည့်နေ့ကို ထူးခြားသောနေ့အဖြစ် သံကြိုးကွင်းများအဖြစ် ဖန်တီးပြီး ချယ်ရီမဂ္ဂဇင်း သြဂုတ်လ နှစ်ပတ်လည် အထူးထုတ်တွင် ရေးသားဖော်ပြခဲ့ရာ စာပေစိစစ်ရေးက ၎င်းကို ကာတွန်းရေးဆွဲခွင့် ၁၉၈၉ ခုနှစ်မှ ၁၉၉၂ခုနှစ် အထိ ပိတ်ပင်ခဲ့သည်ဟု ဦးဖေသိန်း ကိုယ်တိုင်ရေးသားထားသည့် ကိုယ်ရေးအကျဉ်းတွင် ဖော်ပြထားသည်။

ဦးဖေသိန်းသည် ခေတ်စနစ်ကို ထင်ဟတ်သော ကာတွန်များကို အများဆုံးရေးဆွဲခဲ့သူဖြစ်ပြီး ယနေ့ ကြေးမုံ သတင်းစာ ၏ Logo စာလုံး မှာ ဦးဖေသိန်းရေးဆွဲခဲ့ကြောင်း သိရသည်။

ဦးဖေသိန်း ရေးဆွဲသော ပုံပမာကာတွန်းစာအုပ်များ၊ ငါးပါးသီလ ကာတွန်းပဒေသာ၊ ၃၈ဖြာ မင်္ဂလာ ကာတွန်း ပဒေသာ၊ အီစွပ် ဂန္ထ၀င်ပုံပြင်၊ စကားပုံ ပုံပမာ၊ တရားတော်လာ ပုံပမာ၊ အနန္တောအနန္တ ငါးပါး ကာတွန်းပဒေသာ စာအုပ်များကို ကိုယ်တိုင် ရေးသား ထုတ်ဝေခဲ့သည်။

ကာတွန်း ဦးဖေသိန်း အသက်(၈၆)နှစ်သည် ပြီးခဲ့သည့် သောကြာနေ့တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီး နှင့် သားသမီး ၆ ဦး ကျန်ရစ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်