NLD ၂ ဦးနှင့် သတင်းသမား ၁ ဦး ထောင်ချခံရ

E-mail Print
စစ်အစိုးရက ပြီးခဲ့သည့် တပတ်အတွင်း၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ၂ ဦးနှင့် ပြည်တွင်း သတင်းထောက် ၁ ဦးကို ထောင်ဒဏ် ၁၈ လ မှ ၂ နှစ်အထိ ချမှတ် လိုက်သည်။

ရန်ကုန်တိုင်း တွံတေးမြို့နယ် NLD ဒု ဥက္ကဌ ဦးချစ်ဖေနှင့် အဖွဲ့ဝင် ဦးအောင်စောဝေ တို့ကို သာသနာ ညှိုးနွမ်းမှုဖြင့် ပြီးခဲ့သည့် အင်္ဂါနေ့က တွံတေးမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၁၈ လ စီ ချမှတ်လိုက်ကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

၎င်း ဦးချစ်ဖေ နှင့် ဦးအောင်စောဝေ တို့သည် တခြားသော NLD အဖွဲ့ဝင် ၅၀ ခန့်နှင့် အတူ ပြီးခဲ့သည့် ဧပြီလ အတွင်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တွံတေးမြို့ ဖက်တရာ ဘုရားတွင် ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ပြီးနောက် အာဏာပိုင်များ၏ ဖမ်းဆီး အရေးယူမှုကို ခံခဲ့ရခြင်းဖြစ်သည်။

ထို့အပြင် ယခု ဇွန်လ အတွင်းတွင် တခြားသော NLD အဖွဲ့ဝင် ၃ ဦးကိုလည်း စစ်အာဏာပိုင်များက ဖောက်ခွဲ ဖျက်ဆီးရေး အမှုဖြင့် ဖမ်းဆီးခဲ့ကြောင်းလည်း ဦးဉာဏ်ဝင်း က ပြောသည်။

“သူတို့ ၃ ဦး ကို ဖောက်ခွဲရေး ပစ္စည်းတွေနဲ့အတူ ဖမ်းထားတာတဲ့၊ နာမည်တွေတော့ အသေအချာ မသိသေးလို့ အသေးစိတ် မပြောနိုင်သေးပါဘူး၊ ကျနော်တို့ကတော့ ဥပဒေ လမ်းကြောင်းအတိုင်း သူတို့ကို ကူညီဆောင်ရွက် ပေးမှာပါ”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

လတ်တလောတွင်လည်း NLD ခေါင်းဆောင် တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆို၍ အင်းစိန်ထောင်တွင်း၌ ဆက်လက်ထိန်းသိမ်း ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ ဖြင့် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရဖွယ်ရှိသည်။

“စစ်အစိုးရက ၁၉၉၀ လောက်ကတည်းက ကျနော်တို့ NLD အဖွဲ့ဝင်တွေကို ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်နေတာ၊ နိုင်ငံရေးအရ နောင်ဘာဖြစ်မလဲ ဆိုတာတော့ ကျနော်တို့လည်း မမှန်းဆတတ်ဘူး၊ ဒါပေမယ့် ကျနော်တို့ က အကြမ်းမဖက်တဲ့ နည်းကိုပဲ ကျင့်သုံးခဲ့တာ၊ ဒီနည်းအတိုင်းပဲ ဆက်ပြီး ကျင့်သုံးသွားမှာ ဖြစ်ပါတယ်”ဟု လည်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

တချိန်တည်းတွင်ပင် ပြီးခဲ့သည့် ကြာသပတေးနေ့ကလည်း News Watch ဂျာနယ် သတင်းထောက်ချုပ်ဟောင်း ကိုဇော်ထွန်း  ခေါ် ကိုဝင်းဦးကို ဗဟန်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ကြောင်း ရန်ကုန် အခြေစိုက် သတင်းထောက် တဦး ကပြောသည်။

ယင်း ကိုဇော်ထွန်းသည် ယမန်နှစ် စက်တင်ဘာလအတွင်းက တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်အနီးသို့ သွားရောက်ခဲ့ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ ဝတ္တရား နှောင့်ယှက်မှုဖြင့် တရား စွဲဆို ထောင်ချခံရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားပေါင်း ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်