ရန်ကုန်မြို့ လုံခြုံရေးတင်းကျပ်

E-mail Print
ယနေ့ ဒေါ်အောင်ဆန်း စုကြည်အမှု ပြန်လည်စစ်ဆေးသည့် ရန်ကုန်မြို့ အင်းစိန်ထောင် အနီးတဝိုက်နှင့် အင်းစိန် မြို့မဈေးရှေ့တို့တွင် သံဆူးကြိုး ဘယ်ရီယာများ၊ အချုပ်ကားများနှင့် လုံထိန်းရဲများချထားပြီး လုံခြုံရေးတင်းကျပ် ထားသည်။

ထိုသို့ ပိတ်ဆို့ထား သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်း စုကြည်ကို အားပေးထောက်ခံသော ပြည်သူတရာကျော်မှာ ယင်း လုံထိန်းရဲများ၊ သံဆူးကြိုး ဘယ်ရီယာများနှင့် ရဲကားများကြားတွင် စုဝေးမှု ပြုလုပ်နေကြောင်း ကိုယ်တိုင် ပါဝင်စုဝေးသူများက ပြောသည်။

ယနေ့တွင် အောင်သုခလမ်း၊ ဂန္ဓမာလမ်း၊ မျိုးချစ်လမ်း အပါဝင် အင်းစိန်ထောင် အနီးပတ်ဝန်းကျင် လမ်းသွယ်များ အားလုံးနှင့် လှိုင်မြစ်လမ်း ကားလမ်းကြီး ပလက်ဖောင်းများ အားလုံးကို ရေနံချေး သုတ်သံဆူးကြိုး ဘယ်ရီယာများချ ထားပြီး အင်းစိန်ထောင်အနီး လာရောက်စုဝေး သူများကိုလည်း ရော်ဘာ နံပါတ်တုတ်များကိုင် ဆောင်ထားသော ရဲများက ၀န်းရံထားသည်ဟု အင်းစိန်ထောင်အနီး ဂန္ဓမာလမ်းထိပ်တွင် သွားရောက် စုဝေးနေသူ ပြည်သူတစ်ဦးက ပြောသည်။

“ပုံမှန်ဆိုရင် အောင်သုခ လမ်းထိပ်မှာရှိတဲ့ ထိပ်တန်း အပေါင်ဆိုင်ရှေ့မှာပဲ လူစုကြတာ၊ ဒီနေ့တော့ အောင်သုခ လမ်း ရော၊ ထိပ်တန်း အပေါင်ဆိုင်ရှေ့ကိုရော လုံးဝပိတ်ထားတယ်၊ သံဆူးကြိုးဘယ်ရီယာ ချထားတော့ လူတွေက ဂန္ဓမာလမ်းထိပ်နားက သမ၀ါယမဆိုင် အဟောင်းကြီးရှေ့ နေပူထဲမှာ ငုတ်တုတ်ထိုင်ပြီး နေကြတယ်၊ ဆရာ ဦးဝင်းတင်လည်း နေပူကြီးထဲမှာ ထီးတချောင်းနဲ့ ငုတ်တုတ်ထိုင်နေတယ်”ဟု အင်းစိန်ထောင်နား ရောက်ရှိနေသူ NLD အဖွဲ့ဝင်တဦးက ရှင်းပြသည်။

ထို့အပြင် ယနေ့ အင်းစိန်မြို့နယ် အတွင်းချထားသော လုံထိန်းရဲများမှာလည်း ဒေါ်အောင်ဆန်း စုကြည်အမှု စတင်စစ်ဆေးသည့်အချိန်က ချထားသည့် အရေအတွက်ထက် အလွန်များပြားလှပြီး သေနတ် ကိုင်ဆောင်ထားသော ရဲမေများပါ ချထားသည်ကို တွေ့ရှိရကြောင်း အင်းစိန်မြို့ခံများက ပြောသည်။

“ထူးခြားတာက ရဲမေတွေလည်း လုံခြုံရေးယူထားတာတွေ့ရတယ်၊ အင်းစိန်မီးရထားဝင်းရှေ့က မဟာမြိုင်ရုပ်ရှင် ရုံ ရှိတဲ့သီရိလမ်းမကြီးကိုလည်း သံဆူးကြိုးဘယ်ရီယာတွေချပြီး ဆိုက်ကားတစီးစာ သွားလို့ရရုံလေးဖွင့်ပေးထား တယ်၊ အဲဒီမှာရဲမေတွေ စောင့်နေကြတယ်၊ ရဲမေတွေခါးမှာ ပစ္စတိုလိုမျိုး သေနတ်တွေကိုယ်စီ ချိတ်ထားတယ်” ဟု အင်းစိန် ပိန္နဲကုန်းရပ်ကွက်နေ ပြည်သူတဦးကရှင်းပြသည်။

အင်းစိန်ခုံးတံတားအတက်နေရာတွင်လည်း လုံထိန်းရဲများနှင့်အတူ ရဲမေများချထားပြီး အင်းစိန်ပန်းခြံရှေ့ မြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးရှေ့တွင်လက်နက်အပြည့်အစုံဖြင့် လုံထိန်းရဲများတင်ဆောင်ထားသော ရဲကား ခြောက်စီး၊

အင်းစိန်မြို့မဈေးကြီးရှေ့တွင် လုံထိန်းရဲကား ခြောက်စီး၊ အချုပ်ကားနှစ်စီး၊ ဂန္ဓမာလမ်းထိပ်တွင် လုံထိန်းရဲကား လေးစီး၊ မီးရထားစက်ခေါင်းရုံဝင်းအတွင်းတွင် ရဲကား ရှစ်စီး၊ ပေါက်တောဝမီးပွိုင့်အနီးတွင် လုံထိန်းရဲကား ခြောက် စီး ချထားပြီး အင်းစိန်မြို့နယ်လမ်းမများပေါ်တွင်လည်း လုံထိန်းရဲကားများက လှည့်လည်လျက်ရှိနေသည်ဟု သိရှိ ရသည်။

“အင်းစိန်တမြို့လုံးရဲတွေချထားတာ ဆန္ဒပြပွဲတွေ၊ အဓိကရုဏ်းတွေဖြစ်နေလို့ လုံထိန်းတွေ လုံခြုံရေးယူထားတဲ့ ပုစံလိုမျိုးပဲ ”ဟု ဒေသခံတဦးက ဆိုသည်။ အင်းစိန်ထောင်ပတ်ဝန်းကျင်နှင့် အင်းစိန်မြို့နယ်တခုလုံးတွင် လုံခြုံရေးများတင်းတင်းကျပ်ကျပ်ချထား လင့် ကစား ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသူများက လာရောက်စုဝေးနေဆဲဖြစ်ကြောင်း၊နောင်လည်း လာရောက် မည်ဖြစ်ကြောင်း အသက် ၂၄ နှစ်အရွယ် လူငယ်တဦးက ပြောသည်။

“အန်တီက ထောင်ထဲမှာ မတရားစွပ်စွဲခံနေရတယ်၊ မတရားအကျဉ်းကျခံရတော့မယ်၊ ဒီလိုအချိန်မှာဖမ်းမှာ ကြောက်လို့ဆိုပြီး ကျနော်တို့က ဒီနေရာလာပြီး ငြိမ်းငြိမ်းချမ်းချမ်း ကန့်ကွက်စုဝေးတာ မလုပ်ရင် အန်တီ့အပေါ်ရော၊ တိုင်းပြည်နဲ့လူမျိုးအပေါ်ရော ရက်စက်ရာရောက်ပါတယ်”ဟု ထိုလူငယ်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အမှုစစ်ဆေးသည့် ရက်များတွင်အင်းစိန်မြို့နယ်၊ဈေးကုန်းအနောက်ရပ်ကွက် အောင်သုခ လမ်းထိပ်ရှိထိပ်တန်းအပေါင်ဆိုင်ရှေ့ မြေကွက်လပ်နှင့် လှိုင်မြစ်ကားလမ်းမကြီးဘေးတွင် NLD ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်တင် အပါအ၀င် NLD အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံအားပေးသည့်  ပြည်သူများ  ရာဂဏန်းကျော် လာရောက်စု ဝေးလေ့ရှိသည်။

နေအိမ်အကျယ်ချုပ်ကျခံထားရသော ဒေါ်အောင်ဆန်းစုကြည်နေအိမ်အတွင်းသို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တော လျှို့ဝှက်ဝင်ရောက်သည်ကို လက်ခံထားရှိမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက အင်းစိန် ထောင်အထူးတရားရုံးတွင် တရားစွဲဆိုစစ်ဆေးနေပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ငါးနှစ်ထိ အပြစ် ပေးချမှတ်နိုင်သည်ဟု သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်