ဒေါ်အောင်ဆန်းစုကြည် ရေဒီယိုနားထောင်ခွင့်မရှိ

E-mail Print
နေအိမ်အကျယ်ချုပ် ၆ နှစ် ကျခံရစဉ်က နေ့စဉ် ရေဒီယို နားထောင်နိုင်ခဲ့သော ဒေါ်အောင်ဆန်း စုကြည်သည် ယခုအခါ အင်းစိန်ထောင်သို့ ရောက်နေသဖြင့် ရေဒီယို အသုံးပြုခွင့် မရရှိ ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

“သတင်းစာပဲ ဖတ်ရတယ်၊ ရေဒီယိုတော့ နားထောင်ခွင့် မရှိဘူး” ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောပြသည်။

ပြီးခဲ့သည့် ၂ လ အတွင်း ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှုခွင့်ရသည် ဆိုသော သတင်းစာများမှာ အာဏာပိုင်တို့ ထုတ်ဝေသည့် သတင်းစာများသာ ဖြစ်သည်။ မြန်မာ နှင့် နိုင်ငံတကာမှ အရေးပါသော သတင်း အချက်အလက်များ ပါဝင်ခြင်း မရှိဘဲ အာဏာပိုင် အဆင့်ဆင့်၏ သွားလာ လှုပ်ရှားပုံများကိုသာ ဦးစားပေး ဖော်ပြထားသည်။

ပြင်ပမှ သတင်းများ ဒေါ်အောင်ဆန်းစုကြည် ရရှိရန်မှာ သူ၏ ရှေ့နေများနှင့် ရံဖန်ရံခါ တွေ့ရသည့် အချိန်မှသာ ဖြစ်နိုင်သည်။

ဗုဒ္ဓဟူးနေ့က အင်းစိန်ထောင်သို့ သွားရောက်ခဲ့သော ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ကောင်းမွန်နေသည်ကို တွေ့ရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလက လုံခြုံရေး အတားအဆီးများကို ကျော်ဖြတ်ပြီး နေအိမ်သို့ လျှို့ဝှက် ရောက်သွားသူ အမေရိကန်နိုင်ငံသား တဦးကို အကျယ်ချုပ် ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်က လက်ခံ တွေ့ဆုံခဲ့သည်။

အာဏာပိုင်တို့က ထိုသို့ တွေ့ဆုံမှုသည် နေအိမ်အကျယ်ချုပ် ချိုးဖောက်မှုဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

ထို့နောက် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ဒဏ်ငွေ ၅ဝဝဝ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေထိုင်သော  ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ၊ နေအိမ်သို့ လျှို့ဝှက် ၀င်ရောက်သွားသူ မစ္စတာ ဂျွန်ဝီလျံယက်ထောတို့သည်လည်း အဆိုပါ ပုဒ်မဖြင့် တရားစွဲခံနေရသည်။

အမှုကို အင်းစိန်ထောင်ရှိ အထူး တရားရုံးတွင် စစ်ဆေးနေသည်မှာ ၂ လကြာပြီ ဖြစ်သည်။ ဤအတောအတွင်း အာဏာပိုင်တို့က ဇူလိုင် ၃ ရက်နေ့ရုံးချိန်းကို တပတ် နောက်ဆုတ်လိုက်သည်။ ဗဟိုတရားရုံးမှ အမှုတွဲ ထောင်တွင်းတရားရုံးသို့ ရောက်လာခြင်းမရှိဟု အာဏာပိုင်တို့က အကြောင်းပြသော်လည်း ထိုနေ့က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည်သို့ ရောက်ရှိချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ရုံးချိန်းကို နောက်ဆုတ်လိုက်ခြင်းဖြစ်မည်ဟု အများက ယူဆကြသည်။

မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် တောင်းသော်လည်း အာဏာပိုင်တို့က ခွင့်မပြုခဲ့ပေ။ “လွတ်လပ် မျှတစွာ ဆောင်ရွက်နေသော တရားစီရင်မှုတွင် မိမိတို့ အနေဖြင့် အတွင်းရေးမှူးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပေးနိုင်ခွင့်မရှိပါ” ဟု မစ္စတာ ဘန်ကီမွန်းကို အကြောင်းပြန်ခဲ့သည်။

မစ္စတာ ဘန်ကီမွန်းသည် သူ၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အစီရင်ခံဖွယ်ရှိသည်ဟု သိရသည်။

ဗြိတိန်နိုင်ငံက လုံခြုံရေးကောင်စီ  ဥက္ကဋ္ဌ အဖြစ် တာဝန်ယူရမည့် သြဂုတ်လတွင် မြန်မာပြည်အရေးသည် လုံခြုံရေး ကောင်စီတွင် ဆွေးနွေးဖွယ်ရှိကြောင်း အကဲခတ်များက သုံးသပ်ကြသည်။ စက်တင်ဘာလအတွက် ဥက္ကဋ္ဌ တာဝန် ယူရမည့် နိုင်ငံမှာ အမေရိကန် ပြည်ထောင်စု ဖြစ်သည်။

လုံခြုံရေးကောင်စီ  အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်သော ရုရှားနှင့် တရုတ်နိုင်ငံတို့က စစ်အစိုးရဘက်မှ ရပ်တည်လျက်ရှိသည်။ စစ်အစိုးရအပေါ် ပြင်းထန်သည့် ဆုံးဖြတ်ချက်များ မချနိုင်စေရန်လည်း ဗီတိုအာဏာပိုင်ရှင်များ ဖြစ်သော ထို နိုင်ငံကြီး ၂ ခုက အကာအကွယ် ပေးထားသည်။ သို့သော်လည်း သံတမန် သတင်းရပ်ကွက်များ၏ အဆိုအရ တရုတ်နိုင်ငံသည် စစ်အစိုးရကို မစ္စတာ ဘန်ကီမွန်းအပေါ် ဆက်ဆံရေးနှင့် ပတ်သက်ပြီး စိတ်ပျက်နေသည်ဟု ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်