စတီရီယိုခေတ်ဦး အမှတ်တရ MRTV 4 တွင်လွှင့်မည်

E-mail Print
တေးရေး မောင်သစ်မင်း စီစဉ်သည့် ‘ခေတ်ပြိုင်ဂီတ မှတ်တိုင်များ’ MILESTONES OF CONTENPORARY MUSIC (MCM) အစီအစဉ်ကို စတီရီယို ခေတ်ဦး အဆိုတော် ကြီး ၄ ဦးနှင့် ရိုက်ကူးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

၎င်းအစီအစဉ်ကို စတီရီယို ခေတ်ကြိုကာလ မြန်မာ့အသံ အင်္ဂလိပ်ပိုင်း အစီအစဉ်တွင် အင်္ဂလိပ် သီချင်းများ သီဆိုခဲ့ကြသည့် နွဲ့ယဉ်ဝင်း၊ ရီတာစိုးဝင်း၊ ကေဂျာနူး၊ ရှယ်လီထွား တို့နှင့် ဇွန်လ ၁ ရက် နေ့က မြန်မာ့အသံရှိ စတူဒီယို A တွင်ရိုက်ကူးခဲ့ကြပြီး MRTV4 မှ ထုတ်လွှင့်ပြသရန် စီစဉ်ထားကြောင်း တေးရေးမောင်သစ်မင်းက ဧရာဝတီကို ပြောသည်။

“စတီရီယို ခေတ်ကြိုကာလရဲ့ သမိုင်းကို ပြန်ပြီးခြေရာကောက်တဲ့အနေနဲ့ ဒီအစီအစဉ်ကို တင်ဆက်တာပါ” ဟု၎င်းက ဆိုသည်။

အဆိုပါ MCM ဂီတ အစီအစဉ်တွင် စတိတ်ရှိုးပုံစံများ၊ ဝတ်စားဆင်ယင်မှု၊ ပံ့ပိုးတီးခတ်ပေးသူများနှင့် တူရိယာ ပစ္စည်းများ ကို ၁၉၇၀ ဝန်းကျင်ကာလ စတီရီယိုလောက ပုံစံနှင့် အနီးစပ်ဆုံး တူညီအောင် တင်ဆက်ထားပြီး ထိုခေတ်ကာလက အဆိုတော်ကြီးများ၏ အင်တာဗျူးများကိုပါ ထည့်သွင်း ရိုက်ကူးထားကြောင်း သူက ဆက်ပြောသည်။

၎င်းအစီအစဉ်နှင့် ပတ်သက်၍ တေးရေး မြင့်မိုးအောင်ကလည်း “ကျနော်တို့က စတီရီယို ခေတ်ရဲ့ ဒုတိယမျိုးဆက် ဆိုတော့ ပထမမျိုးဆက်ရဲ့ အကြောင်းကို ဂဃနဏ သိချင်ရက်နဲ့ မသိတဲ့သူတွေအတွက် တခြားဒီမျိုးဆက်ကို သိတဲ့ တေးရေးမောင်သစ်မင်းတို့လို လူတွေက လုပ်ပေးတာဆိုတော့ တန်ဖိုးရှိပါတယ်” ဟု ပြောသည်။

ယခုရိုက်ကူးပြီးစီးသွားသည့် အစီအစဉ်တွင် အဆိုတော်ရှယ်လီထွားက Delilah, Let it be me, Haven of Rest (Ngapali), ကေဂျာနူးက Who’s sorry now, Where do I begin (Love story ဇာတ်ကားသီချင်း), နွဲ့ ယဉ်ဝင်းက Underneath the mango Tree, Do I Love You, ရီတာစိုးဝင်းက Love me with all your heart, Quando Quando Quando စသည်ဖြင့် ထိုစဉ်ကကာလက ကြော်ကြားခဲ့သော် တေးသီချင်းများကို အသီးသီးသီဆိုခဲ့ကြောင်း သိရသည်။

“မြန်မာပြည်ရဲ့ ဂီတ သမိုင်းကြောင်း အဆင့်ဆင့် ပြောင်းလဲလာပုံကို ဒီဘက်ခေတ်လူငယ်တွေ မျက်မြင် သိရှိအောင် လက်ဆင့်ကမ်းတဲ့ အနေနဲ့ တင်ဆက်ရတဲ့အပေါ် အရမ်းပဲ ဝမ်းသာမိပါတယ်” ဟု MCM အစီအစဉ်တွင် ပါဝင်ခဲ့သူ တေးသံရှင် ကေဂျာနူးက ပြောသည်။

ဆက်လက်၍ ယခုအစီအစဉ်၌ နောက်ပိုင်းတွင်လည်း ၁၉၆၀ ပြည့်နှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ ကြော်ကြားခဲ့သည့် အင်္ဂလိပ်သီချင်းများကို တင်ဆက်ဦးမည်ဖြစ်ပြီး ၁၉၈၀ မှ ၁၉၉၀ အထိ ထင်ရှားခဲ့သည့် အဆိုတော်ကြီး များ၏ အင်တာဗျုးများနှင့် စတီရီယိုခေတ်ဦးက နာမည်ကြီးခဲ့သော တက္ကသိုလ် ထွန်းနောင်၊ အကော်ဒီယံ အုန်းကျော်၊ စိုးပိုင်၊ ဇော်မင်းလေး စသည့် တေးသံရှင် များအကြောင်း ရိုက်ကူး တင်ဆက်သွားရန် ရှိကြောင်း သိရသည်။

မြန်မာ့အသံတွင် ၁၉၇၀ ဝန်းကျင် ကာလက မြန်မာ့အသံ BBS အင်္ဂလိပ်ပိုင်း အစီအစဉ်များဖြစ်သည့် Local Talent, Singing For You စသည့် အစီအစဉ်များကို တင်ဆက်ခဲ့ပြီး လူကြိုက်များခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်