နိုင်ငံခြား ဆန်တင်ပို့မှု ဦးပိုင် ဆက်လက်ထိန်းချုပ်

E-mail Print
စပါးစိုက်ရာသီ ဖြစ်သောကြောင့် ဆန်ပြတ်လပ်မည်စိုး၍ နိုင်ငံခြားသို့ ဆန်တင်ပို့မှု ပါမစ်များကို ပိတ်ပင်မည်ဟု ဆန်ကုန်သည် များအတွင်း သတင်းများ ပျံ့နေသော်လည်း ယခုအခါတွင် စစ်အစိုးရနှင့် နီးစပ်သော ကုမ္ပဏီများက ဆက် လက်ပို့ဆောင်နေကြောင်း သိရသည်။

စစ်အစိုးရနှင့် နီးစပ်သူများဖြစ်ကြသော ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး နှင့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် (UMEHL ) ဒါရိုက်တာ ဗိုလ်ချုပ်ကြီးတင်အေး၏ သား ဦးဇော်မင်းအေးတို့မှ ဆန်တင်ပို့ခွင့် ပါမစ်များရရှိပြီး ဆန်တင်ပို့နေ ကြောင်းသိရသည်

“ပထမတုန်းက စပါးစိုက်တဲ့ ရာသီဖြစ်တဲ့အတွက် ပြည်တွင်းဆန်ပြတ်လပ်မှာစိုးလို့ဆန်အိတ်စ်ပို့ တွေ ကို ပိတ်မယ် လို့ကြားတာ ၊ ဒါပေမယ့် အခုတော့ တချို့ကုမ္ပဏီတွေ အထူးသဖြင့် စစ်အစိုးရနဲ့ နီးစပ်တဲ့သူတွေဖြစ်တဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းဦး ၊ ဦးပိုင်လီမိတက် က ဒါရိုက်တာ ဗိုလ်ချုပ်ကြီးတင်အေးသား ကိုဇော်မင်းအေးတို့၊ အတွင်းရေးမှုး ( ၁ ) ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး သား ပိုင် ဧရာဟင်္သာကုမ္ပဏီတို့ လက်ရှိပို့နေတယ်၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်းသား ကုမ္ပဏီတောင် မပါဘူး၊ ဘာကြောင့်ပြန်ဖွင့်ပေးထားတယ် မသိဘူး၊ ဒီနေ့ သဘောင်္ကပ်မယ်”ဟု ဘုရင့်နောင်ဆန်ပွဲရုံမှ ဆန်ကုန်သည်တဦးက ပြောသည်။

တင်ပို့သည့် ဆန်များသည် အမာဆန် ၂၅မှတ် ဧည့်မထ အမျိုးအစား ဖြစ်ပြီး လက်ရှိပေါက်ဈေးမှာ ဆန်တအိတ်လျှင် မြန်မာငွေ ၁၃၅၀၀ ကျပ် ရှိသည်ဟု သိရသည်။ အဆိုပါ ဆန်များကို  ရန်ကုန် -ပြည် ကားလမ်းတလျှောက် တွင် ၀ယ်ယူ နေပြီး ၊ ဖိလစ်ပိုင် ၊ ဘင်္ဂလားဒေ့ရှ် ၊ အင်ဒိုနီးရှား နိုင်ငံများ သို့တင်ပို့နေကြောင်းသိရသည်။

“ပြည်မြို့မှာလည်း ကုန်သည်အတော်များများက ဧရာဟင်္သာကုမ္ပဏီနဲ့ ပေါင်းပြီးတော့  ခေတ္တရာဟင်္သာအမည်နဲ့ ဆန်ကိုအိတ်စ်ပို့တင်ခွင့် ရထားတယ်၊ ဒါပေမယ့်  နိုင်ငံခြားက၀ယ်တဲ့ဈေး တော့ တိုက်ရိုက်မရဘူး၊ ဧရာဟင်္သာက ချုပ်ထား တယ်၊ သူတို့ကုမ္ပဏီကိုသာ ဆန်ကိုသွင်းရတယ်”ဟု အဆိုပါဆန်ကုန်သည် ကပြောသည်။

ဧရာဟင်္သာ ကုမ္ပဏီသည် အတွင်းရေးမှူး ( ၁ ) ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးသား၊ တပ်မတော်မှ အငြိမ်းစားယူထားသော ဗိုလ်ကြီးဟောင်း ပိုင်သည့် ကုမ္ပဏီဖြစ်သည်။

ထို့အတူ စစ်အစိုးရနှင့် နီးစပ်မှု မရှိသည့် Promised Land ကုမ္ပဏီ ကဲ့သို့ ဆန် အိတ်စ်ပို့ လုပ်ကိုင်နေသူများရှိ ကြောင်း ကိုလည်း အဆိုပါ ကုန်သည်က ဆက်လက်ပြောပြသည်။

ပြီးခဲ့သောလအတွင်း နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ အကောက်ခွန်နှုန်းများတိုးမြှင့်လိုက်သောကြောင့် မြ၀တီမှ တဆင့် ထိုင်းနိုင်ငံသို့ ဆန်တင်သွင်းခြင်း မပြုလုပ်နိုင်ဘဲ ရန်ကုန်ဆိပ်ကမ်းမှသာပြုလုပ် နေကြောင်းသိရသည်။

“ရခိုင်ဆန်လည်း ဘင်္ဂလားဒေ့ရှ် ကို နယ်စပ်ဂိတ်တွေကနေ မသွားဘဲနဲ့ ပြည်ကမှ တဆင့်ဝင်နေတယ်”ဟုအဆိုပါ ကုန်သည်က ပြောသည်။

ဗိုလ်ချုပ်ကြီးတင်အေးသား ဦးဇော်မင်းအေးသည် အနုပညာလုပ်ငန်းဖြစ်သော ပန်းချီ ကား အရောင်းအဝယ် ဈေးကွက် တွင်လည်း ၀င်ရောက်လုပ်ကိုင်ခဲ့သူဖြစ်သည်။

ယခင်က နိုင်ငံခြားဆန်တင်ပို့မှုနှင့် ပတ်သက်၍ စစ်အစိုးရနှင့်နီးစပ်သူ ဦးတေဇပိုင် ထူးကုမ္ပဏီ နှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်း သား ပိုင်ဆိုင်သည့် ဧရာရွှေဝါကုမ္ပဏီ နှင့် ဦးပိုင်လီမီတက် (UMEHL ) တို့သာ လုပ်ကိုင်ခဲ့ကြသော်လည်း ယခုအခါတွင် တခြားသော ဗိုလ်ချုပ်ကြီးများ၏ သားသမီးများပါ ဆန်ဈေးကွက် အတွင်းသို့ ၀င်ရောက်လုပ်ကိုင်လာကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း လူ ၅သန်းခန့် စားနပ်ရိက္ခာ အခက်အခဲနှင့် ရင်ဆိုင်နေရသော်လည်း စစ်အစိုးရက ဇန်န၀ါရီလမှ စတင် ၍  ပြည်ပသို့ ဈေးအနိမ့်ဖြင့် ဆန်အမြောက်အမြားတင်ပို့မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ဇန်န၀ါရီလ ၂၂ ရက်နေ့က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP ) နှင့် ကမ္ဘာ့စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ (FAO ) တို့၏ ပူးတွဲထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း လူပေါင်း ၅ သန်း ကျော် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ ပြည်နယ် ၅ ခုနှင့် တိုင်း၂တိုင်း တွင် စားနပ်ရိက္ခာ တန်ချိန် ၁၈၆၀၀၀ ခန့် လိုအပ်သည် ဟုပါရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်