လက်ဖက်တောင်သူ ၅ သိန်းကျော် စားဝတ်နေရေး ကျပ်တည်းနေ

E-mail Print
လက်ဖက် လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကြောင်းပြုနေသော လက်ဖက်တောင်သူ ၅ သိန်းကျော် တို့မှာ အစိုးရက လက်ဖက်တံဆိပ် ၄၀ ကျော်ကို အန္တာရယ် ဖြစ်နိုင်၍ စားသုံးရန် မသင့်ကြောင်း ကြေညာပြီးနောက်စားဝတ် နေရေး အကျပ်အတည်းတို့နှင့် ရင်ဆိုင်နေရကြောင်း ပလောင်အဖွဲ့ က ယနေ့တွင် သတင်း ထုတ်ပြန်ထား သည်။

တအောင်း (ပလောင်) လုပ်ငန်း အဖွဲ့ဆိုသည့် အဖွဲ့၃ ဖွဲ့ပါရှိသည့် “လက်ဖက်ဖျက်ပိုး” အမည်ရှိ အစီရင်ခံစာ အရ ထောင်နှင့်ချီသည့် လက်ဖက်တောင်သူများသည် အခြားဒေသများသို့ ရွှေ့ပြောင်း အလုပ်ရှာဖွေရခြင်း၊ ၎င်းတို့၏ သားသမီးများကို ပညာရေးတွင် အထောက်အပံ့မပေးနိုင်သည့် အခက်အခဲတို့နှင့် ရင်ဆိုင်နေရခြင်း တို့ကို ဖော်ပြထားသည်။

စာမျက်နှာ ၂၃ မျက်နှာပါရှိသော ၎င်းအစီရင်ခံစာတွင် နမ့်ဆန်မြို့၊ မန်တုန်မြို့၊ နမ့်ခမ်းမြို့၊ ကျောက်မဲမြို့ အစရှိသည့် မြို့များမှ လက်ဖက်ခြံပိုင်ရှင်၊ လက်ဖက်ခြောက် စက်ရုံ ပိုင်ရှင်၊ ကုန်သည် ပွဲစား နှင့် ပွဲရုံပိုင်ရှင်၊ လက်ဖက် အဝယ်ကိုယ်စားလှယ်၊ စားသုံးသူ၊ လက်ဖက်ခူးသူ၊ ဒေသခံအာဏာပိုင် စသူတို့ စုစုပေါင်း ၁၆၂ ဦးကို ဧပြီလမှ မေလအတွင်း စစ်တမ်း ကောက်ယူမေးမြန်းထားကြောင်း သိရသည်။

ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး၏ အထွေထွေအတွင်းရေးမှူး မိုင်းအိုက်ဖုန်းက“လက်ဖက် တောင် သူ ထောင်ပေါင်းများစွာ စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်ကြုံတွေ့နေတာ နအဖ စစ်အုပ်စု တို့က ပြည်သူ လူထု ဖွံ့ဖြိုး ရေးတိုးတက်ရေး၊ လုံခြုံဘေးကင်းရေး အတွက် အမှန်တကယ် စီမံခန့်ခွဲ အုပ်ချုပ် နိုင်စွမ်း မရှိဘဲ ပြည်သူလူထု အပေါ် တာဝန်ခံမှု တာဝန်ယူမှု လုံးဝမရှိတဲ့ စစ်အုပ်ချုပ်ရေး စနစ်သာ ဖြစ်ကြောင်း သက်သေပြ နေတာပါပဲ” ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

လက်ဖက်တောင်သူ အနည်းဆုံး သုံးသိန်းကျော်မှာ အခြေခံစားသောက်ကုန် ဖြစ်သော ဆန်၊ ဆီ၊ ဆား ကိုပင် ပုံမှန် မဝယ်ယူ နိုင်တော့ကြောင်းလည်းပါရှိသည်။

တအောင်းလူမျိုးတို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဓိကနေထိုင်ကြပြီး၊  ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်း၊ ကလော၊ ပင်လောင်း အစရှိမြို့များရှိ တောင်တန်းများပေါ်တွင် နေထိုင်ကြပြီး ဘိုးစဉ်ဘောင် ဆက် လက်ဖက်လုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကြောင်း နေသည့် တိုင်းရင်းသား လူမျိုးစုဖြစ်သည်။

လူဦးရေ ၅ သိန်းကျော်နေထိုင်ကြပြီး မြန်မာတနိုင်ငံလုံးအနှံ့ နှစ်စဉ်လိုအပ်သော လက်ဖက်စို၊ လက်ဖက် ခြောက်၊ အချိုခြောက် တို့ကို အဓိကထုတ်လုပ်ပေးလျှက်ရှိကြောင်းလည်း သိရသည်။

ယင်း အစီရင်ခံ ထုတ်ပြန်သော တအောင်း (ပလောင်) အဖွဲ့သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး နောက် ပိုင်း မှစကာ အမျိုးသားလွတ်မြောက်ရေး လက်နက်ကိုင်လှုပ်ရှားမှု၊ နိုင်ငံရေးလှုပ်ရှားမှုများကို ယနေ့ အချိန် အထိ နှစ်ပေါင်းများစွာ တော်လှန် လှုပ်ရှားနေကြောင်းလည်း သိရှိရသည်။

အစားအစာများ ဆွဲဆောင်မှု ရှိစေရန် ဆိုးဆေးများ အသုံးပြုနေကြခြင်းကို ယခုနှစ် မတ်လမှ စပြီး ကျန်းမာရေး ဝန်ကြီးဌနက စစ်အစိုးရသတင်းစာ၌ အန္တရာယ်ရှိကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က နာမည်ကျော် အရီးတောင်း၊ ပင်ပျိုရွက်နု အပါအဝင် လက်ဖက် တံဆိပ် ၄ဝ ကျော်ကို စားသုံးရန် မသင့်ဟု ကြေညာချက် ထုတ်ပြန်ပြီးနောက် လက်ဖက် အရောင်းအဝယ် လုပ်ငန်းများ အေးသွားခဲ့ခြင်း ဖြစ် သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်