နောက်ဆုံး လျှောက်လဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများနှင့် တွေ့ခွင့်ရ

E-mail Print
ဒေါ်အောင်ဆန်း စုကြည်အား ၎င်း၏အမှုနှင့် ပတ်သက်ပြီး နောက်ဆုံး အတည်ပြုထားသော လျှောက်လဲချက်ကို တင်ပြရန် အတွက် ရှေ့နေများက တွေ့ခွင့်တောင်းသည်ကို နအဖ စစ်အစိုးရ အာဏာပိုင်များက ယနေ့ ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အတည်ပြုထားသော လျှောက်လဲချက်အား ဒေါ်အောင်ဆန်စုကြည်ကို တင်ပြရန်အတွက် အရေးကြီးသောကြောင့်  ရှေ့နေ့များက ယမန်နေ့တွင် ထပ်မံ၍ တွေ့ခွင့်တောင်းရာ ခွင့်ပြုလိုက်သည်ဟု ရှေ့နေကြီး ဦးကြည်ဝင်း က ဧရာဝတီသို့ ပြောသည်။

“စာတင်ပြီးတော့ ကျနော်တို့ တော်တော်အရေးကြီးပါတယ်၊ အဲဒါတော့ ခွင့်ပြုမှဖြစ်မယ်၊ အဲဒါကြောင့် ဒီနေ့ ခွင့် ပြု လိုက်တာ”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်စုကြည်ကို တွေ့ခွင့်တောင်ထားသော်လည်း ထောင်အာဏာပိုင်များက ယမန်နေ့က တွေ့ခွင့်မပြုခဲ့ပေ၊ သို့ သော် ယနေ့ တွေ့ခွင့်ပေးသောကြောင့် မွန်းလွဲ ပိုင်းတွင် ချက်ချင်းသွားရောက်တွေ့ဆုံခဲ့ရကြောင်း ရှေ့နေကြီး ဦးကြည်ဝင်း က ဆိုသည်။

အတည်ပြုထားသော လျှောက်လဲချက်ထဲတွင် မည်သည့် အကြောင်းအရာများ ရေးသားထားသည်ကိုမူ မသိရှိရပေ။ ၎င်း ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်ပြီး နောက်ဆုံးအကြိမ် ၂ ဘက်လျှောက်လဲကြားနာရန်အတွက် တရားရုံးက လာမည့် ဇူလိုင်လ ၂၄ ရက်နေ့တွင် ချိန်းဆိုထားသည်။

ဒေါ်အောင်ဆန်စုကြည်ကို အင်းစိန်ထောင် အကျဉ်း ဦးစီဌာန၏ ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD ) ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း၊ ရှေ့နေ ဒေါ်ခင်ဌေးကြွယ် နှင့် ဦးကြည်ဝင်း တို့က ယနေ့သွားရောက်တွေ့ဆုံခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း တောင်းဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် ဟူသောအချက်မှာ ဖြစ်နိုင်ဖွယ်ရာမရှိကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ် ဝင်းက ထိုင်းနိုင်ငံတွင် ကျင်းပသော အာဆီယံအစည်းအဝေး ညစာစားပွဲတွင် ပြောကြားထားသည်။

ထို့အပြင် ယနေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်း သတင်းစာတွင်“သူရင်ဆိုင်နေရသည့် အမှု ပြီးဆုံးချိန်တွင် ဒေါ်အောင်ဆန်း စုကြည် ၌ အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်လိမ့်မည်ဟု မျှော်လင့်ထားသူ ဦးရေမှာ နည်းလှသည်။ မည်သို့ပင်ဖြစ်စေ ၄၈ သန်းသော မြန်မာပြည်သူတို့၏ အကျိုးစီးပွားအတွက် စတင်ဆောင်ရွက်သင့်ပြီဖြစ်ပါ သည်”ဟု ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက်များသည် အမေရိကန် ပြည်ထောင်စုအခြေစိုက် The Huffington Post သတင်းစာ၌ ရေးသားဖော်ပြ ထားသော “The Futurs of Burma Cannot Be Tied to Aung San Suu Kyi” အမည်ရှိ ဆောင်းပါးမှ ထုတ်နုတ် ထား ခြင်းဖြစ်သည်။

သို့သော် ယနေ့ပြီးဆုံးသွားသည့် ထိုင်းနိုင်ငံ ဖူးကက်ကျွန်းတနေရာတွင် ကျင်းပသော အာဆီယံ အစည်းအဝေး ကာလ အတွင်း၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် အပါအဝင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတို့က မြန်မာအစိုးရကို ပြစ်တင် ဝေဖန်၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပြော ဆိုခဲ့ကြသည်။

အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်(Surin Pitsuwan) ကလည်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲ မှုကိစ္စနှင့် ပတ်သက်၍ ဒေသ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း တနင်္လာနေ့က သတင်းထောက်များကို ပြောကြားခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင် သို့ ခေါ် ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်