နာဂစ် ဒုက္ခသည်များ ရိက္ခာအတွက် စိုးရိမ်နေကြ

E-mail Print
ဧရာဝတိုင်း မြစ်ဝကျွန်းပေါ်ဒေသရှိ နာဂစ်မုန်တိုင်း ဒဏ်သင့် ဒုက္ခသည်များက ပြည်ပ အကူအညီပေးရေးအဖွဲ့ INGO များ ပြန်လည် ထွက်ခွာသွားလျှင် ၎င်းတို့ စားရေ ရိက္ခာ အခက်အခဲ ဖြစ်မည်ကို စိုးရိမ်ပူပန်နေကြကြောင်း ဒေသခံများ ၏ ပြောပြချက်အရ သိရသည်။

“နိုင်ငံခြား အကူအညီအဖွဲ့တွေ ပြန်သွားရင်တော့ မုန်တိုင်းဒုက္ခသည်တွေ စားရေရိက္ခာ အခက်ခဲဖြစ်လာနိုင်တယ်” ဟု လပွတ္တာမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မုန်တိုင်းဒုက္ခသည်များကူညီကယ်ဆယ်ရေးကော်မတီမှ ဒေါက်တာ အေးကြူ က ပြောသည်။

ယင်း မုန်တိုင်း ဒဏ်သင့် လပွတ္တာမြို့တွင် လက်ရှိ နိုင်ငံခြား အကူအညီပေးရေးလုပ်သား အနည်းငယ်သာ ကျန်ရှိ နေပြီး ယခုအချိန်အထိ နောက်ထပ် တဦးတလေမျှ ရောက်ရှိ မလာသေးကြောင်း၊ ဤ ဒေသများသည် မုန်တိုင်း ဒဏ်ကို အဆိုးဝါးဆုံးခံ ရသော ဒေသများဖြစ်ကြောင်း ၄င်းကပြောသည်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်မှာ ၁ နှစ်ကျော်လာခဲ့သော်လည်း ဒေသခံ အများစုသည် ဘ၀ရပ်တည်မှုအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲ  ဖြစ်သည်ဟုသိရသည်။

“တချို့လည်း မြစ်ချောင်းထဲမှာ ငါးရှာ၊ ဖားရှာပေါ့၊ တချို့လည်းမနက်ဆို ငွေလိုက်ချေးနေတာကို တွေ့မြင်ရတယ်” ဟု ဒေါက်တာအေးကြူ ကပြောသည်။

ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်( WFP ) ၏ အစီရင်ခံစာအရ ဖေဖော်ဝါရီလ အတွင်းတွင် လပ္ပတ္တာ နှင့် ဘိုကလေးမြို့နယ်များ၌ ကောက်ခံခဲ့သော စစ်တမ်း၌ လူဦးရေ၏ ၅၁ ရာခိုင်နှုန်းသည် အကူအညီပေးရေး အဖွဲ့ များကို မှီခိုနေရဆဲဖြစ်ပြီး၊ ၂၅ ရာခိုင်နှုန်းသာလျှင် စီးပွားရေးပြန်လည် ထူထောင်နိုင်သည်ဟုဖော်ပြထားကြောင်း လူဦးရေ ၏ ၈၅ ရာခိုင်နှုန်းသည် ဆန်ကို အကြွေးဖြင့်ဝယ်စားနေရကြောင်း သိရသည်။

စစ်အစိုးရ က ကုလသမဂ္ဂအဖွဲ့အစည်းများ နှင့်ပြည်ပအကူအညီပေးရေး အဖွဲ့များထက် ပြည်တွင်း NGO အလုပ်သမား များ ကို ငှားရမ်းအသုံးပြု လိုသောကြောင့် ပြည်ပအကူအညီပေးရေး အဖွဲ့များစွာ ပြန်လည် ထွက်ခွာသွားကြောင်းလည်း သိရသည်၊၊

“ပြည်ပNGO အဖွဲ့တွေ တော့ တဖြည်းဖြည်းနဲ့ ပြန်ထွက်သွားနေကြတာပဲ၊ အသစ်ပြန်လာတဲ့ သူကသိပ်မရှိ တော့ဘူး၊ တကယ်တမ်းလုပ်ငန်း တွေကလည်း ဘာမှမပြီးသေးဘူး၊ NGO အဖွဲ့တွေသာ ထွက်သွားရင် သိပ် မလွယ်ဘူး၊ အင်ဒိုနီးရှား အာချေးပြည်နယ် အခြေအနေနဲ့ အရမ်းကွာတယ်”ဟု  ဒေါက်တာအေးကြူ က ပြော သည်။

နာဂစ်မုန်တိုင်း ဒဏ်သင့် ဒုက္ခသည်များက ပြည်ပ အကူအညီပေးရေးအဖွဲ့များ  ပြန်လည်ထွက်ခွာသွားလျှင် သူတို့၏ စားဝတ်နေရေးအတွက် စိုးရိမ်နေသကဲ့သို့ ၊ အစိုးရကလည်း အကူအညီပေးရေးအဖွဲ့များ ထွက်ခွာ သွားလျှင် ၄င်းတို့နှင့်အတူ မုန်တိုင်းသင့်ဒေသမှ သတင်းများပါသွားမည်ကို စိုးရိမ်နေသည်ဟု သိရသည်။

ပြည်ပအကူအညီပေးရေး အဖွဲ့ ၂၀၀ ခန့်သည် ပြည်ဝင်ခွင့်ဗီဇာ အခက်အခဲကြောင့် ကြန့်ကြာနေသည် ဟု ကုလသမဂ္ဂ ၊ မြန်မာစစ်အစိုးရနှင့် အာဆီယံအသင်းတို့ ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့( TCG ) မှ အဆင့်မြင့် အရာရှိတဦး ကပြောကြားခဲ့သည်။

ယခုကဲ့သို့ ဗီဇာကန့်သတ်ရခြင်းမှာ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ရုံးတင် တရားစွဲဆိုခြင်းနှင့် သူမအပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ထိုင်းနိုင်ငံမှ တောင်းဆို ဝေဖန် ခဲ့သောကြောင့် စစ်အစိုးရ ၏ တုံ့ပြန်မှု ဖြစ်နိုင်သည်ဟု TCG အဖွဲ့ နှင့်နီးစပ် သော သတင်းများအရ သိရသည်။

မုန်တိုင်းသင့် ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သုံးနှစ်ကြာ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ဒေါ်လာ သန်း ၇၀၀ နီးပါး လိုအပ်မည်ဟု သုံးပွင့်ဆိုင်အဖွဲ့က ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်  ၂၀၀၈ ခုနှစ် မေလဆန်းက ရန်ကုန်တိုင်း ၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း  မြစ်ဝကျွန်းပေါ်ဒေသများ တွင် တိုက်ခတ်ခဲ့ သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူဦးရေ တစ်သိန်းလေးသောင်းခန့် သေကျေပျောက်ဆုံးမှု ဖြစ်ပွားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်