မလေးရှားရောက် မြန်မာ၆ ဦး လူသတ်မှုဖြင့် သေဒဏ်ချမှတ်

E-mail Print
မလေးရှားနိုင်ငံတွင် လူသတ်မှုကျူးလွန်ခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ ဦးကို တရားရုံးက ယနေ့တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်သူတဦးကပြောသည်။

မြန်မာ - မွတ်စလင်များကို သီးခြားကူညီပေးနေသော ဦးမြင့်စိန် ခေါ် Ibrahim Selamat က “သူတို့အုပ်စုက မလေးနိုင်ငံသား ညီအကို ၂ ယောက်နဲ့စဖြစ်တာ၊ အကိုဖြစ်တဲ့သူက လွတ်အောင် ထွက်ပြေးတော့ ကျန်ခဲ့တဲ့ ညီဖြစ်သူကို သတ်လိုက်တာ၊ အဲဒါ ဒီနိုင်ငံသားမျက်မြင်သက်သေတွေကြောင့် အခင်းဖြစ်ပြီး တပတ်အကြာမှာ မိတာ၊ တရားရုံးမှာ တောက်လျှောက် စစ်ဆေးလာပြီး ဒီနေ့ သေဒဏ်ပေးလိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြောက်ပိုင်း Selayang ခရိုင်တွင် လွန်ခဲ့သော ၂၀၀၅ ခုနှစ်ဇွန်လက ယင်းအဖွဲ့ သည် အသက် ၂၁ နှစ်အရွယ်ရှိ မလေးရှားနိုင်ငံသား လူငယ်တဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ သေဒဏ်ပေးခံရခြင်း ဖြစ်သည်။

သေဒဏ်ပေးခံရသူများနှင့် အတူ အလုပ်လုပ်ကိုင်နေသော အမည်မဖော်လိုသူတဦးက “ ဒီအမှုက ၂၀၀၅ ကတည်းက သူတို့ ကျူးလွန်ထားတဲ့ လူသတ်မှုပေါ့၊ တရားရုံးက ကြိုးမိန့်ချလိုက်တယ်၊ ထပ်ပြီးတော့ ရင်ဆိုင်ရဦး မှာ၊ သူတို့မှာ တခြားပြစ်မှုတွေ အများကြီး ကျူးလွန်ထားတယ်” ဟုပြောသည်။

ယင်းတို့သည် အုပ်စုဖွဲ့ကာ ဆိုးသွမ်းနေသောလူများ ဖြစ်ပြီး ထိုအုပ်စုတွင် မလေးရှားလူမျိုးများလည်း ပါဝင်ကြောင်း သိရသည်။

တရားခံများမှာ စလင်း၊ မောင်မောင်၊ ဇော်ဇော်၊ နာခူး၊ ကာစင်နှင့် ဇော်ဦးတို့ဖြစ်ကြပြီး စလင်း၊ မောင်မောင်နှင့် ဇော်ဇော်တို့ ၃ ဦးသည် တခြားပြစ်မှုများကို ကျူးလွန်ထားကြောင်း ဦးမြင့်စိန်က ဆိုသည်။

၎င်းအမှုနှင့်ပတ်သက်၍ လူသတ်မှုကျူးလွန်ခဲ့သူ ၆ ဦး၏ ရှေ့နေမှာ အယူခံဝင်လိမ့်ဦးမည် ဖြစ်ကြောင်း AP သတင်းဌာနကလည်း ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်