ကြွပ်ကြွပ်အိတ် အစားထိုးအိတ်များ ဈေးနှုန်းမြင့်တက်နေ

E-mail Print

ကြွပ်ကြွပ်အိတ်ကင်းစင်ရေးမြို့အဖြစ် အမိန့်ထုတ်ပြန်ပြီးသည့်နောက် အစားထိုးအိတ်များဈေးနှုန်း မြင့်တက်လာကြောင်း  သိရသည်။

ကြွပ်ကြွပ်အိတ်သုံးစွဲသူများအား အရေးယူမည်ဟု ပြီးခဲ့သော ဇွန်လ၂၁ ရက်နေ့ကမန္တလေးမြို့တော်ဝန် ဗိုလ်မှုးချုပ် ဖုန်းဇော် ဟန်၏ ထုတ်ပြန်ချက်ထွက်လာပြီးသည့်နောက် အစားထိုးသုံးစွဲရမည့် ပလတ်စတစ်အိတ်အကြည်များ၊ တရုတ်နိုင်ငံလုပ် ချည်အိတ်များနှင့် ပလတ်စတစ်ကော်စေ့ ဈေးနှုန်း မြင့်တက်သွားကြောင်းသိရသည်။

“ဒီအမိန့်ထုတ်ကတည်းက ဈေးတက်တာ ၊ တရုတ်ကလာတဲ့ အ၀တ်အိတ် ဆိုဒ်ကြီးတလုံးကို၁၀၀ကျပ်၊ မန္တလေးက တရုတ် ပင်ရင်းမှာ တလုံး ၁၈ ကျပ်ပဲရှိတယ်”ဟု မန္တလေးမြို့ခံက ဧရာဝတီသို့ပြောသည်။

အစားထိုးအသုံးပြုမည့်အိတ်များ ဈေးနှုန်းသည် ယခင် ၅ ကီလိုဂရမ် ပါ အိတ်တထုတ်လျှင် ၈၀၀၀ ကျပ်မှ ယခုအခါ ၁၁၀၀၀ ကျပ်အထိမြင့်တက်သွားပြီး လိုအပ်သောအိတ်များကို တရုတ်ပြည်မှ တင်သွင်းနေရကြောင်းသိရသည်။

“တရုတ်ပြည်က ဒါတွေလိုမှန်းသိတော့ ချက်ချင်းအိတ်တွေကို လုပ်ပြီးသွင်းလာတယ်၊ လုပ်တာကတော့ကောင်းပါတယ်၊ ဒါပေမယ့် အစားထိုးမယ့် စနစ်ကောင်းကောင်းမရှိသေးဘူး”ဟု ထိုမြို့ခံကပြောသည်။

ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရ ကောင်းမွန်သော်လည်း ပံ့ပိုးမှု ၊ ပညာပေးမှု အားနည်းကြောင်း၊ အစားထိုး အိတ်များ ဈေးတက်မှုများရှိကြောင်း၊ အမရပူရနှင့် မန္တလေးမြို့ပတ်ဝန်းကျင်တွင် အသုံးပြုနိုင် သေးကြောင်းသိရသည်။

“ထိုက်သင့်တဲ့ထိရောက်မှုတော့ရှိပါတယ်၊ ဒါပေမယ့် ပံ့ပိုးမှုနည်းသေးတယ်၊ အခုရက်ပိုင်းတော့ စက္ကူအိတ်အညိုတွေကို တော့ အလုံးရေ နှစ်သိန်းလောက်ဖြန့်မယ် လို့တော့ကြားတယ်” ဟု ထိုမြို့ခံကဧရာဝတီသို့ ပြောသည်။

ယခုအခါ ပြန်လည်အသုံးပြုနိုင်သော ပလတ်စတစ်အိတ်များနှင့် စက္ကူအညိုအိတ်များကို အစားထိုးသုံးလာကြောင်းသိ ရသည်။

“အခက်အခဲရှိတာ လက်ဖက်ရည်ဆိုင်တွေပဲ၊ ပါဆယ်ဆိုရင် ချိုင့်ယူလာပါလို့ကြေညာတာရှိသလို၊ ဆိုင်ကြီးတွေကတော့ ချိုင့် တွေကိုလက်ဆောင်ပေးတယ်၊ အစားထိုးအိတ်ကလည်း အရည်အသွေးသိပ်မကောင်းသေးဘူး၊ ရေရှည်အတွက် တော့ ကောင်းတယ်” ဟု ကံ့ကော်မြိုင်စတိုးဆိုင်ကပြောသည်။

မန္တလေးမြို့တော်ဝန်ထုတ်ပြန်ကြေညာချက်ထွက်လာပြီးနောက်တွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများက ပြန်လည်အသုံးပြုနိုင် သော ပလတ်စတစ်အိတ်များကို သိုလှောင်လာကြသည်ဟုသိရသည်။

ကြွပ်ကြွပ်အိတ်များသည်ဈေးသက်သာ၍ ထုတ်ပိုးရန်လွယ်ကူပြီး အသုံးတည့်သောကြောင့်လူအများ အလွယ်တကူ သုံးနေ သော်လည်း အလွယ်တကူစွန့်ပစ်မှုကြောင့် ရေမြောင်းပိတ်ဆို့ခြင်း၊မြေကြီးထဲတွင် နှစ်ပေါင်းများစွာကြာသည်အထိ ဆွေး မြေ့မှုမရှိခြင်း၊ အပူပေးပြီး ပြန်လည် အသုံးပြု (Recycle )မရခြင်းတို့ကြောင့်သဘာဝပတ်ဝန်းကျင်ကို များစွာ ထိခိုက် စေ  သည်။

မန္တလေးမြို့သည် မြန်မာပြည်တွင် ပထမဦးဆုံးကြွပ်ကြွပ်အိတ်ကင်းမဲ့ဇုန် အဖြစ် စတင်လုပ်ဆောင်နေသည့် မြို့ဖြစ်သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်